Tuesday, January 25, 2011

စပိုင်ချစ်သူ အခန်း-၆


နောက်နေ့ မိုးလင်းသည်နှင့် အိမ်ရှေ့မှ ခေါင်းလောင်းတီးသံများကို အဆက်မပြတ်ကို ကြားနေရ၍ မထချင်ပဲ အိပ်ချင်မူးတူးနှင့်ပင် ယိမ်းယိမ်းယိုင်ယိုင် ထလာရသည်။ ခုမှ ၉နာရီပဲ ရှိသေးတယ်၊ တံခါးလာခေါက်ရကောင်းလားဟု ဆဲဆို၍ ထွက်လာသည်။ အိမ်ရှေ့ရောက်တော့ ဆာကေးက အိမ်ရှေ့ခန်း ဆိုဒါပေါ် အခန့်သား သတင်းစာ ထိုင်ဖတ်နေ၍ နည်းနည်း ဒေါသထွက်သွားမိသည်။

ကျွန်တော် ။ ။ ဟေ့ကောင်၊ ဆာကေး မင်းရှိနေရက်နဲ့ ဘာလို့ တံခါး ဖွင့်မပေးတာလဲကွ။ ငါအိပ်ရေးပျက်တယ်ကွ...
ဆာကေး ။ ။ အဲဒီလိုမှ ကိုကြီးနှိုးမှာပေါ့။ မဟုတ်ရင် နှိုးရခက်လွန်းလို့ပါဗျာ...

ဒီကောင်၊ ဆာကေးတော့ ငါလုပ်လိုက်ရဟု ပါးစပ်မှ ပျစ်တောက်ပြောရင်း အိမ်ရှေ့တံခါးကို ဆွဲဖွင့်လိုက်ရာ ဆရာမရွှီ မျက်နှာထက် ရင်ဘတ်ကြီးကို တန်းမြင်လိုက်ရော၊

ကျွန်တော် ။ ။ အမယ်လေးဗျ...
ထအော်၍ အိပ်ငိုက်နေသော မျက်လုံးတောင် ချက်ချင်းကျယ်သွားတော့သည်။

ကျွန်တော် ။ ။ ဟို၊ ခင်များတို့ အိမ်မှားပြီ လာတာနဲ့တူတယ်။ ဂျိမ်း...
အိမ်ရှေ့တံခါးကို အတင်းပြန်တွန်းပိတ်၊ ဆရာမရွှီကလည်း အတင်းဆွဲဖွင့် အားအင် မမျှမတဖြစ်နေတုန်း၊

ကျွန်တော် ။ ။ ဆာကေး၊ မြန်မြန်လာ ကူပေးစမ်းပါ...
ဆာကေး နှေးနေတာနဲ့ ဆရာမရွှီ အတင်းမျက်နှာပြောင် တိုက်ကာ တွန်းဝင်လာတော့သည်။

ဆရာမရွှီ ။ ။ ဟယ်တော် ဒါယမ်ချာအိမ်လား။ အိမ်လေးက သပ်ရပ်လိုက်တာကွယ်။ တပည့်တို့ရေ ၀င်ခဲ့ကြ...

ဆရာမရွှီနောက်မှ ဂင်(အစီအစဉ်ဆွဲသူ)၊ ဂါဂျက်(လက်နက်ဆန်းထွင်သူ)၊ ဟာရု(မထင်ရှားသူ) တို့ သုံးယောက် လိုက်ဝင်လာကြသည်။ ပြီတော့ သူတို့မှာ ပါလာသည့် စက်ပစ္စည်းများကို အိမ်ရှင်ခွင့်ပြုချက်မယူပဲ တပ်ဆင်နေကြသည်။ ကျွန်တော် အိမ်ကိုများ သူတို့ရဲ့ လှိုဝှက်စခန်းများ အောင်းမေ့နေသလား မသိဟု ကြိမ်းဆဲနေမိသည်။ ဆာကေးကလည်း အံ့အားသင့်စွာဖြင့် သူတို့ကို ပြူးကြည့်နေပြီ၊

ဆာကေး ။ ။ ကိုကြီး ဟို၊ ရင်သားကြီးကြီး မိန်းမနဲ့ ဟိုကျောင်းသားတွေက ဘယ်သူတွေလဲ...
ကျွန်တော် ။ ။ သူတို့က ဟို၊ ဟိုလေ...
ဘာပြန်ဖြေရမှန်းမသိ၍ ခေါင်းကုတ်နေပြီမှ မထူးပါဘူး တွေးကာ၊

ကျွန်တော် ။ ။ ငါလည်း တစ်ခါမှ မမြင်ဖူးဘူးကွ။ မင်းရောသိလား...
ဆာကေး ။ ။ မသိလို့ ကိုကြီးကို မေးနေတာပေါ့...
ဟာရုဆိုတဲ့ ယောကျာ်းမကျ၊ မိန်းမမကျတဲ့ မထင်မရှားကောင်ကလည်း ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်နားတွင် ရစ်သီရစ်သီ လာလုပ်ပြီ၊
ဟာရု ။ ။ ယမ်ချာ၊ ခင်များတို့ ညီအစ်ကို နှစ်ယောက်လုံးက လူချောတွေပဲနော်...
ကျွန်တော် စိတ်တို၍ ဟာရုအကျီင်္ကို စောင့်ဆွဲလိုက်ကာ၊

ကျွန်တော် ။ ။ ဟာရု၊ မင်းမှန်မှန်ပြောစမ်း။ မင်းက ယောကျာ်းလား၊ မိန်းမလား...
ဟာရု ။ ။ ကျွန်တော် ယောကျာ်းပါခင်ဗျ...
ယောကျာ်းလေးမို့ ညာပေးလိုက်တာ၊ မဟုတ်လို့ကတော့ကွာဟု တွေးလိုက်ပြီ၊

ကျွန်တော် ။ ။ အေး၊ ဒါဆိုလည်း ငြိမ်ငြိမ်သွားထိုင်နေ...
ဆရာမရွှီ ။ ။ တပည့်တို့ရေ ပြန်ကြရအောင်...
မြန်မြန်ပြန်မှပဲ၊ ကျွန်တော် အိမ်မှာ လာရှုပ်သွားသေးတယ်ဟု တွေးရင်း၊

ကျွန်တော် ။ ။ ခုလို လာလည်တာ ကျေးဇူးတင်လိုက်တာ ခင်ဗျာ...
ဆရာမရွှီ ။ ။ ကျေးဇူးတင် မစောနေနဲ့ မင်းကို လာခေါ်တာ...
ကျွန်တော် ။ ။ မလိုက်ဘူး...
ဆရာမရွှီ ။ ။ ဘယ်ရပါ့မလဲ...
ကျွန်တော် လည်ပင်းကို သိုင်းဖက်ကာ အတင်းဆွဲခေါ် သွားတော့သည်။ ဘာမှ နားမလည်ပဲ အူကြောင်ကြောင်ဖြင့် ကျန်ခဲ့သော ဆာကေးက၊

ဆာကေး ။ ။ ကိုကြီး ဒါဘယ်သွားဖို့လဲ။ ကျွန်တော်လည်း လိုက်မယ်လေ...
ကျွန်တော် ။ ။ ဆာကေး ခဏနေမှ ငါပြန်မရောက်လာရင်၊ မင်းရဲတိုင်လိုက်တော့...

ပြန်အော်ကာ စပိုင်လူငယ်အဖွဲ့ကားနဲ့ လိုက်ပါသွားတော့သည်။ ကားပေါ်လည်း ရောက်ရော မီနိုကို တွေ့လိုက်သည်နှင့် ပျော်ရွှင်စွာ လိုက်သွားတော့သည်။ လှိုဝှက်စပိုင်အဖွဲ့၏ လှိုဝှက်တည်ဆောက်ထားသော စတူဒီယိုတစ်ခုရှေ့တွင် ကားကို ရပ်လိုက်ပြီ၊

ဆရာမရွှီ ။ ။ အားလုံး ဆင်းခဲ့ကြ...
ကျွန်တော်တို့အားလုံး ဆရာမရွှီနောက်မှ လိုက်ပါသွားကြတော့သည်။ အစည်အဝေးခန်းမတစ်ခုထဲ ၀င်ထိုင်လိုက်ကြပြီ၊

ဆရာမရွှီ ။ ။ အားလုံးကို ဆရာမခုပြောမှာတွေက အရမ်းကို အရေးကြီးတာမို့ မင်းတို့လေးတွေကို သေသေချာချာ နားထောင်စေချင်တယ်ကွယ်...
ကျွန်တော် ။ ။ ၀ါးဝါးဝါး၊ ပျင်းဖို့ကောင်းလိုက်တာ...
လက်ကို အပေါ်သို့ ဆန့်လိုက်သေးသည်။ ဆရာမရွှီ စိတ်ဆိုးသော မျက်နှာထားဖြင့် ကျွန်တော်နားသို့ တဖြည်းဖြည်းကပ်လာပြီ၊

ဆရာမရွှီ ။ ။ မင်း ငါကို မထီမဲ့မြင်လုပ်ချင်အုန်း။ ဒိန်ညောင်...
သူမနဲ့ အဝေးကို ကန်ထုတ်လိုက်တော့သည်။

ဆရာမရွှီ ။ ။ ဒီနေ့ စပိုင်လုပ်ငန်းစဉ်က ဒီကျောက်စိမ်းစမူဆာ ကိစ္စနဲ့ ပတ်သက်နေတယ်...
ကျောက်စိမ်းစမူဆာကို မြင်လိုက်သည်နှင့် ကျွန်တော်ကို အပြစ်ပြောမှာ စိုး၍ မသိချင်ယောင်ဆောင်နေမိသည်။

ဆရာမရွှီ ။ ။ ကျောက်စိမ်းစမူဆာက ဆူဇူကီရဲ့ စပိုင်အမှတ်တံဆိပ် အတု၊အစစ် ဟုတ်မဟုတ်ကို ဆရာမက စုံစမ်းပေးမယ်။ ဆူဇူကီဆီက အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ပြန်ရဖို့ရယ်၊ ဆူဇူကီကို ဖမ်းဖို့ ကိစ္စတွေကိုတော့ မင်းတို့လေးတွေဲ တာဝန်ပဲကွယ်...
သူကတော့ အရမ်းလွယ်တဲ့ တာဝန်ယူပြီ ငါတို့ကိုတော့ ကြီးလေးတဲ့ တာဝန်ပေးတယ် ဆရာမရွှီ ရင်သားကြီးလောက် လူကလည်း မတရားဘူးဟု စိတ်ထဲမှ တွေးနေမိသည်။

ဆရာမရွှီ ။ ။ ခုလုပ်ငန်းစဉ်တွေ ရှင်းပြပြီပြီ ဆိုတော့ကွယ်။ မင်းတို့ လူငယ်စပိုင်အဖွဲ့ထဲက ယာယီခေါင်းဆောင်ကတော့...
ဟင်းဟင်း၊ ခေါင်းဆောင် ရွေးမယ်ဆိုရင် ကျွန်တော် မဟုတ်ရင် မီနို(သို့) ဂင်ပဲ ဖြစ်မှာပေါ့ဟု တွေးသဘောကျနေတုန်း၊

ဆရာမရွှီ ။ ။ ခေါင်းဆောင်က (မထင်မရှား) ဟာရု ပဲဖြစ်ပါတယ်...
ကျွန်တော် ။ ။ ဘာ၊ မဖြစ်နိုင်ဘူး။ ဟာရုကို ငပိန်းကောင်ကို ခေါင်းဆောင်တင်တာ လုံးဝ မတရားဘူး။ ကန့်ကွက်တယ်...
ကျန်တဲ့သူတွေ တစ်ယောက်မှ မကန့်ကွက်သော်လည်း ကျွန်တော်ကတော့ အကြီးအကျယ် ကန့်ကွက်တော့သည်။

ဆရာမရွှီ ။ ။ ဒါဆိုလည်း နောက်တစ်ယောက်ကို ခေါင်းဆောင် ပြောင်းစဉ်းစား ပေးရတာပေါ့ကွယ်။ (အမ်နီမာ) ယမ်ချာ ဆိုရင်ရော ဘယ်သူတွေ ကန့်ကွက်ချင်ကြသလဲ...
ကျွန်တော်ကလည်း လွှဲလို့ အားလုံးက ပြိုင်တူ လက်ဝိုင်းထောင် လိုက်ပြီ၊
ဂင် ။ ။ ဟာရုတောင် ခေါင်းဆောင် မဖြစ်နိုင်ရင်၊ ယမ်ချာက ပိုလို့တောင် မဖြစ်နိုင်ပါဘူး...
ဂါဂျက် ။ ။ စက်ရုပ်ရဲ့ အိုင်ကျူတွက်ချက်အရ ပြောရရင် ယမ်ချာက အိုင်ကျူ ၄၀% ပဲရှိပါတယ်။ ဒါကြောင့် လုံးဝ ကန့်ကွက်ပါတယ်...
ဟာရု ။ ။ ကျွန်တော်ကို သူကန့်ကွက်လို့၊ ကျွန်တော်လည်း သူကို ပြန်လည် ကန့်ကွက်ပါတယ်...
ကျွန်တော် ။ ။ ကိန်၊ ကိန်...

ကျွန်တော် ဘက်ကလိုက်ပြောပေးအောင် မီနိုမျက်နှာကို လှမ်းကြည့်လိုက်သည်။ မီနိုကို မျက်နှာကို အောက်ငုတ်လိုက်ပြီ လက်ထောင်၍၊

မီနို ။ ။ မီနိုလည်း ကန့်ကွက်ပါတယ်...
ကျွန်တော် ။ ။ ကိန်...
မီနို ။ ။ ယမ်ချာက အတွေ့အကြုံမရှိသေးတာမို့၊ သူကို မီနို ၀န်မပိစေချင်ပါဘူး...
မီနိုပါးလေး နီရဲကာ ရှက်ရှက်ဖြင့် မျက်နှာလေးကို အတင်းငုတ်ထားတော့သည်။ ဟီး၊ ဟီး၊ ဒီလိုဆိုတော့လည်း မီနိုက ကျွန်တော်ကို မုန်းမလို့ မဟုတ်ပဲ၊ စိတ်ပူလို့ပဲ တွေးမိ၍ ပျော်သွားမိသည်။

ဆရာမရွှီ ။ ။ မင်းတို့လေးတွေ အားလုံး ကန့်ကွက်တဲ့ ယမ်ချာကိုပဲ ခေါင်းဆောင် ရွေးချယ်လိုက်ပါတယ်...
အားလုံး ။ ။ ကိန်၊ ကိန်...
ဆရာမရွှီ ။ ။ ယမ်ချာက ကျောက်စိမ်းစမူဆာနဲ့ ပတ်သက်ပြီ အသေးစိတ်သိတဲ့ တစ်ဦးတည်းသော သူဖြစ်နေလို့ပါကွယ်။ ခေါင်းဆောင်လည်း ရွေးချယ်ပြီပြီ ဆိုတော့ မင်းတို့ခေါင်းဆောင်ယမ်ချာ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ဆက်ဆွေးနွေးပါလိမ့်မယ်။ ဆရာမကတော့ ခေါင်းလျှော်ကို ချိန်းထားလို့ သွားလိုက်အုန်းမယ်ကွယ်....
ကော့ကော့လေး ဆရာမရွှီထွက်သွားလေတော့သည်။ သူကတော့ ထွက်သွားပြီ နောက်ဆုံး ကျွန်တော် ခေါင်းပုံ လွှဲချခဲ့တာ မတရားဘူး၊ ဆာကေးရေ ကိုကြီးကို ကယ်ပါအုန်း၊ ဟိဟိဟိ ငိုကြွေးနေတော့သည်။ ကျန်တဲ့သူတွေ အားလုံးအကြည့်သည် ကျွန်တော်ဆီသို့ ဦးတည်နေကြ၍ ကျွန်တော် အကျပ်အတည်း ရောက်နေတော့သည်။ ကြံရာ မရတဲ့အဆုံး ကျွန်တော် အားလုံးရဲ့ ရှေ့ဆုံးနေရာတွင် သွားရပ်လိုက်ပြီ၊

ကျွန်တော် ။ ။ ဒီနေ့ ဆွေးနွေးတာ ဒီမှာတင် ပြီပါပြီ။ အားလုံး ပြန်ပြီ အိမ်မှာ ပြန်အိပ်နိုင်ပါပြီ။ ၀ါးဝါးဝါး၊ အိပ်ငိုက်လိုက်တာ...
အားလုံး ။ ။ ဒုံး၊ ဒိန်း၊ ဒိုင်း၊ ခွက်...
သူတို့ဘေးမှာ တွေ့ရာပစ္စည်းများဖြင့် ကျွန်တော် ၀ိုင်းကောက်ပေါက် ကြပြီ၊

အားလုံး ။ ။ ယမ်ချာကို ဖြုတ်။ ယမ်ချာကို ဖြုတ်...
အော်ဟစ်ကြသေးသည်။ အမယ်လေးဗျ၊ ခေါင်းဆောင် လုပ်ရတာလည်း မလွယ်ပါ့လားနော်။ ဂင်က ဒေါသထွက်သော မျက်နှာဖြင့်၊

ဂင် ။ ။ ဟေ့ကောင်၊ ယမ်ချာ ခေါင်းဆောင်ဆိုတာ ဘယ်လိုမျိုးလဲ မင်းကို ငါနမူနာ လုပ်ပြမယ်။ မင်းသေသေချာချာ ကြည့်ထား...
ပြောကာ ကျွန်တော်ကိုတွန်းထုတ်၍ ရှေ့သို့ ထွက်လာသည်။ ဆူဇူကီ လွန်ခဲ့တဲ့ အနှစ် ၂၀ခန့်က ဓာတ်ပုံကြီးကို အားလုံးမြင်သာမယ့် နံရံတွင် ချိတ်ဆွဲလိုက်ပြီ၊

ဂင် ။ ။ ခုကျွန်ုပ်တို့ လိုက်ရမယ့်သူကတော့ ဒီဆူဇူကီ ဆိုတဲ့လူပဲ...
ဆူဇူကီဆိုတဲ့ လူက အရပ်ရှည်ရှည်၊ ရုပ်ရည်က အတော်လေးကို တည်ကြည်ခန့်ညားလှသည်။ သူမျက်လုံးတွေကလည်း အလွန် စူးရှလွန်းလို့ အပြင်မှာ တွေ့ရင် စိုက်ကြည့်ဖို့တောင် ၀န်လေးမိမှာ အမှန်ပေ။ ဆူဇူကီဆိုတဲ့လူက အရမ်းကိုထူးချွန်သည့် စပိုင်တစ်ဦး ဖြစ်ခဲ့သည်ဆိုတာ နည်းနည်းလေးမှ ယုံမှားစရာ အကြောင်း မရှိနိုင်ပေ။

ဂင် ။ ။ ဆူဇူကီက အရမ်းကိုတော်တဲ့ စပိုင်တစ်ဦး ဖြစ်တာမို့ သတိဝိရိယအားလုံးကို ရှိစေချင်တယ်။ ဆူဇူကီကို ဖမ်းဆီးဖို့နဲ့ ပတ်သက်ပြီ ကျွန်ုပ် အားလုံးကို တာဝန်ခွဲပေးမယ်။ ဂါဂျက်က ဖောက်ထွင်းရေးနဲ့ ပတ်သက်ပြီ လက်နက်ဆန်းတွေကို တာဝန်ယူပါ။ ဟာရုက ဆူဇူကီ ရှိနိုင်မယ့်နေရာအားလုံးကို ၀င်ပြီ ထောက်လှမ်း။ မီနိုက တိုက်ခိုက်ဖို့ လိုအပ်လာပြီ ဆိုရင် အဆင့်သင့်ဖြစ်ဖို့ အသင့်ရှိထား။ ယမ်ချာက...
ကျွန်တော် နံမည်ရောက်မှ ပြောလက်စ စကားကို ရပ်ပြီ ကျွန်တော်ကို မချိုမချဉ်အပြုံးဖြင့် စိုက်ကြည့်လိုက်ပြီ၊

ဂင် ။ ။ အယ်၊ ယမ်ချာက ဘာမှမသုံးမ၀င်ဘူး...
ကျွန်တော် ။ ။ ကိန်...
ဒါကျွန်တော်ကို သက်သက်စော်ကားတာပဲ၊ ကျွန်တော်မပါရင် သူတို့ ဆူဇူကီဆိုတဲ့လူရဲ့ နောက်ကို လိုက်ဖို့ ဇင်းမြစ်ကို ဘယ်လိုမှ သိနိုင်မှာ မဟုတ်ပေ။ ဂင်ဆိုတဲ့ ကောင် ခုလည်း ရှင်းပြတာ မီနိုကိုပဲ ကြည့်နေတယ်၊ ဒီကောင်တော့ နည်းနည်း ပညာတော့ပြဖို့ လိုပြီနဲ့တူတယ်ဟု တွေးလိုက်တာ ဟာရုနားသို့ ချဉ်းကပ်လိုက်ပြီ၊

ကျွန်တော် ။ ။ ဟာရု၊ ဒါ ငါဆွဲထားတဲ့ အစီအစဉ်ကားချပ်အလိပ်။ အဲဒါ ငါကိုယ်တိုင် ဂင်ကို သွားပေးရင် သူက ယူမှာမဟုတ်ဘူး။ မင်းပေးတယ်ဆိုရင် မင်းကို အထင်ကြီးတော့ ယူမှာကွ။ ပြီတော့ ဒီကားချပ်က ဆူဇူကီဖမ်းဖို့ အရမ်းအရေးကြီးနေတော့...
ဟာရု ။ ။ ရပါတယ် ကျွန်တော် ပေးပေးပါ့မယ်...
ကျွန်တော်ပေးလိုက်သော ကားချပ်အလိပ်ကို ယူကာ ဂင်ဆီသို့ တန်းတန်းကြီး ထွက်သွားတော့သည်။ ကျွန်တော် စိတ်ထဲမှာ ယုတ်မာသောအပြုံးဖြင့် ပြုံးကာ စောင့်ကြည့်နေသည်။

ဟာရု ။ ။ ဂင်၊ ဒါ အမ်၊ ကျွန်တော်ဆွဲထားသော အစီအစဉ်ကားချပ်...
ဂင် ။ ။ ဘယ်ဆိုးလို့လဲ ဟာရုက ဒီလိုလည်း အသုံးဝင်သားပဲ...
ဂင် ကားချပ်ကို ဖွင့်လည်းကြည့်လိုက်ရော ကားချပ်က မိန်းမ ကိုယ်အ၀တ်မပါတဲ့ ပုံကြီးလည်း ဖြစ်နေရော အာမေဋိတ်အသံဖြင့်၊

ဂင် ။ ။ ဟာရု၊ မင်းငါကို လုပ်ကြံတယ်...
ဟာရု ။ ။ မဟုတ်ဘူး။ အဲဒါ ယမ်ချာ...
စကားလည်းအဆုံး ဂင်နှာခေါင်းကြီး တစ်ခုလုံးနီရဲကာ ပွတက်လာပြီ သွေးတွေ ဖြန်းထွက်လာတာ ဟာရုတကိုယ်လုံး ပေကျန်ကုန်တော့သည်။ ကျွန်တော်လည်း ဗိုက်ကို နှိပ်ပြီ၊

ကျွန်တော် ။ ။ ဟားဟားဟား။ ရယ်ရတယ်။ ဂင်၊ မင်းဒီပုံနဲ့ ခေါင်းဆောင် လုပ်ချင်လို့ မရပါဘူးကွာ။ ပြန်ဖယ်စမ်းပါ...
ဂင်ကို တွန်းဖယ်၍ ကျွန်တော်နေရာကို ပြန်ယူလိုက်သည်။ မီနိုကလွှဲလို့ ကျန်တဲ့သူတွေ အားလုံးက ကျွန်တော်ကို အမြင်သိပ်မကြည်ကြချေ။ ကျွန်တော် အိတ်ကပ်ထဲမှ အလွန်ကြီးမားသော ၁လက်မအရွယ် ဓာတ်ပုံတစ်ပုံထုတ်လိုက်ပြီ၊

ကျွန်တော် ။ ။ ဒီဓာတ်ပုံထဲက လူက ဆူဇူကီကို ဖမ်းဖို့အတွက် အရေးကြီးဆုံးလူပဲ။ သူမျက်နှာကို သေသေချာချာ ကြည့်ထားကြ...
ဓာတ်ပုံကို အားလုံး မျက်လုံးနားသို့ ကပ်၍ လိုက်ပြတော့သည်။

ကျွန်တော် ။ ။ ဒီလူက အရမ်းအန္တာရာယ်လည်း များတယ်။ သူနံမည်က ဖက်တီး၊ တတိယနှစ် အင်္ဂလိပ်စာမေဂျာ ကျောင်းသား။ ဆူဇူကီရဲ့ တဦးတည်းသော အမွေဆက်ဆံမယ့် မြေးပဲ...
အားလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။ ဖက်တီး၊ ဖက်တီး မင်းကို အခွင့်ရတုန်း ပညာလေးတော့ ပြန်ပေးအုန်းမှဟု တွေးရယ်လိုက်သေးသည်။ ပြီတော့ ကျွန်တော်လည်း မီနိုရှေ့မှာ ဂင်ထက် အမှတ်ရနိုင်သမျှ ရအောင် အစွမ်းပြတော့သည်။

ကျွန်တော် ။ ။ ခုဒါကြောင့် ကျွန်တော်တို့ အရင်ဆုံးလုပ်ရမှာက ဖက်တီးဆိုတဲ့ လူဆိုးဆူဇူကီရဲ့ မြေးကို အမိအရဖမ်း၊ ပြီရင် သူဆီက ဆူဇူကီရဲ့ သတင်းအချက်အလက်တွေ မရရအောင် ညစ်ထုတ်။ နောက်ဆုံးမှ ဆူဇူကီကို ဖမ်း။ ကဲ၊ အားလုံး လုပ်ငန်းစလိုက်ရအောင်...
မိန့်ခွန်းပြီသည်နှင့် အားလုံး လက်ဝါးကို ဖြန်းခနဲမြည်အောင် ၀ိုင်းဘြဘာပေးပြီ ဖက်တီးကို ဖမ်းဆီးရန် ဖက်တီးနေအိမ်သို့ ကျွန်တော်တို့ တိတ်တဆိတ် လှိုဝှက်စွာ ထွက်ခွာလာခဲ့ကြသည်။

------------------------------------------------------------
ဆက်ရန်

1 comment:

  1. ချော (အစိမ်းရောင်လွင်ပြင်)January 25, 2011 at 11:39 AM

    ဖတ်သွားပြီ
    ဒိုင်ညောင်း)
    အခန်းဆက်ကိုမျှော်နေဦးမည်။

    ReplyDelete