Monday, January 31, 2011

စပိုင်ချစ်သူ အခန်း-၇




ဖက်တီးအိမ်သို့ ကျွန်တော်တို့မသွားပဲ၊ ဖက်တီးကို လာဆမ်နီယားဆိုင်နားသို့ မြှားထုတ်ရန် ကျွန်တော် အကြံရသည်နှင့် ဖက်တီးကိုဖုန်းဆက်လိုက်သည်။

ကျွန်တော် ။ ။ ဖက်တီး၊ မင်းကို သတင်းကောင်းပြောစရာ ရှိလို့ ဖုန်းဆက်လိုက်တာ...
ဖက်တီး ။ ။ သတင်းကောင်းဆို ကြိုက်တယ်၊ ဘာများလဲ...
ကျွန်တော် ။ ။ ကောင်မလေး ချောချောလေးတစ်ယောက် ငါခု လာဆမ်နီယားဆိုင်မှာ မုန့်သွားစားရင်း တွေ့တယ်ကွ။ မင်း ကြိုက်မှာ သေချာတယ်ကွာ။ အဲဒါ မင်းနဲ့တောင် မိတ်ဆက်ပေးမယ်လို့ သူကိုတောင် ပြောထားသေးတယ်။ အဲဒါ မင်းအားရင် လာဆမ်နီယားဆိုင်ကို ခုလာခဲ့ပါလား...
ဖက်တီးက ၀မ်းသာလုံးစို့သွားတဲ့ အသံကြီးနဲ့၊

ဖက်တီး ။ ။ ကောင်မလေးက ပိန်ရဲ့လားကွ...
ကျွန်တော် ။ ။ ပိန်တာမှ ၀ါးလုံးတောင် သူကို အရှုံးပေးရမယ်။ လာမှာလား...
ဖက်တီး ။ ။ လာမှာပေါ့ကွ။ ဒီလိုအခွင့်အရေးမျိုး လက်လွှတ်ခံစရာလား။ ၃မိနစ်ပဲစောင့်...

ပြောကာ ပျော်ရွှင်စွာ ဖုန်းချသွားတော့သည်။ ဖက်တီး လာမည့်လမ်းတွင် ကျွန်တော်တို့ အသင့်သွားစောင့်ကာ ဖက်တီးမလာခင် လုပ်ဆောင်ရမည့်အချက်တွေကို မိန့်ခွန်းခွေတော့သည်။

ကျွန်တော် ။ ။ ဖက်တီးလာတာနဲ့ ဂင်နဲ့ဟာရုက မျက်နှာဖုံးအုပ်ပြီ သုံးလေးချက်လောက် နားပန်းကျင်းပြီ ကားထဲကို ချက်ချင်းဆွဲထည့်လိုက်။ တခြားသူတွေ မြင်သွားလို့ မဖြစ်ဘူး။ ဂါဂျက်က သူမေးတာ မဖြေရင်၊ နှိပ်စက်ဖို့ လက်နက်၊ စက်ကိရိယာတွေ အားလုံး အသင့်ထုတ်ထား။ မီနိုကတော့ လိုအပ်ရင် ၀င်ပြီ တုတ်နဲ့ တချက်နှစ်ချက်လောက် ၀င်စော်ပေး။ ကျွန်တော်က သူကို စစ်မေးတာ တာဝန်ယူမယ်၊ စစ်မေးလို့ ကောင်းကောင်းမွန်မွန် မဖြေရင် ဖက်တီးကို အပြတ်ရှင်းပစ်မယ်...
မီနို ရှက်ကိုးရှက်ကန်းဖြင့် ကျွန်တော်နားသို့ကပ်လာပြီ၊

မီနို ။ ။ ယမ်ချာ၊ ဖက်တီးက နင်နဲ့ငယ်သူငယ်ချင်းတွေလေ နည်းနည်းပါးပါး ညှာညှာတာတာ လုပ်လို့ မရဘူးလား...
ကျွန်တော် ။ ။ မရပါဘူး။ စပိုင်အလုပ်မှာ ဆွေးမျိုး၊ မိတ်ဆွေ မရှိဘူး။ အလုပ်နဲ့ ပတ်သက်လာလို့ကတော့ ငါဘယ်သူကိုမှ မညှာနိုင်ဘူး...
သူများတွေ အထင်ကြီးသွားအောင် တမင် လေလုံးတွေကြွားပြီ ပြောနေတော့သည်။ သူကို ဖမ်းရင် ဖြစ်သွားမယ့် ဖက်တီးမျက်နှာကြီးကို တွေးရင်း ပြုံးနေမိသည်။ ခဏနေတော့ ရှိုးမိုးအပြည့်ဖြင့် ဖက်တီးတစ်ယောက်ထဲ ကျွန်တော်တို့ တွက်ထားသည့်အတိုင်း ရောက်ချလာတော့သည်။ ကျွန်တော် အချက်ပေးလိုက်သည်နှင့် ဂင်နဲ့ဟာရုတို့နှစ်ယောက် ဖက်တီးကို ၀ိုင်းတုတ်ပြီ မျက်နှာဖုံးအုပ်၍ ကားထဲသို့ ပစ်သွင်းလိုက်ကြသည်။

ဖက်တီး ။ ။ ကျွန်တော်ကို အသက်ချမ်းသာ ပေးပါဗျာ။ ကျွန်တော် ရှိတာ အားလုံး ပေးပါ့မယ်...
ဖက်တီး မျက်နှာဖုံးစွပ်ပေးထား၍ ကျွန်တော်ကို မမြင်ရသည်ကို အခွင့်ကောင်းယူကာ အသံကိုဖြတ်၍၊

ကျွန်တော် ။ ။ ဟေ့ကောင်၊ မင်းနံမည် ဖက်တီး ဟုတ်တယ်မလား...
ဖက်တီး ။ ။ ဟုတ်၊ ဟုတ်ပါတယ်ဗျ...
ကျွန်တော် ။ ။ အေး မင်း၊ ကျောက်စိမ်းစမူဆာနဲ့ ပတ်သက်ပြီ ဘာတွေ သိထားလဲ။ သိထားတာ အကုန်ပြောပြကွာ။ ထိန်ချန်ထားလို့ကတော့ မင်းလျှာကို ဖြတ်ပစ်မယ်...
ဖက်တီး ။ ။ ကျောက်စိမ်းစမူဆာကို ခုမှ ကျွန်တော် ကြားဖူးတာပါဗျာ။ ဘာမှ မသိရပါဘူး...
ဂါဂျက် ကျွန်တော်မျက်နှာကို တစ်ချက် လှမ်းကြည့်လိုက်သည်။ စက်ရုပ်ကနေ ဖက်တီးလိမ်နေကြောင်း အချက်ပြနေ၍ ဖြစ်သည်။

ကျွန်တော် ။ ။ မင်းလိမ်တယ်ပေါ့လေ။ မှတ်သွားအောင် တစ်ချက်၊ ခွက်...
ဖက်တီး ။ ။ အမယ်လေး ကြောက်ပါပြီဗျ။ ကျောက်စိမ်းစမူဆာကို ကျွန်တော်သူငယ်ချင်း ယမ်ချာကို ဌါးလိုက်ပါတယ်။ မယုံရင် ယမ်ချာကို သွားမေးကြည့်ကြပါ...
ဖက်တီးရဲ့ စကားလည်း ဆုံးရော၊ အားလုံးရဲ့ အကြည့်သည် ကျွန်တော်ဆီသို့ ဦးတည်လာကြသည်။

ကျွန်တော် ။ ။ မင်းလိမ်မနေနဲ့။ သူကို မင်းအဆောင်ဆိုပြီ လိမ်ဌါးလိုက်တာက အစ ငါအားလုံး သိတယ်ကွ။ ငါခုသိချင်တာကွ၊ မင်း ကျောက်စိမ်းစမူဆာကို ဘယ်က ရလာတယ်ဆိုတာကိုပဲ သိချင်တာ...
ဖက်တီး ။ ။ ကျွန်တော် အဖိုးဆီက ခိုးလာတာပါဗျ။ သူဆီသွားလည်တုန်းက...
ကျွန်တော် ။ ။ တော်ပြီ၊ သူဘယ်မှာနေလဲ။ ဘာလုပ်လည်း အစက အားလုံးပြောစမ်း...
ဖက်တီး ။ ။ .x.x.x.x.x.x.x.x.x.x.x.x.x.x.x.x.x...

ဆူဇူကီနဲ့ ပတ်သက်ပြီ ဖက်တီးဆီမှ အကုန်နှိုက်ချွတ် စစ်မေးပြီနောက်၊

ဂင် ။ ။ ဒီကောင် ငါတို့ကို မှိတ်မိနေရင် မလွယ်ဘူး။ ဒုက္ခပြန်ပေးနိုင်တယ် ပြောထားတဲ့ အတိုင်း ရှင်းလိုက်ရအောင်...
ကျွန်တော် ။ ။ ရှင်းဖို့ မလိုပါဘူး။ ဒီကောင် ငါတို့ ဘယ်သူလဲ ဆိုတာ သိမှမသိပဲ။ ဒီအတိုင်း မျက်နှာဖုံးစွတ် ကြိုးချည်ပြီ လမ်းမှာ ချခဲ့လိုက်တာ ပိုကောင်းပါတယ်...
ဖက်တီးကို နားပန်း ၃၊ ၄ချက်လောက် အခွင့်အရေးရတုန်း ပညာပေးလိုက်ပြီ ကားပေါ်က ကန်ချခဲ့သည်။ ကျွန်တော်တို့ ကားလည်း ထွက်သွားရော၊ ဖက်တီးက လမ်းဘေးမှာ ခုန်ဆွခုန်ဆွဖြင့်၊

ဖက်တီး ။ ။ ယမ်ချာ၊ ငါမင်းကို ဒီတသက် မကျေဘူးကွ။ ယမ်ချာ မင်းကို အသေသတ်မယ်...
အော်ဟစ်မှ ဒီကောင် ဖက်တီး၊ ငါဒီလောက် အသံဖြတ်ထားတာကို မှတ်မိဖြစ်အောင် မှတ်မိသေးတယ်ဟု စိတ်ထဲမှ ကြိမ်းဆဲလိုက်ပြီ၊

ဂင် ။ ။ ခင်များ ပြောတော့ သူက ခင်ဗျာကို မမှိတ်မိနိုင်ဘူးဆို။ ခုဘယ်လိုလုပ်မလဲ...
ကျွန်တော် ။ ။ ဟဲဟဲဟဲ၊ သူက ထင်ကြေးနဲ့ အော်နေတာ နေမှာပါဗျာ...
ဂါဂျက် ။ ။ အင်း... စက်ရုပ်တွက်ချက် အရဆိုရင် ဖက်တီးက ၁၀၀ရာခိုင်နှုန်း ယမ်ချာကို မှတ်မိသားပဲ...
ကျွန်တော် ။ ။ ကိန်၊ ကိန်...
ဖက်တီးပြောပြချက်အရဆိုရင် ဆူဇူကီ နေတဲ့နေရာကို ကားဖြင့်သွားလျှင် နာဂိုယာမှ လမ်းမှာတင် တစ်ရက်လောက်ပင် အချိန်ကုန်ဆုံးသွားနိုင်သည်။ ဒါကြောင့် ကားဖြင့် မသွားပဲ၊ ကျွန်တော်တို့ စပိုင်တွေသုံးသည့် မြေအောက်ဒုံးကျဉ်ရထားဖြင့် သွားလျှင် စက္ကန့်ပိုင်းအတွင်းပင် ရောက်သွားနိုင်သည်။ ဒါကြောင့် မြေအောက်ဒုံးကျဉ်ရထားဖြင့် ဆူဇူကီရှိရာ နေရာသို့ ထွက်ခွာလာကြသည်။ ဆူဇူကီစခန်းနားရောက်တော့ ဒုံးကျဉ်ရထားပေါ်မှ ဆင်းပြီ တစ်နေရာတွင် စခန်းချလိုက်ကြသည်။

ကျွန်တော် ။ ။ ဂင်၊ မင်းက အစီအစဉ်ဆွဲတဲ့သူဆိုတော့ ဘယ်လို ဆူဇူကီစခန်းကို ဖောက်ဝင်မယ်၊ သတင်းအချက်အလက်တွေကို အရယူမယ် တာတွေကို တာဝန်ယူပြီ ပြောပြလိုက်...

ကျွန်တော် ဆရာကြီးစတိုင်ဖြင့် မီနိုဘေးမှာ ညာတာပါတေး သွားထိုင်ကာ ဂင်ရှင်းပြသည်ကို မှိတ်မှိတ်ကြီး နားထောင်နေသည်။ ဂင် သူနှင့်အတူပါလာသော မြေပုံကြီးတစ်ခုကို ချိတ်ဆွဲလိုက်ပြီ၊

ဂင် ။ ။ ဒါခုဆူဇူကီစခန်းရှိတဲ့ နေရာပဲ၊ ခုကျွန်ုပ်တို့ရောက်နေတာက သူနဲ့ ၂မိုင်အကွာမှာပဲ။ ဒီစခန်းက လွန်ခဲ့တဲ့အနှစ် ၃၀ခန့်က "ဒိုဖိုကီဂျုစံ" အမည်ရှိတဲ့ ဓာတုပစ္စည်းထုတ်တဲ့ စက်ရုံပျက်ကြီးတစ်ခုပဲ။ သူထဲကို ဖောက်ဝင်ဖို့ ဆိုလျှင် ၀င်ပေါက် နှစ်နေရာပဲ ရှိတယ်။ ပထမနေရာက အဓိက၀င်ပေါက်ကျယ်ပဲ၊ လျှပ်စစ်ခြံစည်းရိုးတွေကာထားလို့ ၀င်ရခက်ပေမယ့် ဒီနေရာက ၀င်မယ်ဆိုလျှင် အလွယ်အကူဆုံးပဲ။ ဒုတိယ၀င်ပေါက်က စက်ရုံကြီးရဲ့ နောက်ပေါက်ပဲ။ ဒီနောက်ပေါက် ဘေးပတ်ပတ်လည်မှာ တောအုပ်တစ်ခုရှိတယ်။ တောအုပ်ဖြတ်မယ်ပြီ ၀င်မယ်ဆိုရင် မြုပ်ဗုံးတွေ၊ မိုင်းကြိုးတွေနဲ့တွေ့ပြီ အသတ်ပါ ပေါက်သွားနိုင်တယ်။ ဒါကြောင့် ခက်ခဲတယ်လို့ ပြောရမယ်...
ဒုတိယ၀င်ပေါက်က အသက်အန္တာရာယ်ရှိသည်ဟု ကြားလိုက်သည်နှင့် ချက်ချင်း ကြက်သီးမွေညှင်းထပြီ ဆာကေးမျက်နှာကို ပြေးမြင်ယောင်မိသည်။ ကိုကြီးတော့ ဆာကေး၊ မင်းနဲ့ နောက်တခါတွေ့ဖို့ အခွင့်အရေးရှိတော့မယ် မထင်ပါဘူးကွာဟု ငိုကြွေးလျှက်...

ကျွန်တော် ။ ။ ကျွန်တော်နဲ့ မီနိုကတော့ ပထမပေါက်ကပဲ ၀င်မယ်...
မီနိုကိုပါ ကျွန်တော်နဲ့တူတူ အဖော်ညှိုလိုက်သေးသည်။ ဂင် ကျွန်တော်ကို မိုက်ကြည့်တချက်ကြည့်၍ သူရှင်းပြသည်ကို လာနှောင့်ယှက်သည်ဆိုသည့် သဘောမျိုးဖြင့်၊

ဂင် ။ ။ အလွယ်ဆုံးနေရာက အန္တာရာယ်အရှိဆုံးဆိုတာ ခင်ဗျာ နားမလည်ဘူးထင်တယ်။ ခက်ခဲပေမယ့် ကျွန်ုပ်တို့က ဒုတိယ၀င်ပေါက်ကို ရွေးချယ်မယ်။ မိုင်းကြိုးနဲ့ မြေအောက်မြုပ်ဗုံးတွေကို ဂါဂျက်က တာဝန်ယူပြီ ဖြေရှင်းပေးလိမ့်မယ်၊ ခင်များ ဒီအတွက် ဘာမှ မပူနဲ့....

ဂါဂျက်ကို လှမ်းကြည့်လိုက်တော့ ဘောပင်တစ်ချောင်းကို ဂျောက်၊ ဂျောက်၊ ဂျောက် နှိပ်လိုက်၊ ပြန်ပိတ်လိုက်၊ စာအုပ်ထဲမှာ ရေးချလိုက်ဖြင့် အလုပ်ကို ရှုပ်နေတော့သည်။ ကျွန်တော် ဟာရုနားသို့ကပ်၍ တိုးတိုးပြောလိုက်သည်။

ကျွန်တော် ။ ။ ဟာရု၊ မင်းရော ပထမပေါက်ကပဲ ၀င်မယ် မဟုတ်လား...
ဟာရု ။ ။ ဟီးဟီး၊ ကျွန်တော်က ဂင်နောက်ပဲ လိုက်မယ်။ သူက ခင်ဗျာလို မလိမ်တတ်ဘူးဗျ...
ကျွန်တော် ။ ။ ဘာ...
ဟာရု၊ ဒီကောင်တော့လေဟု စိတ်ထဲမှ ကြိမ်းဆဲလိုက်ပြီ၊

ကျွန်တော် ။ ။ မင်းတို့ထဲက မကျေနပ်တဲ့သူ ဒုတိယပေါက်က ၀င်နိုင်တယ်။ ကျွန်တော် နောက်လိုက်ချင်တဲ့သူက လိုက်ခဲ့ကြ...
ကျွန်တော် တစ်ယောက်ထဲ စိတ်ဆိုးဆိုးဖြင့် ထွက်လာခဲ့သည်။ တော်တော်ခြေလှမ်းလှမ်းပြီမှ နောက်လည်း လှည့်ကြည့်လိုက်ရော ကျွန်တော်နောက်တွင် ဘယ်သူမှ မပါလာသဖြင့်၊

ကျွန်တော် ။ ။ ဟေ့၊ ကျွန်တော်ကိုလည်း စောင့်ကြအုန်းလေ၊ ကျွန်တော်လည်း လိုက်မယ်...
အော်ဟစ်ကာ ဂင်တို့စပိုင်အဖွဲ့နောက်သို့ ပြန်ပြေးလိုက်သွားရသည်။ မီနိုက ကျွန်တော်ကို ရယ်ပြသော်လည်း ကျွန်တော် သေချာပြန်မပြုံးနိုင်ဖြစ်နေ၍၊

မီနို ။ ။ ယမ်ချာ၊ နင်နောက်မလိုက်ခဲ့လို့၊ ငါကို စိတ်ကွက်သွားလားဟင်...
ကျွန်တော် စိတ်ထဲမှာတော့ အရမ်းကို စိတ်ဆိုးတယ်။ မီနို နင်ဟုတ်လို့ ငါနောက်မလိုက်ပဲ၊ ဂင်နောက်လိုက်သွားရဲ့တယ် ရက်စက်လှချည်းလား မီနိုရဲ့ဟု စိတ်ထဲတွင် ဆွေ့ဆွေ့ခုန်ပြီ ရန်တွေ့ချင်သော်လည်း အပြင်မှာ သဘောထားကြီးချင် ယောင်ဆောင်ပြီ၊

ကျွန်တော် ။ ။ ဟားဟား၊ ငါသဘောထား အဲဒီလောက် မတင်းတိမ်ပါဘူး။ မီနိုဆိုရင် အပြစ်မမြင်ပြီသားပါဟ၊ ဟဲဟဲဟဲ...
မီနို ။ ။ ဒါကြောင့် ငါလေနင်ကို...
မီနို ပြောမယ့်စကားကို ရပ်သွားပြီ မျက်နှာက ပန်းရောင်ကနေ ရှက်ပြီ နီရဲတက်လာတော့သည်။ မီနိုကို ကြည့်ရင်း ကြည့်ရင်းဖြင့် မီနိုတစ်ကိုယ်လုံး အငွေ့တွေ အားလုံး ဖုံးအုပ်သွား၍ ကျွန်တော် အရမ်းအံ့အားသင့်စွာ ကြည့်နေတုန်း မီနိုကိုယ်ပွားပါ ကွဲထွက်သွားပြီ၊

မီနိုကိုယ်ပွား ။ ။ နင်ဒီလောက် ပထမ၀င်ပေါက်က ၀င်ချင်နေရင် ငါနဲ့လိုက်ခဲ့လာ...
ကျွန်တော် ။ ။ မလိုက်ဘူး။ ဆာကေးဆိုရင် လိုက်ရင်လိုက်မယ်။ ငါတော့ မလိုက်ဘူး။ မီနိုအစစ် ကယ်ပါအုန်း...
အော်ရင်း မီနိုကိုယ်ပွား ဆွဲခေါ်တဲ့နောက်သို့ လိုက်ပါသွားတော့သည်။ မီနိုကိုယ်ပွားက မီနိုနဲ့ ရုပ်ချင်းစွတ်ချွတ်တူတာ လွှဲရင် အမူအရာ၊ အ၀တ်အစားတော့ လုံးဝကို မတူပေ။ မီနိုအစစ် အရမ်းရှက်ပြီ စိတ်လှုပ်ရှားသွားတာမျိုး ဆိုလျှင် သူအလိုအလျောက် ကိုယ်ပွားပါ ကွဲထွက်သွားခြင်း ဖြစ်သည်။ မီနိုနဲ့ယူပြီရင် စိတ်လှုပ်ရှားစရာတစ်ခုမှ ကျွန်တော်လှုပ်လို့ မဖြစ်ဘူးဟု တွေးရင်း မီနိုကိုယ်ပွား ဆွဲခေါ်ရာ နောက်သို့ တန်းတန်းကြီး ပါသွားတော့သည်။ တဖြည်းဖြည်းနဲ့ လျှပ်စစ်ခြံစည်းရိုးတွေ ကာထားသော နေရာသို့ ရောက်လာသည်။ ဆူဇူကီစခန်းနဲ့ နီးလာလျှင် ကျွန်တော်စိတ်ထဲမှာ ကြောက်စိတ်ပိုများလာလေ ဖြစ်နေစဉ် လူတစ်ယောက် ကျွန်တော်နောက်မှ ပခုံးကို ပုတ်လိုက်သဖြင့်၊

ကျွန်တော် ။ ။ အမယ်လေးဗျ၊ ဆူဇူကီ ကြောက်ပါဗျ။ ကျွန်တော်ကို မသတ်ပါနဲ့...
အော်ကာ နောက်လည်း လှည့်ကြည့်လိုက်မှ စပ်ဖြီးဖြီး မျက်နှာဖြင့် ဟာရုဖြစ်နေ၍၊

ကျွန်တော် ။ ။ ဟာရု၊ မင်းလုပ်လိုက်မှဖြင့် အလန့်တကြား။ ငါကိုမယုံရင် ငါနောက်ဘာလို့ လိုက်လာတာလဲ...
ဟာရု ။ ။ ဟဲဟဲ၊ ခင်ဗျာတစ်ယောက်ထဲ စိတ်မချတာနဲ့ ဂင်ဆီက ခွင့်တောင်းပြီ လိုက်တာပါဗျ...
ကျွန်တော် ။ ။ မလိုပါဘူး...
ပါးစပ်က ပြောလိုက်သော်လည်း ကျွန်တော် စိတ်ထဲမှာတော့ ဟာရုပါလာ၍ ပို၍ အားတက်လာမိသည်။ ဟာရုက ဒီလုပ်ငန်းနဲ့ပတ်သက်ပြီ ရန်သူစခန်းဖောက်ဝင်ဖို့ ကျွမ်းကျင်သူ ပီပီ လျှပ်စစ်ခြံစည်းရိုးကို ဂါဂျက်ပေးလိုက်သော လက်နက်ဆန်းကို အသုံးချပြီ အသာလေးဖျက်ပြီ ဖောက်ဝင်သွားသည်ကို ကြက်သေသေကာ ကျွန်တော် ငေးကြည့်နေမိ၍၊

ဟာရု ။ ။ ယမ်ချာ ဘာလုပ်နေတာလဲ၊ မြန်မြန်ဝင်ခဲ့လေ။ မီနိုကိုယ်ပွားက ထွက်သွားပြီ၊ ကျွန်တော်တို့ မမှီပဲ နေအုန်းမယ်...
ကျွန်တော် ။ ။ အေး...
ဟာရုနဲ့ကျွန်တော် ပထမအဆင့် လျှပ်စစ်ခြံစည်းရိုးကနေ ၀င်ရောက် လာကြတော့သည်။ မီနိုကိုယ်ပွားနဲ့ စက်ရုံထဲသို့ဝင်ရန် အဓိက၀င်ပေါက်တံခါးနားမှ ပြန်ဆုံကြသည်။ မီနိုကိုယ်ပွားက တံခါးကို အားဖြင့် ခြေထောက်ဖြင့် ကန်၊ ကိုယ်နဲ့တိုက်နေပြီ၊

မီနိုကိုယ်ပွား ။ ။ ဒီတံခါးအဆွေးကို ငါဘာလို့ ဖွင့်မရတာလဲ၊ ယားယားယား...
ထပ်ခါထပ်ခါ တိုက်နေတော့သည်။ တံခါးကို ကြည့်လိုက်တော့ လှိုဝှက်နံပါတ်တစ်ခုနှင့်  လှိုဝှက်သော့တစ်ခုဖြင့် နှစ်ထပ်သာ ခတ်ထား၍၊

ကျွန်တော် ။ ။ မီနိုကိုယ်ပွား၊ ဒီတံခါးဖွင့်တဲ့ကိစ္စ ကျွန်တော်ကြည့်လုပ်လိုက်ပါ့မယ်...
မီနိုကိုယ်ပွား ။ ။ ငါက ကိုယ်ပွားမဟုတ်ဘူးဟဲ့၊ မီနိုအစစ်က အသုံးမကျလွန်းလို့ သူကို ၀င်ကူပေးနေတာ၊ ငါကမှ အစစ်ဖြစ်သင့်တာဆိုတာ မင်းမြဲမြဲမှတ်ထား...
ပြောကာ စိတ်ဆိုးဆိုးဖြင့် ဘေးမှာ သွားရပ်နေတော့သည်။ ဟာရုနဲ့ ကျွန်တော် တစ်ယောက်မျက်နှာ၊ တစ်ယောက်ကြည့်၍ မီနိုကိုယ်ပွားမသိအောင် ကြိတ်ရယ်နေကြသည်။ ပထမဆုံး လှိုဝှက်တံခါးကို လှိုဝှက်နံပါတ်ကို အသာလေးပင် ကျွန်တော်ရိုက်ထည့်၍ ဖွင့်ချလိုက်သည်။ ဟာရုက အရမ်း အံ့အားသင့်စွာဖြင့်၊

ဟာရု ။ ။ ယမ်ချာ၊ ခင်ဗျာ လှိုဝှက်နံပါတ်တွေကို ဘယ်လို သိနေတာလဲ...
ကျွန်တော် ။ ။ ဒါ ကျွန်တော်အလုပ်လေဗျာ။ ဒီတံခါးရဲ့ လှိုဝှက်နံပါတ်ရိုက်တဲ့ နေရာကို သေချာကြည့်လိုက်၊ အပေါ်မှာ 0...10 ထိဂဏန်းလေးတွေ ရှိပေမယ့်၊ တကယ်လှိုဝှက်နံပါတ်က AကနေKလို့ ပြောင်းမှတ်ယူရမယ်။
0, 1, 2,  3, 4, 5, 6, 7, 8, 9, 10 အစားအင်္ဂလိပ်စကားလုံးဖြင့်
A, B, C, D, E, F, G, H, I, J,  K  လို့ မှတ်ယူရမယ်။ ဒီစက်ရုံရဲ့ နံမည်က ဂင်ပြောသွားတဲ့ အတိုင်းဆိုရင် "ဒိုဖိုကီဂျုစံ" ဆိုတော့ ဒိုက D=3, ဖိုက F=5, ကီက K=10, သုံးလုံးကို အရင်ရိုက်ထည့်၊ ပြီရင် ဂျူစံကတော့ ဂျပန်လို ၁၃ဂဏန်းကို ခေါ်တာဆိုတော့ 3,5,10,1,3 လို့ရိုက်ထည့်ရုံပါပဲဗျ...
ကျွန်တော်ရှင်းပြလိုက်မှ ဟာရုက ဟုတ်သားပဲ၊ ဆိုတဲ့အကြည့်အပြင် ကျွန်တော်ကို အနည်းငယ် အထင်ကြီးသွားသင့် အရိပ်အယောင်ပါ သူမျက်လုံးထဲမှာ တွေ့လိုက်ရသည်။

ဟာရု ။ ။ ဒါဆို နောက်လှိုဝှက်သော့ကိုရော ဘယ်လိုဖွင့်မှာလဲ...
ကျွန်တော် ။ ။ ဒီသော့ကတော့ ခုတစ်လောမှ ကျွန်တော်လာမှာကို ကြိုသိနေလို့ အသစ်ခတ်လိုက်တဲ့သော့ပဲဗျ...
ဟာရု ။ ။ အဲဒါလည်း ခင်ဗျာ သိတယ်...
ကျွန်တော် ။ ။ သိဆို ဒီသော့အမျိုးအစားက ဂျပန်ဈေးကွက်ရောက်တာ တပတ်လောက်ပဲ ရှိသေးတာကိုး။ သော့မှာ ခလုတ် နှစ်ခုပဲ ပါတယ်။ တစ်ခုက အနီရောင်၊ နောက်တခုက အပြာရောင်။ ဖြစ်နိုင်တာက အနီရောင်ကို ၃ချက်နှိပ်၊ ပြီမှ အပြာရောင်ကို ၅ချက်နှိပ်
(သို့)
အပြာရောင်ကို ၅ချက်နှိပ်၊ ပြီမှ အနီရောင်ကို ၃ချက်နှိပ်။ အရောင် တခါလောက် မှားနှိပ်မိလို့ နောက်တခါ ပြန်ဖွင့်ဖို့ မကြိုးစားနဲ့တော့၊ ရာသက်ပန်အသေဖြစ်သွားပြီ။ သော့ပိုင်ရှင်ကလွှဲရင် ဘယ်သူမှ မဖွင့်နိုင်တော့အောင် တမင်ဖန်တီးထုတ်လုပ်ထားတာ...
ဟာရု ။ ။ ဒါဆို ခင်များ အပြာရောင်နဲ့ အနီရောင် ဘယ်ဟာကို အရင်နှိပ်မလဲ...
ကျွန်တော် ။ ။ ကျွန်တော်လည်း စဉ်းစားရကျပ်နေတာ။ အပြာရောင်ခလုတ်ကို ကြည့်တာနဲ့ ၅ချက်နှိပ်ထားမှန်းသိသလို၊ အနီခလုတ်ကိုလည်း ၃ချက်နှိပ်ထားမှန်း ကျွန်တော်ခန့်မှန်းနိုင်ပေမယ့် ဘယ်ခလုတ်အရင်နှိပ်ထားတာလဲတော့ ဘယ်လိုမှ စဉ်းစားမရဘူးဗျ။
ကံပဲဗျာ၊ စမ်းကြည့်ရတာပေါ့...
ကျွန်တော် အရဲစွန့်ပြီ အနီရောင်ခလုတ်ကို အရင်နှိပ်ဖို့ လက်ပြင်လိုက်စဉ် မီနိုကိုယ်ပွား ရောက်ချလာပြီ၊

မီနိုကိုယ်ပွား ။ ။ နင်တို့ နှစ်ယောက် တံခါးဖွင့်နေတာ ကြာလိုက်တာ၊ ဖယ်စမ်း...
ဟာရုနဲ့ ကျွန်တော်ကို အတင်းတွန်းဖယ်၍ အပြာရောင်ခလုတ်ကို နှိပ်မယ် အလုပ်တွင်၊

ပြိုင်တူ ။ ။ မလုပ်နဲ့...
ကျွန်တော်တို့ နှစ်ယောက်အော်လိုက်သော်လည်း မီနိုကိုယ်ပွားက အပြာခလုတ်ကို နှိပ်ပြီသား ဖြစ်သွားသည်။ သွားပါပြီ၊ ကျွန်တော်တို့ ကြိုးစားခဲ့သမျှတော့ ဒီမီနိုကိုယ်ပွားအစုတ်လုပ်တာနဲ့ စိတ်ထဲက ကြိမ်းဆဲလိုက်ပြီ သော့ကိုလည်း သေချာကြည့်လိုက်ရော သော့က အသေမဖြစ်သွားမှ၊

ကျွန်တော် ။ ။ ဟဲဟဲ။ မီနိုကိုယ်ပွားက တော်သားပဲ၊ အပြာရောင်ခလုတ်က အရင်နှိပ်ရမှာ၊ ဟဲဟဲဟဲ...
အပြာရောင်ခလုတ်ကို ၅ချက်၊ အနီရောင်ခလုတ်ကို ၃ချက်နှိပ်လိုက်သည်နှင့် အဓိက၀င်ပေါက် တံခါးကြီး ပွင့်သွားတော့သည်။ စက်ရုံထဲ ရောက်ရောက်ချင်းပင် စက်ရုံတ၀ှက်ကို အကဲခတ်ကြည့်လိုက်သည်။ စက်ရုံဒုတိယထပ် အခန်းတခန်းမှ စာရိုက်သံများ ထွက်နေ၍ ဟာရုကို လှမ်းကြည့်လိုက်မိသည်။

ဟာရု ။ ။ အဲဒီအခန်းထဲမှ လူအနံ့ကို ကျွန်တော်ရနေတယ်...
ကျွန်တော် ။ ။ အင်း၊ အခြေအနေတချက် စောင့်ကြည့်အုန်း...
ဂင်ထက်အရင် စက်ရုံကြီးထဲ အရင်ရောက်ပြီ အတွေးဖြင့်ပင် ကျွန်တော်တော်တော်လေးကို ပျော်သွားမိသည်။ ခုလောက်ဆို ဂင်တို့ မိုင်းဖယ်နေတာနဲ့ အလုပ်ရှုပ်နေရောပေါ့ အတွေးတောင် မဆုံးသေးပင်၊ ဂင်တို့အဖွဲ့ စက်ရုံထဲသို့ နောက်ပေါက် ၀င်လာသည်လည်း မြင်ရော၊

ကျွန်တော် ။ ။ မီနိုကိုယ်ပွား၊ ဟာရု စလှုပ်ရှားတော့။ ငါတို့အဖွဲ့ ဂင်တို့ထက် ဆူဇူကီကို အရင်ဖမ်းရမယ်...
ကျွန်တော်တို့ အဖွဲ့၂ ဆူဇူကီ ရှိနိုင်မည့် အပေါ်ထပ် အခန်းသို့ အမြန်ပြေးတက်တော့သည်။ ဂင်ကလည်း ကျွန်တော်သူတို့ကို ပြိုင်လုပ်မှန်း သိ၍ တဘက်လှေခါးမှ အမြန်ပြေးတက်လာကြသည်။ ဒုတိယထပ် အခန်းရှေ့ရောက်ရော၊ ကျွန်တော်တို့ အားလုံး တစ်နေရာထဲတွင် ဆုံမိသွားကြသည်။

ကျွန်တော် ။ ။ ဂင်၊ မင်းကို သနားတယ်၊ ငါတို့ ဒီစက်ရုံထဲကို အရင်ရောက်တော့၊ ဆူဇူကီ ဖမ်းဖို့ ငါပဲ တာဝန်ယူမယ်...
ဂင်မျက်မှောင်ကို တချက်ကုတ်လျှက်၊

ဂင် ။ ။ ယမ်ချာ၊ ခုစိန်ပြေးလိုက်တမ်း ဆော့နေတာ မဟုတ်ဘူးကွ။ ဆူဇူကီလို အန္တာရာယ်ရှိတဲ့စပိုင် တစ်ယောက်နဲ့ ယှဉ်ပြိုင်နေရတာ။ မင်းပဲ ဖမ်းမိ၊ ငါပဲဖမ်းမိ။ ဖမ်းမိဖို့က အရေးကြီးဆုံးပဲ...
ကျွန်တော် ။ ။ ဒီမှာ၊ မင်းငါကို အချော့ဆွဲပြီ ငါထက်ဦးအောင် ဖမ်းဖို့မလား။ မရဘူးကွ...
ပြန်ပြောကာ ကျွန်တော် အခန်းတံခါးကို အရင်ဖွင့်ချလိုက်ပြီ ကျွန်တော် မှားသွားမှန်း သိလိုက်ရသည်။ အခန်းထဲတွင် မည်သူမှ မရှိပဲ စက်တွေနဲ့ စာရိုက်၊ မီးမှိတ်တုတ်ဖြစ်အောင် လုပ်ဆောင် ထားခြင်းပင်ဖြစ်သည်။ ကျွန်တော် ထောက်ချောက်ထဲ ရောက်သွားပြီ ဆိုသည့်အတွေးပင် မဆုံးသေးခင်၊

မီနို ။ ။ အားအား...
မီနိုဆီမှ အော်သံနှင့်အတူ ကျွန်တော်တို့ စပိုင်လူငယ်တဖွဲ့လုံး ဆူဇူကီ အသင့်ဆင်ထားသည့် ပိုက်ခွန်ခေါင်းမိုးပေါ်မှ ပြုတ်ကျလာပြီ မိသွားတော့သည်။ ဂါဂျက်ကလည်း သူမှာ ပါလာသည့် လက်နက်များဖြင့် အမျိုးစုံ ဖောက်ထွက်သော်လည်း မအောင်မြင်ပေ။ ပိုက်ခွန်က နွယ်တွေ လိုပင် ကျွန်တော်တို့အားလုံး၏ ခြေထောက်တွေ လက်တွေကို ယစ်ခွေထားတော့သည်။ ဂင်အခဲမကျေသော အသံဖြင့် ကျွန်တော်ကို စေ့စေ့ကြည့်ပြီ၊

ဂင် ။ ။ ယမ်ချာ၊ အဲဒါ မင်းနမော်နမဲ့နိုင်လို့ ဖြစ်ရတာကွ...
ဂါဂျက် ။ ။ ကျွန်တော်လည်း ပြောသားပဲ။ ယမ်ချာ အိုင်ကျူ ၄၀%ပဲ ရှိတယ်၊ ခေါင်းဆောင် မဖြစ်သင့်ပါဘူးလို့...
ကျွန်တော် ။ ။ ကိန်...
ကျွန်တော်တို့ အချင်းချင်း ရန်ဖြစ်နေကြစဉ်၊ မီနိုကိုယ်ပွား ကျွန်တော်တို့ကို ကယ်တင်ရန် ပုန်းနေရာမှ ပြေးထွက်လာသဖြင့် မီနိုအစစ်နဲ့တွေ့လျှင် ပျောက်ကွယ်မည်ကို ကျွန်တော်တို့ သိနေ၍၊

အားလုံး ။ ။ မလာနဲ့...
အော်သော်လည်း မီနိုကိုယ်ပွား ဂရုမထားပဲ၊ ကျွန်တော်တို့ကို ကြိုးဖြေပေးရန် အတင်းကြိုးစားသော်လည်း မဖြေပေးရသေးခင်ပင် ပျောက်ကွယ်သွားတော့သည်။ မီနိုကတော့ သူကိုယ်ပွားပျောက်ကွယ်သွား၍ ငိုလျှက်နေတော့သည်။ ကိုယ်ပွားအစွမ်းက အားအင်ပြည့်မှ အသုံးပြုနိုင်ခြင်းဖြစ်သည်။
ထိုစဉ် လှိုဝှက်ခန်း တံခါးတစ်ခု ပွင့်လာ၍ ကျွန်တော်စိုက်ကြည့်နေမိသည်။ ထိုအခန်းထဲမှ ဆူဇူကီဟု ထင်ရသူ အဖိုးကြီး တစ်ဦး ထွက်လာသည်။ ထိုအဖိုးကြီး မျက်နှာတစ်ခုလုံး မှုတ်ဆိတ်မွှေးများ၊ ပသိုင်းမွှေးများ၊ ဆံပင်ရှည်များဖြင့် ဖုံးကွယ်နေသဖြင့် ဆူဇူကီဟုလို့တော့ ဆုံးဖြတ်ရန် ခက်ခဲနေသည်။ ထိုလူကြီး ကျွန်တော်တို့ အားလုံးနားတွင် ရပ်လိုက်ပြီ လက်ကို ပိုက်လျှက် အားရပါးရ ထရယ်တော့သည်။

ဆူဇူကီ ။ ။ ဟားဟားဟား၊ မင်းတို့လို စပိုင်လူငယ်တွေကို ငါဆီလွှတ်လိုက်တာ။ ငါကိုစော်ကားလိုက်သလိုပဲကွ၊ မင်းတို့ကောင်တွေက ငါတို့လက်ထက်က စပိုင်တွေရဲ့ ခြေဖျားတောင် မမှီပါဘူးကွာ။ တော်တော်အသုံးမကျတဲ့ ကောင်လေးတွေ၊ ဟားဟားဟား...
လှောင်ရယ်ကာ သူ့လှိုဝှက်ခန်းထဲသို့ ပြန်ဝင်သွားတော့သည်။ ဂင်က မခံချင်ပဲ၊ သူအော်ရန် ကြိုးစားသော်လည်း ကျွန်တော် ၀င်တားလိုက်ရသည်။
--------------------------------------------

ဆူဇူကီဝင်သွားသော လှိုဝှက်ခန်း...

ကျွန်ုပ်တို့ခေတ်က လူတွေနဲ့ ခုခေတ်ကလေးတွေ နည်းနည်းလေးမှ မယှဉ်ကောင်းပါဘူး။ ဒီလို ခပ်ညံ့ညံ့ ကလေးတွေကို ကျွန်ုပ်၊ ဆူဇူကီလို တော်တဲ့ စပိုင်တစ်ဦးဆီကို လွှတ်လိုက်တာ ဘာသဘောလည်းလို့ တွေးရယ်နေတုန်း၊

အသံ ။ ။ ဒီချာတိတ်တွေက ငါးစာတွေပါဗျ။ ခင်ဗျာက ငါးစာတွေပဲ တွေ့ပြီ ငါးမျှားချိတ်ကိုမှ သတိမထားမိပဲကိုး၊ ဆူဇူကီရဲ့...
ကျွန်ုပ်နောက်ကျောမှ အသံကို ကြားလိုက်ရ၍ ကြက်သီးမွေးညှင်း ထောင်ခနဲ ထသွားတော့သည်။ ဒီအသံက လွန်ခဲ့တဲ့အနှစ် ၂၀ခန့်က ကျွန်တော်သိခဲ့သော ကျွန်ုပ်နှင့် အလွန်ခင်မင်ရင်းနှီးခဲ့သော သူ၏ အသံကို ကျွန်ုပ်မမှတ်မိပဲ မနေနိုင်ပေ။ နောက်သို့ ချက်ချင်းပြန်လှည့်လိုက်ပြီ ထိုလူမျက်နှာကို စေ့စေ့ကြည့်၍၊

ကျွန်ုပ် ။ ။ ခင်ဗျာ ကိုယ်တိုင်မှ ပေါ်မှပေါ်လာပါ့မလား စိုးရိမ်နေခဲ့ရတာ...
ထိုလူ ။ ။ အနှစ်၂၀လောက် ပုန်းချက်ကောင်းလှချည်းလား မိတ်ဆွေကြီးရဲ့။ ခင်ဗျာ ရှိနိုင်မယ့် နေရာအားလုံးကို ကျွန်ုပ်မြေလှန်းရှာခဲ့တာ၊ ခုမှပဲ ပြန်တွေ့ကြတော့တယ်...
ကျွန်ုပ် အားရပါးရ ထရယ်လိုက်ပြီ ထိုလူမျက်နှာကို နာကြဉ်းစွာ စိုက်ကြည့်၍၊

ကျွန်ုပ် ။ ။ လွန်ခဲ့အနှစ် ၂၀ခန့်က ကျွန်ုပ်ဘာလို့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ပြန်မအပ်ပဲ၊ ပျောက်ကွယ်သွားတယ် ဆိုတာ ခင်ဗျာအသိဆုံး နေမှာပေါ့။ ဒီသတင်းအချက်တွေထဲမှာ ပါတဲ့အချက်အလက်တွေက အမှန်တော့ စပိုင်လောကအတွက် အရေးကြီးတာ မဟုတ်ဘူး၊ ခင်ဗျာ အတွက်ပဲ အရေးတာဆိုတာ ကျွန်ုပ်သိလိုက်ရလို့ ပုန်းရှောင်သွားခဲ့ရတာ။ ခင်ဗျာရဲ့ ဇာတိမှန်ကို ကျွန်ုပ်မဖော်ထုတ်သေးနိုင်သရွှေ့၊ ဒီနေရာမှာ ပုန်းအောင်းဖို့ ဆုံးဖြတ်ခဲ့တာဗျ။ ဒါပေမယ့် ခင်ဗျာက ကျွန်ုပ်ထက် လက်ဦးသွားပြန်ပြီပေါ့၊ ဟားဟားဟား...
ထိုလူသည် အရမ်းကို အမျက်ထွက်သွားသော အသံဖြင့်၊

ထိုလူ ။ ။ ဆူဇူကီ၊ မင်း ဒီအချက်အလက်တွေကို ခုချိန်မှာ ဖော်ထုတ်လည်း မင်းကို ယုံမယ်သူ ဒီကမ္ဘာမှာ မရှိတော့ဘူးကွ။ ခုချိန်မှာ မင်းဟာငါတို့ စပိုင်လောကရဲ့ သစ္စာဖောက်ကြီးလို့ပဲ လူတွေ ထင်ကြမှာပဲ။ ဒါကြောင့် အေးအေးဆေးဆေး မင်းလက်ထဲမှာ ရှိနေတဲ့ အချက်အလက်တွေကို ငါလက်ထဲ အပ်လိုက်ရင်၊ မင်းကို မိတ်ဆွေဟောင်း တစ်ယောက်အနေနဲ့ ငါအသက်ချမ်းသာပေးဖို့ စဉ်းစားပေးမယ်...
ကျွန်ုပ် ။ ။ ကျွန်ုပ် ဒီနေ့သေသွားလည်း အမှန်တရားဆိုတာ တနေ့တော့ ကြိမ်းသေပေါ်မှာပါ။ ကျွန်ုပ်ကို ခင်ဗျာသတ်လည်း ခင်ဗျာလိုချင်တဲ့ သတင်းအချက်အလက်တွေ လုံးဝမရစေရဘူး၊ အဲဒါကို ခင်ဗျာ မြဲမြဲမှတ်ထား...
ထိုလူ ။ ။ ဘာကွ။ ဆူဇူကီ၊ မင်းခေါင်းမာတဲ့အကျင့်က မင်းကို တနေ့ဒုက္ခပေးလိမ့်မယ်လို့ ငါသတိပေးခဲ့သားပဲ။ ခုမင်းလိုချင်တာ ရစေရမယ်...
ထိုလူမှာ ပါလာသည့် သေနတ်ကိုဆွဲထုတ်လိုက်ပြီ ကျွန်ုပ်ရင်ဝတည့်တည့်သို့ ချိန်းလိုက်တော့သည်။ ကျွန်ုပ်ရှောင်တိမ်းဖို့ မစဉ်းစားတော့ပဲ၊ အမှန်တရားတနေ့ ပေါ်ပြီ ကျွန်ုပ်ရဲ့အမဲစက်ကြီး ပျောက်ကွယ်သွားဖို့သာ တွေးရင်း...

သေနတ်သံ ။ ။ ဒိုင်း၊ ဒိုင်း၊ ဒိုင်း...

----------------------------------------------------------

သေနတ်သံ ၃ချက်ကြားလိုက်ရ၍ ကျွန်တော်တို့ လူငယ်စပိုင်တဖွဲ့လုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။

မီနို ။ ။ ယမ်ချာ၊ ငါကြောက်တယ်...
ကျွန်တော် ။ ။ မကြောက်နဲ့၊ ငါရှိတယ်...
မချိပြုံးပြုံးကာ အခွင့်ကောင်းယူပြီ မီနိုပခုံးကို ဖက်ထားလိုက်သည်။ ဂင်က မလှမ်းမကမ်းကနေ ကျွန်တော်ကို မိုက်ကြည့်ကြည့်နေသည်။

ဟာရု ။ ။ ဂင်၊ ဆူဇူကီ ၀င်သွားတဲ့အခန်းဆီက အသံပဲ။ ဆူဇူကီ တစ်ယောက်ယောက်ကို သတ်လိုက်ပြီနဲ့တူတယ်...
ဂါဂျက် ။ ။ သေနတ်သံရဲ့ တုန်ခါတဲ့နှုန်းနဲ့ အမြန်နှုန်းအရဆိုလျှင် ဆူဇူကီအပစ်ခံရတာ ဖြစ်ဖို့ ၇၀% သေချာတယ်...
အားလုံး ။ ။ ဘာ...
ပို၍ ကြောက်စိတ်ပိုလာသည်။ ထောင်ချောက်ထဲ ရောက်နေ၍ အခြေအနေမှန်ကို မသိမချင်း ကျွန်တော်တို့ ပို၍ လန့်လာမိသည်။ ထိုစဉ် ပထမ၀င်ပေါက် စက်ရုံတံခါးမကြီး ပွင့်သွားပြီ ဆရာကီနှင့် ဂျွန်နီနဲ့ဒတ်ခ်ျတို့ ၀င်လာကြသဖြင့်၊

ကျွန်တော် ။ ။ ငါတို့ကယ်တင်ရှင် ဆရာကီလာပြီကွ...
ဂျွန်နီနဲ့ဒတ်ခ်ျက ကျွန်တို့ ပိုက်ခွန်တွေကို ဖြေပေးလိုက်၍ ထောင်ချောက်ထဲမှ လွှတ်မြှောက်လာကြသည်။

ဆရာကီ ။ ။ ဒါဘယ်လို ဖြစ်တာလဲ။ မင်းတို့ ဆူဇူကီကို ဖမ်းဖို့ လွှတ်လိုက်တာ၊ မင်းတို့က ပြန်အဖမ်းခံရတယ်လို့ကွာ...
ဆရာကီ ကျွန်တော်တို့အားလုံးကို ဆူတော့သည်။ အမှန်ဆိုလျှင် ကျွန်တော်အမှားကြောင့် အားလုံး အဖမ်းခံရသည်ဖြစ်၍ ကျွန်တော်မျက်နှာကို အောက်ချလိုက်ပြီ၊
ကျွန်တော် ။ ။ ကျွန်တော်အမှား...
စကားတောင် မဆုံးသေးပေ၊ ဂင်က အတင်းဖြတ်ပြီ၊

ဂင် ။ ။ ကျွန်တော် အစီအစဉ်ဆွဲတာ အသုံးမကျလို့ပါ။ အားလုံး ကျွန်တော်အပြစ်တွေပါ၊ အပြစ်ပေးမယ်ဆိုလျှင် ကျွန်တော်ကိုပဲ ပေးပါ...
ဝင်ပြောလိုက်၍ ဂင်မျက်နှာကို ကျွန်တော်တချက်လှမ်းကြည့်မိလိုက်သည်။ ဂင်က မချိပြုံးလေးသာ ကျွန်တော်ကို ပြန်ပြုံးပြသည်။

ဆရာကီ ။ ။ အေး၊ ဂင် မင်းကို အပြစ်ပေးမယ့်ကိစ္စ နောက်မှ ဆက်ပြောမယ်။ ခုဆူဇူကီ ဘယ်မှာလဲ...
သေနတ်သံ သုံးချက်၊ ဆူဇူကီ ရှိရာအခန်းမှ ကြားရသည်အစ ဆရာကီကို ပြောပြလိုက်၍ ဆရာကီ အံ့အားသင့်သွားကာ၊

ဆရာကီ ။ ။ ဒါဆို ခုချက်ချင်း လှိုဝှက်ခန်းထဲ ၀င်မှဖြစ်မယ်...
ဆရာကီနဲ့ ကျွန်တော်တို့ အားလုံး လှိုဝှက်ခန်းထဲသို့ ၀င်သွားကြသည်။ လှိုဝှက်ခန်း ထောင့်ချိုးနားမှာ လှဲကျပြီ သွေးတွေအိုင်နေသော ဆူဇူကီမြင်လိုက်ရ၍ ကြက်သီးတောင် ထလာသည်။ မီနိုကလည်း ကြောက်ပြီ ကျွန်တော်လက်မောင်းကို အတင်းဆုတ်ကိုင်ထားသည်။ ဆရာကီနှင့် ဂျွန်နီနဲ့ဒတ်ခ်ျတို့ ဆူဇူကီနားသို့ကပ်သွားကြပြီ၊

ဂျွန်နီ ။ ။ ဆရာကီ၊ ဆူဇူကီ သေသွားတာ ကောင်းပါတယ်။ မဟုတ်ရင် သူနောက်လိုက်ရတာနဲ့ အချိန်ကုန်လွန်းလို့...
ဒတ်ခ်ျ ။ ။ ဟားဟား၊ ဂျွန်နီပြောတာ မှန်လိုက်တာ...
ဆရာကီ ။ ။ စောင့်သုံးမကျတဲ့ နှစ်ကောင်၊ အရေးကြောင်းဆို လာရှုပ်တယ်...
အော်ဆဲကာ ဂျွန်နီနဲ့ဒတ်ခ်ျကို အဝေးသို့ ကန်ထုတ်လိုက်တော့သည်။ ဂါဂျက်က ဆူဇူကီ အနီးအနားမှာရပ်လျှက် အခြေအနေကို သုံးသပ်နေပုံရသည်။

ဆရာကီ ။ ။ စိတ်မကောင်းစရာက ဆူဇူကီဆီက သတင်းအချက်အလက်တွေ မရလိုက်ပဲ၊ ဆူဇူကီ လုပ်ကြံခံလိုက်ရတာပဲ။ ဆူဇူကီကိစ္စကို ငါဆက်လက်ဖြေရှင်းလိုက်မယ်၊ မင်းတို့ အားလုံးပြန်နိုင်ပြီ...
ဆရာကီက ထိုစက်ရုံတွင် ကျန်ရစ်ခဲ့ပြီ ကျွန်တော်တို့ လူငယ်အဖွဲ့ကို အရင်နာဂိုယာသို့ ဒုံးကျဉ် ရထားဖြင့် ပြန်ဖို့ အမိန့်ပေးလိုက်သည်။ အိမ်ပြန်ရာ တလမ်းလုံး ဆူဇူကီကို လုပ်ကြံသွားသူမှာ မည်သူ ဖြစ်နိုင်မည်ဟု စဉ်းစားနေရင်း၊ ဟင်... ဆရာကီ များလားဟု ကျွန်တော် တွေးမိလိုက်ပြီမှ တံတွေးကို မျိုချလိုက်မိတော့သည်။

-------------------------------------------------
ဆက်ရန်

2 comments:

  1. ဖတ်ပြီးတော့ တံတွေးကိုမြိုချလိုက်တာ
    တူတူဘဲ
    ဆက်ပြီး စောင့်ရဦးမှာမို့ ...

    ReplyDelete