အခန်း-၉
စပိုင် Training
ဟာရုဆိုတဲ့ ငရှုတ်ကောင် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် လာဆမ်နီယားလာစားတာ ပါလာပြန်ပြီ တွေးရင်း လာဆမ်နီယားဆိုင်မှာ တူတူဝင်ထိုင်လိုက်ကြသည်။ ခုနက နောက်ယောင်ခံလိုက်နေသည်ဟု ခံစားမိ၍ ကြည့်လိုက်ရာ တခြားသူမဟုတ်ပဲ၊ ဟာရု ဖြစ်နေ၍ ကျွန်တော် အတော်ပင် အံ့ဘြသွားသည်။ ဟာရုကို ကြည့်တော့လည်း ဘာမှသိနားလည်ပုံ မပေါ်ပေ။ ကျွန်တော် ဟာရုနားကပ်ပြီ တိုးတိုးမေးလိုက်သည်။
ကျွန်တော် ။ ။ ဟာရု၊ မင်း မဟုတ်မှလွှဲရော ငါတို့ကို နောက်ယောင်ခံလိုက် နေတာလား...
ဟာရု ။ ။ ဟဲဟဲ၊ ဟုတ်တယ်...
ကျွန်တော် ။ ။ ဘာ...
ဟာရု ။ ။ ယမ်ချာကို ကျွန်တော်ခင်ချင်လို့ပါဗျာ...
ကျွန်တော် ။ ။ မင်းလို ငပြိန်းကောင်နဲ့ ငါသူငယ်ချင်းမဖွဲ့ချင်ဘူး...
ဟာရု ။ ။ ဟီးဟီး၊ ဟဲဟဲဟဲ...
ဟာရု ခေါင်းကုတ်ပြီ အူကြောင်ကြောင် လုပ်နေသည်။ ဆာကေးကတော့ ပျော်ရွှင်စွာဖြင့် ကျွန်တော် ၀ယ်ကျွေးသော လာဆမ်နီယားတွေကို စားသောက်နေသည်။ ဟာရု ဆုကြေးငွေ ကျွန်တော်ထက်နည်းမှာပဲ ဆိုသည့်အတွေးဖြင့်၊
ကျွန်တော် ။ ။ မင်း ဆုကြေးငွေ ဘယ်လောက်ရလဲ...
ဟာရု ။ ။ ယမ်း၅သန်း...
ကျွန်တော် ။ ။ ကိန်...
ကျွန်တော်စားနေသော လာဆမ်နီယားတွေတောင် မျိုမကျနိုင်တော့ပေ။ မဖြစ်နိုင်တာ ဟာရုလောက် သုံးစားမရတဲ့ကောင်ကျတော့ ယမ်း၅သန်းပေးပြီ ငါကိုတော့ ယမ်း၃သန်းပဲ ပေးတယ်၊ မတရားဘူး စိတ်ထဲမှ အော်ဟစ်နေစဉ်၊
ဟာရု ။ ။ မှားသွားလို့၊ ယမ်း၅သန်းဟုတ်ဖူးဗျ၊ ယမ်း၅သိန်း...
ကျွန်တော် ။ ။ ၀ူး၊ တော်ပါသေးရဲ့...
ဟာရုကိုနှုတ်ဆက်ပြီ အိမ်သို့ ဆာကေးနဲ့တူတူ ပြန်လာခဲ့ကြသည်။ ညပိုင်းရောက်တော့ ကျွန်တော်ကတိအတိုင်း ဆာကေးနဲ့ စာတူတူလုပ်ရတော့သည်။ စာစလုပ်သည်နှင့် ထုံးစံအတိုင်းပင် ကျွန်တော် ငိုက်မြည်းစပြုလာသည်။
ဆာကေး ။ ။ ကိုကြီး ကျွန်တော်ရှင်းပြနေတယ်၊ သေချာ အာရုံစိုက်လေ...
ကျွန်တော် ။ ။ မင်းသင်တဲ့ စာတွေက အရမ်းမြင့်နေတယ်ကွ...
ဆာကေး ။ ။ ဘယ်မှာမြင့်လို့လဲ၊ ဒုတိယနှစ်မှာ ၃နှစ်နေခဲ့တာ စာကျေသင့်ပြီပေါ့...
စိတ်ထဲက ဆာကေးကို မကျေနပ်သော်လည်း ယမ်း၂သန်း မျက်နှာလေးနဲ့ မျက်လုံးကို အတင်းပြူးထားရသည်။ စာသင်ရင်း တဖြည်းဖြည်းဖြင့် ကျွန်တော်မျက်ခွန်းများ လေးကျလာပြီ အိပ်ပျော်သွားတော့သည်။ မနက်မိုးလင်း နှိုးစက်သံများဆူညံနေသဖြင့် ကျွန်တော်ကုန်းရုန်းထ လာတော့သည်။ စာဖတ် စားပွဲခုံပေါ်တွင်ပင် မှောက်လျှက် အိပ်ပျော်နေသော ဆာကေးကို တွေ့၍ နှိုးရန် ဘေးကို တွန်းလိုက်သည်။ စားပွဲပေါ်က စာအုပ်တစ်ခုကို သတိပြုမိလိုက်၍ လှန်းကြည့်လိုက်ရာ။ ဆာကေးညလုံးပေါက် မအိပ်ပဲ ကျွန်တော်အတွက် စာကျက်ရလွယ်အောင် အင်္ဂလိပ်စာ စကားလုံးပေါင်း၊ အတိုကောက်၊ အမေးအဖြေ၊ စာစီစာကုံး တွေကို ရေးထားပုံရသည်။ ဒါကြောင့် ဆာကေးကို မနှိုးတော့ပဲ၊ ဆောင်ယူ၍ ဆာကေးကို ခြုံပေးလိုက်ပြီ ထမင်းစားခန်းရှိရာ အောက်ထပ်သို့ ဆင်းလာပြီ၊
ကျွန်တော် ။ ။ ၀ါးဝါး၊ ပျင်းလိုက်တာ...
အကြောဆန့်ရင်း အိပ်သာထဲသို့ဝင်ပြီ အပေါ့သွားရန် အိပ်သာအဖုံးကို လှန်းလိုက်ရာ အိပ်သာအဖုံးပေါ်တွင် ဆရာမရွှီရုပ်ပုံကြီးပေါ်လာပြီ၊
ဆရာမရွှီ ။ ။ မင်္ဂလာ မနက်ခင်းပါ ယမ်ချာ...
လန့်ကာ နောက်သို့လှဲကျသွားတော့သည်။ ချွတ်ထားသော ဘောင်းဘီကို မနည်း နောက်ပြန်ဝတ် လိုက်ရသည်။
ကျွန်တော် ။ ။ ဒါဘာကြီးလဲဗျ...
ဆရာမရွှီ ။ ။ ယမ်ချာကို စပိုင်အဖွဲ့ချုပ်က ဆက်သွယ်ဖို့ မနေ့က ဆရာမတို့တွေ အိမ်လာတုန်းလေး အိမ်မှာ စက်ပစ္စည်းတွေ တပ်ဆင်ခဲ့တာလေ...
ကျွန်တော် ။ ။ ကိန်...
ဒါကြောင့် အကြောင်းမရှိပဲ ကျွန်တော်အိမ်ထဲ အတင်းဝင်ခဲ့ခြင်းပင် ဖြစ်မည်ဟု တွေးကာ ကြိမ်းဆဲနေမိသည်။
ဆရာမရွှီ ။ ။ ဒီနေ့ မင်းတို့လေးတွေ အတွက် ဆရာမအထူးသင်တန်းတစ်ခု စီစဉ်ထားတယ်ကွဲ့။ အဲဒီအတွက် ခဏနေရင် ဂျူဒိုကလပ်မှာ အားလုံးဆုံဖို့ အသိပေးချင်လို့ပါကွယ်...
ကျွန်တော် ။ ။ မလာနိုင်ဘူး၊ ဂျိမ်း...
ပြန်အော်ကာ အိပ်သာအဖုံးကို မှောက်ချလိုက်တော့သည်။ ဟဲဟဲ၊ ဆရာမရွှီဘာတတ်နိုင်သေးလဲ ပြောကာ မနက်စာစားရန် ရေခဲသေတ္တာလည်း ဖွင့်လိုက်ရော ဆရာမရွှီရုပ်ပုံပြီထပ်ပေါ်လာပြီ၊
ဆရာမရွှီ ။ ။ ယမ်ချာ၊ မင်းပြေးလို့ လွှတ်မယ်ထင်လား...
ကျွန်တော် ကြောက်လန့်ပြီ အိမ်ပေါ်ထပ်သို့ ပြေးအတက်၊ ဆာကေးနဲ့ လှေခါးရင်းမှာ ၀င်တိုက်မိတော့သည်။
ဆာကေး ။ ။ ကိုကြီး အိပ်ရာမနှိုးသေးပဲ ယောင်နေတာလားဗျ။ ဒီမှာ အိပ်သာတက်ချင်ပါတယ်ဆိုမှ...
ကျွန်တော်ကို တွန်းကာ အိပ်သာထဲသို့ ၀ယ်မယ်အလုပ်တွင် ကျွန်တော် ဆာကေး အရှက်မကွဲရလေအောင် အရှေ့မှဆီးကြို၍၊
ကျွန်တော် ။ ။ အိပ်သာတက်လို့ မဖြစ်ဘူး...
ဆာကေး ။ ။ ဘာဖြစ်လို့လဲ...
ကျွန်တော် ။ ။ မရလို့ပေါ့ကွာ...
ဆာကေး ။ ။ ကျွန်တော်ဗိုက်အောက်နေပြီ ဖယ်ပေးဗျာ...
ကျွန်တော် ။ ။ အိပ်သာပျက်နေတယ်ကွ...
ဆာကေး ။ ။ ဒီအိပ်သာကလည်း အရေးထဲ၊ တော်ပြီ အပေါ်မှာပဲ သွားတက်တော့မယ်...
ပြောကာ ဆာကေးအပေါ်ထပ်သို့ ပြန်တက်သွားမှ ကျွန်တော်အသက်ရှု ချောင်တော့သည်။ ကျွန်တော်ခေါင်းထဲ စက်ပစ္စည်းပြင်ဆရာဆီ ဖုန်းဆက်၍ ဆရာမရွှီတို့တပ်ဆင်ထားသည်ကို ဖြုတ်ရန် အကြံစဉ်းစားမိသည်နှင့် ဖုန်းကို ကောက်ကိုင်လိုက်ရာ ဖုန်းထဲမှ ဆရာမရွှီအသံ ထပ်ထွက်လာ၍ ဖုန်းကို ပြန်ချလိုက်ရသည်။ နောက်ဆုံး ပြေးမလွှတ်တဲ့အဆုံး ကျွန်တော်အကျီင်္လှဲပြီ ဂျူဒိုကလပ်ရှိရာသို့ စိတ်ပျက်ပျက်ဖြင့် ထွက်ခွာလာခဲ့သည်။
ဂျူဒိုကလပ် အခန်းဝရောက်တော့ တံခါးကို မဖွင့်ချင်ပဲ ဖွင့်လိုက်သည်။ အခန်းထဲတွင် ချိုသာပြီ နူးညံ့သော မီနိုအပြုံးလေးဖြင့် စတွေ့လိုက်ရသဖြင့် အသဲကမ္ဘာကြီးထဲ မျှောသွားလားတောင် အောင်းမေ့မိသေးသည်။ ထိုအချိန်တွင် ဆရာမရွှီအခန်းထဲသို့ ၀င်လာပြီ၊
ဆရာမရွှီ ။ ။ ယမ်ချာလေးကို မလာဘူး အောင်းမေ့နေတာ လာသားပဲ။ ဟဲဟဲဟဲ...
ကျွန်တော် မလာချင်လည်း မလာလို့မှ မရပဲဟု တွေးကာ အောက်သက်သက် မျက်နှာကြီးဖြင့် ဂင်နဲ့ ဟာရုဘေးတွင် ၀င်ထိုင်လိုက်သည်။ ဂါဂျက်ကတော့ မီနိုဘေးတွင် ထိုင်နေသည်။
ဆရာမရွှီ ။ ။ အားလုံးလူစုံပြီဆိုတော့ တပည့်တို့တွေ ဒီနေ့လုပ်ဆောင်ရမယ့် အထူးသင်တန်းနဲ့ပတ်သက်တာတွေကို ဆရာမပြောပြမယ်။ နာဂိုယာတက္ကသိုလ်မှာလေ စပိုင်ကနေ undercover လုပ်နေတဲ့ဆရာ၊ ဆရာမ ၆ဦးရှိတယ်...
အိပ်ငိုက်နေသော ကျွန်တော်မျက်လုံးများပင် ကျယ်လာသည်။ ဂင်လည်း အံ့ဘြသင့်သွားပုံဖြင့်၊ ကျွန်တော်ကို တချက်လှမ်းကြည့်လိုက်သည်။
ဆရာမရွှီ ။ ။ ဒီအထူးသင်တန်းမှာ အဖွဲ့နှစ်ဖွဲ့ခွဲပြီ ဘယ်သူတွေက စပိုင်တွေလည်း ဆိုတာကို အရင်ဆုံး စုံစမ်းရမယ်။ ဒုတိယတာဝန် အနေနဲ့ အဲဒီ ဆရာ၊ ဆရာမတွေမှာ ရှိတဲ့ ငွေရောင် သော့၆ချောင်းကို သူတို့တွေ မသိအောင် တဖွဲ့ကို ၃ချောင်း တာဝန်ယူပြီ အရယူဖို့ပဲ...
ကျွန်တော် နားထောင်နေရာမှ လက်ထောင်လိုက်ပြီ၊
ကျွန်တော် ။ ။ အဖွဲ့နှစ်ဖွဲ့ဆိုတော့ ကျွန်တော်က ဘယ်သူတွေနဲ့ ဖွဲ့ရမှာလဲ...
ဆရာမရွှီ ။ ။ ကိုယ်အဖွဲ့ဝင် တစ်ဦးချင်းစီကို ကိုယ်တိုင်ရွေုးရမယ်...
ကျွန်တော် အရမ်းဝမ်းသာစွာဖြင့် မီနိုကို လက်ညှိုးထိုး၍၊
ကျွန်တော် ။ ။ မီနိုကို ရွေးမယ်...
ဂင် ။ ။ ကျွန်ုပ်လည်း မီနိုကိုပဲ ရွေးမယ်...
ပြောလိုက်သဖြင့် ဂင်နဲ့ကျွန်တော်တို့ မျက်လုံးကြား လျှပ်စီးချောင်းတစ်ခု လျှပ်ထွက်သွားလျှက် ခုပဲ သတ်တော့မည့် အကြည့်ဖြင့် တစ်ယောက်နှင့် တစ်ယောက် စေ့စေ့စိုက်ကြည့်နေကြ၍ မီနိုက ပါးလေးက နီရဲလာပြီ၊
မီနို ။ ။ ယမ်ချာ၊ ဂင် ရန်မဖြစ်ကြပါနဲ့...
အသံလေးကို တိုးတိုးပြောရင်း စိတ်လှုပ်ရှားလွန်းပြီ ကိုယ်ပွားပါ ခွဲထွက်သွားတော့သည်။
ဆရာမရွှီ ။ ။ ဝေစုတည့်သွားအောင် ယမ်ချာက မီနိုကိုယ်ပွားယူ၊ ဂင်က မီနိုကိုယူ...
ကျွန်တော် ။ ။ မတရားဘူး၊ မတရားဘူး...
မီနိုကိုယ်ပွား ။ ။ နင်က ငါနဲ့အဖွဲ့မဖွဲ့ချင်တဲ့ သဘောလား...
ကျွန်တော်အကျီင်္ကို ဂုတ်ကနေ ဆွဲမလိုက်သဖြင့် ကျွန်တော် ဟန်ဆောင်ရယ်ကာ၊
ကျွန်တော် ။ ။ မဟုတ်ရပါဘူးဗျ။ ဖွဲ့ချင်ပါတယ်၊ ဟဲဟဲဟဲ...
မီနိုကိုယ်ပွား ။ ။ မဟုတ်လို့ကတော့ အသေပဲ...
မီနိုကိုယ်ပွားကို ကြောက်၍ ကျွန်တော်မှာ မီနိုကိုယ်ပွားနဲ့ပင် အဖွဲ့ဖွဲ့လိုက်ရသည်။ ဒါပေမယ့် နောက်အဖွဲ့ဝင်တစ်ဦးက ဟာရုမဖြစ်ပါစေနဲ့ ဆုတောင်းနေစဉ်၊
ဟာရု ။ ။ ကျွန်တော်ကတော့ ယမ်ချာကိုပဲ ရွေးမယ်။ သူငယ်ချင်းကြီး...
ကျွန်တော်ကို အတင်းလာပြေးဖက်၍ မနည်းတွန်းထုတ်ရသည်။ ဒီအသုံးမကျတဲ့ နှစ်ယောက်နဲ့ ဘယ်လို စခန်းသွားရမည်ကို တွေးပြီ ဆာကေးရယ်၊ ကိုကြီးကို ကယ်ပါအုန်းဟု အော်ဟစ်နေတော့သည်။ ဂါဂျက်ကတော့ ရွေးစရာ မလိုတော့ပဲ၊ ဂင်အဖွဲ့ထဲ ပါသွားတော့သည်။
ဆရာမရွှီ ။ ။ ခုအဖွဲ့နှစ်ဖွဲ့လည်းခွဲပြီပြီ ဆိုတော့ မင်းတို့လေးတွေ နေ့လည်၁၂နာရီ မတိုင်မှီ တဖွဲ့ကို သော့၃ချောင်း ရအောင် ရှာခဲ့ကြ။ တဖွဲ့စီက သော့၃ချောင်းထက်ပို မရှာရဘူး။ သော့၆ချောင်း ရှာတွေ့မှ တကယ်အထူးစစ်ဆင်ရေး သင်တန်းက စလို့ရမှာ...
အင်၊ ကျောင်းမှာ ဆရာ၊ ဆရာမပေါင်း အယောက် ၂၀၀လောက်ရှိတာ ဘယ်သူက စပိုင်ဆိုတာ ငါဘယ်လိုရှာရပါ့မလဲဟု စဉ်းစားရခက်နေစဉ် အတွေးတစ်ခုပေါ်လာသည်နှင့်၊
ကျွန်တော် ။ ။ မီနိုကိုယ်ပွား၊ ဟာရု ငါတို့စလှုပ်ရှားမယ်။ သွားရအောင်...
ဂျူဒိုကလပ်ထဲမှ ပြေးထွက်လာသည်။ ဂင်ကလည်း မခံချင်ပဲ ကျွန်တော်တို့နဲ့ အပြိုင်သူအဖွဲ့ကို ခေါင်းဆောင်ကာ တခြားတဘက်သို့ ခွဲထွက်သွားသည်။
ဟာရု ။ ။ ယမ်ချာ၊ ကျွန်တော်တို့ ခုဘယ်သွားဖို့လဲ...
ကျွန်တော် ။ ။ ကျောင်းအုပ် ရုံးခန်းသွားမလို့...
ဟာရု ။ ။ ဘာလို့ ကျောင်းအုပ် ရုံးခန်းသွားမှာကို ကျွန်တော်တော့ နားမလည်ဘူး...
ကျွန်တော် ။ ။ မင်းပဲ ပြောခဲ့တယ်လေ။ ကျောင်းအုပ်(စပိုင်ဥက္ကဌ)က မင်းကို တခါမြင်ပြီ မေ့မေ့သွားတယ်ဆို...
ဟာရု ။ ။ ဟုတ်တယ်လေ...
ကျွန်တော် ။ ။ အေး၊ ဒါဆိုရင် ကျောင်းအုပ်ရုံးခန်းထဲ ရောက်တာနဲ့ ကျောင်းအုပ်ကို ငါအာရုံပြောင်းထားတုန်း။ မင်းက ငွေရောင်သော့ကို ရအောင်ရှာ...
မီနိုကိုယ်ပွား။ ။ ဆရာ၊ ဆရာမတွေမှာပဲ သော့ရှိမှာပေါ့ ငတုံးရဲ့။ ဘယ်လိုလုပ် ကျောင်းအုပ်မှာ သော့ရှိမှာလဲ...
ကျွန်တော် ။ ။ ဒီမှာ ခင်ဗျာတို့နဲ့ ခက်တာပဲ၊ ကျောင်းအုပ်ကလည်း ဆရာပဲလေ...
ဟာရုနှင့် မီနိုကိုယ်ပွား သဘောပေါက်သွားဟန်ဖြင့် ကျွန်တော်နဲ့ အတူ ကျောင်းအုပ်ရုံးခန်းရှိရာသို့ အမြန်ပြေးတော့သည်။ ရုံးခန်းရောက်တော့ ကျောင်းအုပ်က ထုံးစံအတိုင်း ကျောင်းသားဖိုင်တွေကို စီစစ်နေသည်။ ကျောင်းအုပ်က ကျွန်တော်မြင်လိုက်သည်နှင့်၊
ကျောင်းအုပ် ။ ။ ယမ်ချာ၊ ငါမခေါ်ရပဲ မင်းဘာသာ ငါကျောင်းရုံးခန်းလာတာ ဒါပထမဆုံးပဲကွ...
ကျွန်တော် ။ ။ ကျောင်းအုပ်၊ ကျွန်တော် မေးစရာ ရှိလို့...
ကျောင်းအုပ် ။ ။ ဘာများလဲကွ။ ငါကို ဘယ်သူတွေ စပိုင်လည်း မေးခွန်းကလွှဲရင် ကျန်တာ အားလုံး ဖြေနိုင်ပါတယ်...
ကျွန်တော် မချိပြုံးလိုက်ကာ စိတ်ချ မမေးပါဘူး ကျောင်းအုပ်ဟု စိတ်ထဲက ပြောလိုက်သည်။
ကျွန်တော် ။ ။ ဒီကျောင်းမှာ ဘယ်ဆရာ၊ ဆရာမက အသက်အကြီးဆုံးလဲ...
ကျောင်းအုပ် ။ ။ တတိယနှစ်က ဆရာရိုချီလေ...
ကျွန်တော် ။ ။ ဒါဆို အသက်အငယ်ဆုံး ဆရာ၊ ဆရာမကရော...
ကျောင်းအုပ် ။ ။ ဂျူဒိုကလပ်က ဆရာမရွှီလေ...
ကျွန်တော် ။ ။ ဗျာ...
ကျွန်တော်တော့ ကျားကွက်တကွက်ရွေ့ဖို့ ကျန်ခဲ့ပြီဆိုတာ သိလိုက်ရသည်။ ဆရာမရွှီကလည်း စပိုင်ပဲ ဆိုတာကို ကျွန်တော်လုံးလုံး မေ့သွားခဲ့သည်။ ဒါပေမယ့် ခုလက်ရှိ ကျောင်းအုပ်ဆီက ငွေသော့ရဖို့က ပိုအရေးကြီးသည်။ ဟာရုကို လှန်းကြည့်လိုက်တော့ ဟာရု သော့ရပြီ ဆိုသည့် သင်္ကေတကို ပြနေ၍၊
ကျွန်တော် ။ ။ ကျေးဇူးတင်ပါတယ် ကျောင်းအုပ်...
နှုတ်ဆက်ကာ ရုံးခန်းထဲမှ အမြန်ထွက်ပြေးလာခဲ့သည်။ ဟာရုဆီမှာ သော့ကို သိမ်းလိုက်ပြီ၊
ကျွန်တော် ။ ။ ငါတို့ ဆရာမရွှီဆီ ဂင်တို့ထက်ဦးအောင် သွားရမယ်...
ဒါပေမယ့် ဆရာမရွှီအခန်းနား မရောက်မှီ ဂင်တို့အဖွဲ့ ထိုဘက်မှထွက်လာသည်ကို တွေ့၍ ကျွန်တော် ခြေလှမ်းတလှမ်း နောက်ကျသွားပြီ ဆိုတာကို သိလိုက်ရသည်။ ဂင်က ငွေရောင်သော့တစ်ချောင်းကို လက်မှာကိုင်ထားပြီ ကျွန်တော်ကို မချိပြုံးလေး ပြုံးပြသည်။ ကျွန်တော်ကလည်း ကျွန်တော်လက်ထဲမှ ငွေရောင်သော့ကို ထောင်ပြလိုက်တော့၊
ဂင် ။ ။ မင်းဘယ်ဆိုးလို့လဲ၊ ပြိုင်ပွဲ ပြန်စလိုက်ရအောင်...
အဖွဲ့နှစ်ဖွဲ့ ပြန်ခွဲ၍ ထွက်ခွာလာခဲ့သည်။ ဒီတစ်ခါတော့ နောက်ကျားတစ်ကွက် မရွှေ့ခင် သေချာ အချိန်ယူပြီ စဉ်းစားဖို့ လိုသဖြင့် canteenမှာ ကျွန်တော်တို့ အဖွဲ့ဝင်ထိုင် လိုက်ကြသည်။
ဟာရု ။ ။ သော့က တစ်ချောင်းပဲ ရသေးတယ်ဗျ။ နောက်သော့ ၂ချောင်း ဘယ်ကရမလဲ မစဉ်းစားတတ်တော့ဘူးဗျ...
မီနိုကိုယ်ပွား ။ ။ ရှုတ်တယ်။ ရှိသမျှ ဆရာ၊ ဆရာမရုံးခန်းတွေ မွှေနှောက်လိုက်ရုံပဲ...
ကျွန်တော် ။ ။ ဟုတ်ပြီ ကျွန်တော် အကြံရပြီ။ ဒီတစ်ခါတော့ မီနိုကိုယ်ပွား၊ မင်းကိုပဲ အားကိုးရမယ်...
ဟာရုနဲ့ မီနိုကိုယ်ပွားက ကျွန်တော်စကားကို သိပ်နားလည်ပုံ မပေါ်ပေ။
ကျွန်တော် ။ ။ ခု canteen ကကျောင်းသား၊ ကျောင်းသူတွေဝိုင်းတွေကို ပြသာနာသွားရှာချည်း...
မီနိုကိုယ်ပွား ။ ။ စိန်လိုက်လေ...
မီနိုကိုယ်ပွားထွက်သွားသည်ကို ကျွန်တော်မှိတ်မှိတ်ကြီးထိုင်ကာ ငေးကြည့်နေသည်။ ကျွန်တော် ညွှန်ကြားထားသည့်အတိုင်း မီနိုကိုယ်ပွား ပြသာနာသွားလုပ်တော့သည်။ ဆရာ၊ ဆရာမ၊ ကျောင်းသားအားလုံး ထိုနေရာတွင် စုပြုံကာ ရောက်ရှိလာကြသည်။
ကျွန်တော် ။ ။ လာ၊ ခင်ဗျာနဲ့ ကျွန်တော် ကျောင်းသားရေးရာကို သွားရအောင်...
ဟာရု ။ ။ ယမ်ချာ၊ ခင်ဗျာ ဘာတွေတွေးနေတယ်ဆိုတာ ကျွန်တော်တော့ စဉ်းစားတတ်တော့ဘူး...
မီနိုကိုယ်ပွားကို အားလုံး အာရုံရောက်နေစဉ် ကျောင်းသားရေးရာ ရုံးထဲသို့ ခိုးဝှက် ၀င်ရောက်သွားပြီ ဆရာ၊ ဆရာမတွေရဲ့ ကိုယ်ရေးရာဇာဝင် ဖိုင်တွေကို ရှာဖွေတော့သည်။
ကျွန်တော် ။ ။ ဖိုင်တွေထဲက ကျောင်းအုပ်ထောက်ခံချက်နဲ့ ပြောင်းလာတဲ့ ဆရာ၊ ဆရာမ ဘယ်နှယောက် ရှိသလဲရှာရအောင်...
ဖိုင်တွေ အားလုံးကို ကျွန်တော်အမြန်မွှေနှောက် ရှာသော်လည်း ကျောင်းအုပ် ထောက်ခံပေးသည့် ဆရာ၊ ဆရာမတစ်ဦး တစ်လေမှကို မတွေ့မိပေ။ တအောက်နေတော့ ဟာရုက ဖိုင်တစ်ခုကိုင်လာပြီ၊
ဟာရု ။ ။ ကျွန်တော် ရှာတွေ့ပြီနဲ့ တူတယ်...
ထိုဖိုင်ကို ယူကြည့်လိုက်ရာ ကျွန်တော် မျက်လုံးပြူးသွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ ဒုတိယနှစ် အတန်းပိုင်ဆရာမ ဖြစ်နေသောကြောင့်ပင်။ သူမက ကျောင်းအုပ်ထောက်ခံပေးသည့် တစ်ဦးတည်းသော ဆရာမဖြစ်တာမို့ စပိုင်ဆိုတာ ယုံမှားစရာ မရှိနိုင်ပေ။ လူသံကြားလိုက်၍ ကျွန်တော်တို့ နောက်ပေါက်မှ အမြန်ထွက်ပြေးလာရသည်။ အပြင်မှာ မီနိုကိုယ်ပွားနှင့်ဆုံပြီ ဒုတိယနှစ်အတန်းပိုင် ဆရာမ ရုံးခန်းရှိရာသို့ တိတ်တဆိတ်ထွက်ခွာလာသည်။ ရုံးခန်းရှေ့ရောက်တော့ အတန်းပိုင်ဆရာမ ရုံးခန်းထဲတွင် မရှိသည်ကို တွေ့၍ အလွယ်တကူပင် ၀င်ရောက်လာတော့သည်။ ရုံးခန်းတစ်ခုလုံး စတင်မွှေနှောက် ရှာဖွေတော့သည်။ မီးခံသေတ္တာအသေးလေးတစ်ခု တွေ့၍၊
ဟာရု ။ ။ ဒီမီးခံသေတ္တာကိုရော ခင်ဗျာ ဖွင့်နိုင်လား...
ကျွန်တော် ။ ။ စမ်းကြည့်ရတာပေါ့...
ဂဏန်းတွေ ပေါင်းစုံထည့်ပြီ တမျိုးပြီတမျိုးစမ်းသော်လည်း ဖွင့်မရဖြစ်နေ၍ မီနိုကိုယ်ပွားက စိတ်မရှည်နိုင်တော့ပဲ၊
မီနိုကိုယ်ပွား ။ ။ တူနဲ့ထုလိုက်တာမှ ပိုမြန်အုန်းမယ်...
ကျွန်တော် ။ ။ နေအုန်း၊ ကျွန်တော် သိပြီ...
ဂဏန်း၇လုံးကို ရိုက်လိုက်ရုံဖြင့် ပွင့်သွားပြီ ငွေရောင်သော့ နောက်တစ်ချောင်းကို ကျွန်တော် ပိုင်ဆိုင်ခွင့်ရတော့သည်။
ဟာရု ။ ။ ယမ်ချာ၊ ခင်ဗျာကိုတော့ ကျွန်တော် အရမ်းလေးစားသွားပြီဗျာ...
ကျွန်တော်။ ။ ဒါကတော့ သိပ်မခက်လှပါဘူး။ ဖိုင်ထဲမှာ အတန်းပိုင်ဆရာမရဲ့ မွေးနေ့က ရ ဇူလှိုင် ၁၉၆၀လို့ ရေးထားတယ်။
ရရက်ကလည်း --> ခုနှစ်ဂဏန်း
ဇူလှိုင်ကလည်း --> ခုနှစ်ဂဏန်းပဲ
ရချင်းတူနေတော့ ရ+ရ နှစ်ခုကို ပေါင်း --> ၁၄ရတယ်။
ဒါကြောင့် ၁၊ ၄၊ ၆၊ ၀ ရယ် ဆရာမအလုပ်ဝင်တဲ့ နံပါတ်က ၁၃၁ကိုပါ ရိုက်မယ် ဆိုရင် ၁၊ ၄၊ ၆၊ ၀၊ ၁၊ ၃၊ ၁ အားလုံး ၇လုံးရိုက်ထည့်လိုက်ပါပဲဗျ...
မီနိုကိုယ်ပွား ။ ။ ဒီလောက် ကြီးလည်း မဟုတ်ပါဘူး...
ပြောကာ ရှေ့မှာ ကော့ကော့လေး ထွက်သွားတော့သည်။ နောက်သော့ တစ်ချောင်းအတွက် ကျွန်တော်မှာ ဘယ်လိုမှ စဉ်းစားမရချေ။ တဖြည်းဖြည်းနဲ့ နေ့လည် ၁၂နာရီထိုးဖို့ကလည်း နီးကပ်လာပြီ ဖြစ်သည်။ ကျွန်တော်တို့ အကြံမရသည်နှင့် ကျောင်းစင်္ကြံမှာ ထိုင်နေကြတုန်း၊ ဂင်တို့အဖွဲ့ ကျွန်တော်နားသို့ ရောက်လာပြီ၊
ဂင် ။ ။ ဟားဟား စိတ်ဓာတ်ကျနေကြပြီလား။ ကျွန်ုပ်တို့ကတော့ ဗိုက်ဆာလို့ မုန့်သွားစားလိုက်အုန်းမယ်ဗျို့...
ကျွန်တော်မခံချင်အောင် ဂင်က သူလက်ထဲမှ ငွေရောင်သော့၃ချောင်း တမင်ထောင်ပြသွားသေးသည်။ မီနိုအစစ်က ကျွန်တော်နားတွင် ရပ်လိုက်ပြီ၊
မီနို ။ ။ ယမ်ချာ၊ နင်ဗိုက်ဆာနေရင် စားဖို့မုန့်...
ကျွန်တော် ။ ။ ငါတို့ တာဝန်ပြီမှ အေးဆေးစားတော့မယ်ဟာ။ ကျေးဇူးပဲ...
မီနို မျက်နှာနီရဲပြီ ထွက်သွားတော့သည်။
ဟာရု ။ ။ ၁၅မိနစ်ပဲ ကျန်တော့တယ်။ နောက်သော့တစ်ချောင်း မရရင်တော့ ဂင်တို့အဖွဲ့ကို ရှုံးတော့မှာပဲ...
မီနိုကိုယ်ပွား ။ ။ ငါကိုယ်က မှားတာပါ။ စကတည်း ဂင်တို့အဖွဲ့ထဲ ၀င်လိုက်ရကောင်းသား...
ဂင် ကျွန်တော်တို့ထက် ဦးသွားသဖြင့် အံ့တစ်ချက်ကြိတ် လိုက်မိသည်။ နောက်ဆုံး ထိုင်နေမယ့် အစား ဖြတ်လမ်းသုံးရန် ခေါင်းထဲပေါ်လာသည်နှင့်၊
ကျွန်တော် ။ ။ မထူးဘူး။ နောက်ဆုံး စွန့်စားကြည့်ရအောင်။ ကျောင်းက စာသင်တဲ့ ဆရာ၊ ဆရာမတွေကို ဖယ်ပြီ တခြား ကာယဆရာ၊ အားကစားဆရာ၊ နည်းပြဆရာ အားလုံးပေါင်း ၁၅ယောက်လောက်ကိုတော့ ၁၅မိနစ်အတွင်း ငါတို့ရှာနိုင်ကောင်းပါရဲ့...
အားလုံး သဘောတူညီမှု ရသည်နှင့် တာဝန်ခွဲယူပြီ တစ်ယောက်ကို ဆရာ၊ဆရာမ ၅ယောက်နှုန်းနှင့် အမြန်ရှာဖွေစခန်းစတင်တော့သည်။ ကျွန်တော် အရင်ဦးဆုံး အားကစားဆရာ၊ ဆရာမတွေရဲ့ ရုံးခန်းတွေကို လှိုဝှက်ရှာဖွေသည်။ နေ့လည်၁၂နာရီထိုးဖို့ အချိန်ကလည်း တရွှေ့ရွှေ့ခြင်း နီးကပ်လာသည်။ ခုထိငွေရောင်သော့ကို ရှာဖွေမတွေ့သေးပေ။ သော့တွေ့သည်နှင့် ဟမ်းဖုန်းမှ အချက်ပြရန် ညွှန်ကြားထားသဖြင့် မည်သူမှ မဆက်သေးသည်ကို ထောက်ပြီ ရှာမတွေ့သေးဟု ကောက်ချက်ချလိုက်သည်။ နာရီလက်တံအသံများကြောင့် ကျွန်တော် ခေါင်းတစ်ခုလုံးလည်း ထူပူလာတော့သည်။ မောလွန်းလို့ ရင်တွေတောင် တဒုတ်ဒုတ်ဖြင့် တုန်ခါနေသည်။ ကျောင်းစင်္ကြံတစ်လျှောက် ဟိုဘက်ပြေးလိုက်၊ ဒီဘက်ပြေးလိုက်ဖြင့် ငါ၊ ဂင်ကို လုံးဝအရှုံးမပေးဘူးကွဟု ကြိမ်းဝါးရင်းပင်။ ဆာကေးနဲ့လမ်းမှာ အမှတ်မထင်ဆုံတွေ့သော်လည်း ဆာကေးကို ဂရုစိုက်မအားပဲ ကျော်ထွက်သွားသဖြင့်၊
ဆာကေး ။ ။ ကိုကြီး ဘယ်သွားဖို့လဲ...
ကျွန်တော် ။ ။ ငါမအားသေးဘူး၊ နောက်မှ တွေ့မယ်...
ဆာကေး ။ ။ ကျွန်တော် မနက်ထဲက ဗိုက်မကောင်းလို့ ဆေးခန်းက ဆရာကို သွားပြလိုက်အုန်းမယ်...
အော်လိုက်ရာ ကျွန်တော်သွားနေသော ခြေလှမ်းကို တန့်လိုက်ပြီ ဆာကေးရှိရာသို့ ပြန်ပြေးသွားပြီ၊
ကျွန်တော် ။ ။ မင်းခုနက ဘာပြောလိုက်တယ်...
ဆာကေး ။ ။ ဆေးခန်းက ဆရာ ဆီသွားဖို့လေ...
ကျွန်တော် ။ ။ ဆရာ ဟုတ်လား...
ဆာကေးပြောလိုက်မှ ကျောင်းအုပ် အမြဲ ပြောနေကျ သူနှင့်တပတ်စဉ်ထဲ တူတူဝင်သည့် သူငယ်ချင်း ကျောင်းဆရာဝန်ကို သတိရသွားမိသည်။ ကျောင်းဆရာဝန်ကိုလည်း အားလုံးက "ဆရာ"လို့ပင် ခေါ်ကြသည်ကို ကျွန်တော် ဘာလို့ မေ့နေပါလိမ့်ဟုတွေးကာ၊
ကျွန်တော် ။ ။ ကျေးဇူးပဲ ညီလေး...
ပြောကာ ကျွန်တော် ဆေးခန်းသို့ လစ်တော့သည်။
ဆာကေး ။ ။ ကိုကြီး ဘယ်လဲ။ ကျွန်တော်လည်း လိုက်မယ်...
အော်ကာ ကျွန်တော်နောက်မှ အတူလိုက်ပါလာသည်။ ဆေးခန်းလည်းရောက်ရော၊
ကျွန်တော် ။ ။ ဆာကေး၊ မင်းရောဂါအသဲအသန်း ဖြစ်ချင်ယောင် ဟန်ဆောင်ပေးကွာ...
ဆာကေး ။ ။ ဗျာ၊ ကျွန်တော်မှ မဖြစ်တာ...
ကျွန်တော် ။ ။ ဟန်ဆောင်ပေးပါကွာ၊ ငါအရမ်းအရေးကြီးနေလို့ပါ...
ဆာကေးလည်း ဘုမသိ၊ ဘမသိဖြင့် ခေါင်းညိတ်ပြီ ဆာကေး ဗိုက်ကိုနှိပ်ပြီ ကြမ်းပြင်ပေါ်တွင် ဟန်ဆောင် လူးလိမ့်ကာ အော်ဟစ်နေတော့သည်။ ဆရာဝန်၊ သူနာပြုများ အလုပ်ရှုပ်သွားမှ အလွယ်တကူ ဆရာဝန်ရုံးခန်းဝင်၍ ရှာဖွေ့ရာ တတိယမြှောက် ငွေရောင်သော့ကို ကျွန်တော်ရရှိတော့သည်။ နာရီလှမ်းကြည့်လိုက်တော့ ၁၂နာရီထိုးဖို့ ၁မိနစ်နှင့် ၂၀စက္ကန့်သာ ကျန်တော့၍ ဟာရုနှင့် မီနိုကိုယ်ပွားဆီ သတင်းပို့ပြီ ဂျူဒိုကလပ်သို့ အမြန်ပြန်ပြေးတော့သည်။
-----------------------------------------------------
ပျောက်နေလို့ သတိရနေတာ
ReplyDeleteခုတော့ စပိုင်ချစ်သူကို အပြေးအားပေးသွားတယ်နော်။
နေကောင်းတယ် မဟုတ်လားဝတ်ရည်
ဟင်းကောင်းကောင်းတွေလဲချက်ဦးး)
မောသွားတာပဲ စာရေးဆရာမလေးရေ...
ReplyDeleteအားပေးသွားတယ်
လာဖတ်သွားပါတယ်..
ReplyDeleteမိုက်တယ်.. ဂျပန်ကာတွန်းကားကြည့်နေရသလိုပဲ..
ရှိသမျှအားလုံးလဲဖတ်ပီးသွားပါပီ
ပြန်လာလည်ပါဦးနော်
http://3rdaphabet.blogspot.com