Wednesday, March 9, 2011

စပိုင်ချစ်သူ အခန်း-၁၀ လူလိမ် ဖော်ထုတ်ခြင်း



အခန်း-၁၀
လူလိမ် ဖော်ထုတ်ခြင်း

၁၂နာရီထိုးဖို့ ၁၅စက္ကန့်အလိုတွင် ဂျူဒိုကလပ်တံခါးကို ဆွဲဖွင့်လိုက်နိုင်သည်။ ကျွန်တော်နှင့် ကပ်လျှက် ဟာရုနှင့် လိုက်ပါလာကြသည်။ အခန်းထဲ ၀င်ဝင်ချင်းပင် ဂင်ထိုင်နေသော စားပွဲရှေ့သို့ ငွေရောင်သော့ ၃ချောင်းကို ပစ်တင်ပေးလိုက်၍ ဂင်သိသိသာသာကြီး မျက်နှာတစ်ချက် ပျက်သွား၍၊ 

ကျွန်တော် ။ ။ ဂင်၊ ငါမင်းထက် မညံ့ဘူးဆိုတာ အလုပ်နဲ့သက်သေပြလိုက်တာပဲ...
ဂါဂျက် ။ ။ ဒါပေမယ့် ခင်ဗျာ ၂စက္ကန့်နောက်ကျပြီမှ ရောက်တာ...
ကျွန်တော် ။ ။ ဘာ၊ ဘယ်မှာ ၂စက္ကန့်နောက်ကျလို့လဲ၊ ငါ၁၅စက္ကန့်တောင် စောရောက်လာတာ...
ဂါဂျက် ။ ။ ကျွန်ုပ်နာရီက ကမ္ဘာစံတော်ချိန်နဲ့တိုက်ထားတာ၊ မမှားနိုင်ဘူးဗျ...
ကျွန်တော် ။ ။ ဘာ...
ငြင်းခုံနေစဉ်၊ လက်ခုတ်တီးသံနှင့်အတူ ဆရာမရွှီ အခန်းထဲသို့ ၀င်လာပြီ၊ 

ဆရာမရွှီ ။ ။ မင်းတို့လေးတွေ အရမ်းကို တော်ကြတာပဲကွယ်။ ဒါနဲ့ မီနိုကိုယ်ပွားရောဟင်...
မေးလိုက်မှ မီနိုကိုယ်ပွား ကျွန်တော်တို့ အခန်းထိ မပါလာသည်ကို သတိပြုမိလိုက်သည်။ 

မီနို ။ ။ ဆရာမ၊ မီနိုပြန်ရုပ်သိမ်းလိုက်တာပါ... 
ဆရာမရွှီ ။ ။ ဘြော်အေး မီနို။ မင်းတို့လေးတွေ သော့ ၆ချောင်းကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ရှာနိုင်တယ်ဆိုတော့ သတင်းအချက်အလက် စုဆောင်းတဲ့ တာဝန်တော့ ပြီသွားပြီကွယ်။ နောက်လေ့ကျင့်ရေး အနေနဲ့ လိမ်နေတာကို ဖော်ထုတ်ကြည့်ရအောင်နော်... 
ကနွဲ့ကလျ၊ ဟန်ဆောင်ပြုံးဖြင့် နူးညံ့စွာ ပြောဆိုနေသော ဆရာမရွှီကို ကြည့်ပြီ ကျွန်တော် နားမခံနိုင်အောင် ဖြစ်နေတော့သည်။ 
ဆရာမရွှီ ။ ။ ဆရာမက အကြောင်းအရာတစ်ခုကို ပြောမယ်။ အဲဒီအကြောင်းအရာက မှန်လား၊ မှားလားဆိုတာတော့ ဆရာမပဲ သိတယ်။ အဲဒါကို တပည့်တို့တွေက ပြောတဲ့ လူရဲ့ ရုပ်နဲ့ အသံအနေအထားကို ကြည့်ပြီ လိမ်၊ မလိမ် ဖော်ထုတ်ပေးရမယ်...
ဆရာမရွှီ အပါအ၀င် အားလုံး အ၀ိုင်းပုံသဏန်ထိုင်ခုံတွေမှာ စုထိုင်လိုက်ကြသည်။
 
ဆရာမရွှီ ။ ။ ခုအရင်ဆုံး ဂင်က ပြောသူ၊ ယမ်ချာက ဖော်ထုတ်သူ အဖြစ် စလိုက်ရအောင်...
ဂင် မတ်တပ်ထရပ်လိုက်ပြီ မျက်နှာခပ် တည်တည်ဖြင့်၊

ဂင် ။ ။ ကျွန်ုပ် ၉နှစ် အရွယ်တုန်းက ဟောလီဝုဒ်မှာ ကလေးသရုပ်အဖြစ် ကမ်းလှမ်းခြင်း ခံရဖူးတယ်...
ဂင်ဆီက လုံးဝမမျှော်မှန်းထားတဲ့ အကြောင်းအရာကို ကြားလိုက်ရတော့ ဂင် လိမ်နေတာလား၊ တကယ်ပြောနေတာလားကို ဝေခွဲရခက်သွားတော့သည်။ ဂင်မျက်နှာကို အကဲခတ်ကြည့်လိုက်တော့ ညာမယ့်ပုံ မပြောပေ။ သူတမင် ကျွန်တော် လိမ်နေတယ်လို့ ထင်ယောင် ထင်မှားဖြစ်အောင် လုပ်နေတာဟု တွေးကာ၊

ကျွန်တော် ။ ။ ဂင်၊ မင်းအမှန်တိုင်း ပြောနေတာ မဟုတ်လား။ ငါသိသားပဲ ဟားဟားဟား...
ဂင် ။ ။ မဟုတ်ဘူး၊ ငါညာနေတာ...
ကျွန်တော် ။ ။ ကိန်...
နောက် ကျွန်တော်ဖော်ထုတ်ရမယ့် သူကတော့ ဟာရုပင်။ ဟီးဟီး၊ ဒီတစ်ခါတော့ လုံးဝ မမှားမှာ သေချာတယ်ဟု တွေးရယ်နေသည်။

ဟာရု ။ ။ ကျွန်တော် တောင်တက်တာ ၀ါသနာပါတယ်...
ဟာရုလို ပိန်းတဲ့ကောင်က ဒီလိုခက်ခဲတာတွေ လုပ်ချင်တယ်ဆိုတာ မဖြစ်နိုင်ဘူး၊

ကျွန်တော် ။ ။ မင်းလိမ်တာ...
ဟာရု ။ ။ အမှန်တိုင်း ပြောတာဗျ...
ကျွန်တော် ။ ။ ကိန်၊ ကိန်...
ဒီတစ်ခါတော့ ဂါဂျက်အလှည့်ပင်၊

ဂါဂျက် ။ ။ ကျွန်ုပ် မလှိုဝှက်တန်းပြောရရင် ခင်ဗျာထိုင်ခုံအောက်မှာ ဗုံးထောင်ထားတယ်...
ကျွန်တော် ။ ။ ဘာ၊ မင်းငါကို လိမ်မနေနဲ့။ ငါကြောက်မယ်များ ထင်နေလား...
ဂါဂျက် ။ ။ မယုံရင် ငုံ့ကြည့်ပါ့လား...
ကျွန်တော် မယုံသင်္ကာစိတ်ဖြင့် အောက်လည်း ငုံ့ကြည့်လိုက်ရော တကယ် ဗုံးထောင်ထားသည် ဖြစ်နေ၍ ကြောက်လန့်ကာ ထွက်ပြေးတော့သည်။ ခုဂင်၊ ဟာရု၊ ဂါဂျက် ၃ယောက်ကို ဖော်ထုတ်ပြီသည်အထိ တစ်ယောက်ကိုမျှ အမှန်တိုင် မဖော်ထုတ်နိုင် သေးပင်။ ဆရာမရွှီကလည်း ကျွန်တော်ကို သတ်ချင်သည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်။ နောက်ဆုံးအနေနဲ့ မီနိုကို ဖော်ရမှာ ဖြစ်သည်။ မီနိုက ကျွန်တော်ရဲ့ အိမ်နီးချင်းလည်းဖြစ်၊ ငယ်သူငယ်ချင်းလည်းမို့ သူကို ဖော်ထုတ်နိုင်ကောင်းပါရဲ့ဟု အားတက်သွားမိသည်။ မီနို ပါးလေး နှစ်ဖက် နီရဲနေပြီ၊

မီနို ။ ။ ငါ ကျောင်းခန်းထဲမှာ မုန့်ခိုးစားဖူးတယ်...
ဟီးဟီး ဒီတစ်ခါတော့ မှန်ပြီကွ ကြိမ်းဝါးရင်း၊ 

ကျွန်တော် ။ ။ ဟားဟား မီနို၊ နင်လိမ်နေတာပါ။ နင်ဒီလို မခိုးစားတတ်ဖူး ဆိုတာ ငါသိတာပေါ့...
မီနို ပါးလေးက အရမ်းကို ရဲတက်လာပြီ အသံ ထစ်ထစ်ငေါ့ငေါ့ဖြင့်၊

မီနို ။ ။ ယမ်ချာ။ ငါ... တကယ် ခိုးစားဖူးတယ်...
ကျွန်တော် ။ ။ ကိန်...
ဆရာမရွှီ ။ ။ နင်သေချာ မလေ့လာပဲ၊ လျှောက်ဖြေနေရကောင်းလားဟဲ့။ ခွက်...
ခေါင်းကို ခေါက်ချလိုက်တော့သည်။ အမှတ်စာရင်း ထွက်လာတော့ သုညဘဲဥကွဲပင်။ 

ဆရာမရွှီ ။ ။ ခု ယမ်ချာက ပြောမယ့်သူ လုပ်ရမယ့် အလှည့်ပါ...
ကျွန်တော် အလှည့်ကျရင် တစ်ယောက်မှ မဖြေနိုင်အောင် လုပ်အုန်းမှဟု တွေးရယ်လိုက်သည်။ ဖော်ထုတ်မယ့်သူက ဂင်ဖြစ်တာမို့ တမင် မခန့်မှန်းနိုင်အောင်၊

ကျွန်တော် ။ ။ ငါကို ကျောင်းသူရဲကြီးလို့ ခေါ်ကြတယ်...
ဂင် ။ ။ မှန်တယ်...
ကျွန်တော် ။ ။ မင်းဘယ်လို သိနေတာလဲကွ...
ဂင် ဘာမှ ပြန်မဖြေပဲ၊ ပြုံးစိစိဖြင့် ထွက်သွားတော့သည်။ 

ကျွန်တော် ။ ။ ကျွန်တော် သိပ္ပံပညာရှင်ကြီး ဖြစ်ချင်တယ်...
ဂါဂျက် ။ ။ မင်း လိမ်ပြောတာက ၉၈%ဖြစ်နိုင်တယ်။ မလိမ်တာက ၂%ပဲ ဆိုတော့ မင်းလိမ်နေတာ...
ကျွန်တော် ။ ။ ကိန်...
ဘာလို့ ကျွန်တော် ပြောသမျှကို ခန့်မှန်းနိုင်နေပါလိမ့်ဟု တွေးကာ ဒေါသထွက်နေမိသည်။ ဒီတစ်ခါ ဟာရု အလှည့်ဆို၍ ဟဲဟဲ ဟာရုတော့ ကျွန်တော် တစ်ချက်လှည့်ရုံစာပဲ ရှိပါတယ်ဟု တွေးလိုက်ကာ၊

ကျွန်တော် ။ ။ ငါ ခွေးကိုက်ခံဖူးတယ်...
ဟာရု ။ ။ ခင်ဗျာ အမှန်တိုင်း ပြောနေတာပဲ...
ကျွန်တော် ။ ။ မင်းလည်း ငါကို ခန့်မှန်းနိုင်တယ်။ မဖြစ်နိုင်တာ...
ဟာရု ။ ။ ဟဲ၊ ဟဲ၊ ဟဲ...
နောက်ဆုံး ဖော်ထုတ်မယ့်သူက မီနိုဖြစ်၍ သူမက ကျွန်တော် အကြောင်းတွေ အားလုံး နီးပါး သိနေသူမို့ သူမသိနိုင်သည်ကို တမင်စဉ်းစားပြီ၊

ကျွန်တော် ။ ။ ငါ အတွင်းခံဘောင်းဘီ မ၀တ်ထားဘူး...
မီနို ပါးလေး နီရဲတက်လာကာ၊
မီနို ။ ။ ဟို၊ ဟို၊ ဟို၊ နင် မညာဘူး ယမ်ချာ...
ကျွန်တော် ။ ။ ဘာ၊ နင်သိတယ်...
မီနို ဘယ်လို ကျွန်တော် အတွင်းခံဘောင်းဘီ မ၀တ်သည်က အစသိသည်ဟု စဉ်းစားကာ အရမ်းလန့်သွားတော့သည်။ နောက်မှ မီနိုရှေ့မှာ ဘောင်းဘီပြဲဖူးသည်ကို သတိရသွားပြီ ရှက်လွန်းလွန်းလို့ မျက်နှာတောင် မဖော်ရဲချိန်တွင် ဆရာမရွှီ ကျွန်တော်နားသို့ ရောက်လာပြီ၊

ဆရာမရွှီ ။ ။ ယမ်ချာ၊ နင် မိန်းခလေးတွေ ရှေ့မှာ ဒီလို ညစ်ပတ်တဲ့ စကားတွေ ပြောအုန်း။ ဒိန်ညောင်...
အဝေးသို့ ကန်ထုတ်လိုက်တော့သည်။ အားလုံး အလှည့်ကျပြောလို့ ပြီသွားရော၊

ဆရာမရွှီ ။ ။ တပည့်တို့ရေ ညနေမစောင်းခင် ပေါ့ပေါ့ပါးပါး တူတူပုန်းတန်း ကစားလိုက်ရအောင်...
ကျွန်တော် ။ ။ တူတူပုန်းတန်းက ကလေးကစားအလုပ်တွေပါ...
ဆရာမရွှီ ။ ။ စပိုင်ဆိုတာ ရန်သူအန္တာရာယ်ကလည်း ရှောင်တိမ်းပုန်းနိုင်ရတယ်ကွဲ့။ ဒါကြောင့် မင်းတို့ လေးတွေကို လေ့ကျင့်ပေးနေတာ။ ဒီဂျူဒိုကလပ်မှာ ပုန်းစရာ နေရာတွေမှ အများကြီးပဲ။ ဒါကြောင့် ဆရာမက ၁ကနေ ၁၀၀ အတွင်း မှတ်မယ် ၁၀၀ပြည့်ရင် အခန်းထဲ ပြန်ဝင်လာမယ်။ စပြီနော်...
ပြောကာ ဆရာမရွှီ ထွက်သွားတော့သည်။ ဒီဆရာမရွှီ သူမှာသူ တူတူပုန်းတန်း ကစားချင်ရင် ကစားချင်တယ်ပေါ့ တာဝန်လေး ဘာလေးနဲ့ဟု တွေးကာ ကြိမ်းဆဲနေသည်။ ကြိမ်းဆဲလို့လည်း ပြီရော လှည့်ကြည့်လိုက်ရာ စပိုင်လူငယ်အဖွဲ့ဝင် တစ်ယောက်မှ မတွေ့တော့ပေ။ ဘယ်အချိန်က ဘယ်နေရာတွင် ၀င်ပုန်းသွားသည်ကို မသိပေ။ ထိုအချိန်တွင် ဆရာမရွှီ ဂျူဒိုကလပ်တံခါး ပြန်ဖွင့်သံလည်း ကြားရော ကျွန်တော် အလျင်အမြန် စားပွဲခုံအောက်တွင် ၀င်ပုန်းလိုက်သည်။ ဆရာမရွှီတော့ ကျွန်တော်ကို မိတော့မှာပဲဟု တွေးကာ လန့်နေတုန်း၊

ဆရာမရွှီ ။ ။ တပည့်တို့တွေ ဆရာမလာပြီဟေ့...
စိတ်ထဲတွင် ပေါပဟု တွေးကာ အမြင်ကတ်နေမိသည်။ ဆရာမရွှီ တဖြည်းဖြည်း ကျွန်တော်နားသို့ နီးကပ်လာတော့သည်။ ဟင်၊ ကျွန်တော်ကို မိတော့မှာပဲဟု တွေးနေစဉ် ဆရာမရွှီ ကျွန်တော်တစ်ယောက်လုံးကို မမြင်ပဲ ကျော်ထွက်သွားတော့သည်။ ပြီတော့ တခြား စားပွဲအောက်တွေ၊ ဗီဒိုတွေ၊ အားလုံးကို မွှေနှောက်တော့သည်။ အချိန်တော်တော်ကြာ မွှေနှောက်သော်လည်း တစ်ယောက်မှကို မမိပေ။ နောက်တခါ ကျွန်တော်နားက ဖြတ်လျှောက်သွားပြန်သည်။ သို့သော်လည်း ကျွန်တော်ကို လုံးဝကို မတွေ့ပြန်သည်နှင့်  သည်းမခံနိုင်တော့ပဲ ပုန်းနေရာထွက်၍၊

ကျွန်တော် ။ ။ ဆရာမရွှီ၊ ကျွန်တော် တစ်ယောက်လုံးကို မမြင်ရအောင် မျက်လုံးကန်းနေလားဗျ...
ဆရာမရွှီ ။ ။ စပိုင်ဆိုတာ ရန်သူမမြင်အောင် ပုန်းတာအပြင်၊ စိတ်ရှည် သည်းခံနိုင်တဲ့ စွမ်းရည် ရှိမရှိကို လေ့ကျင့်နေတာဟဲ့...
ကျွန်တော် ။ ။ ကိန်...
ဆရာမရွှီ ။ ။ ကျန်တဲ့သူတွေ အားလုံး ထွက်ခဲ့ကြတော့...

ပြောသော်လည်း တစ်ယောက်တစ်လေမှ မထွက်လာ၍ ကျွန်တော်ကိုယ်တိုင် ပုန်းနိုင်သည့် နေရာ အားလုံး ရှာသော်လည်း တစ်ယောက်မှ မတွေ့ပေ။ ဟင်၊ သူတို့ ကိုယ်ယောင်ဖျောက်ထား တာလားဟု တွေးနေစဉ်၊ ဂျူဒိုကလပ်တံခါး ဖွင့်သံကြားလိုက်ရသည်။ ဂင်၊ဟာရု၊ မီနို၊ ဂါဂျက်တို့ ၄ယောက် လက်မှာ မုန့်တွေ ကိုယ်စီကိုင်ကာခုမှ အခန်းထဲသို့ ပြန်ဝင်လာမှ၊

ကျွန်တော် ။ ။ ဟင်၊ ကျွန်တော်ကျတော့ ပုန်းနေရပြီ မင်းတို့ကတော့ မုန့်သွားစား နေတယ်ပေါ့လေ...
ဂင် ။ ။ ကျွန်ုပ်တို့က ဒီလို ရူးရူးပေါပေါ အလုပ်တွေမှ မလုပ်ချင်တာ...
ကျွန်တော် ။ ။ ဆရာမရွှီ သူတို့ကို ပြောအုန်းလေ...
ဆရာမရွှီ ။ ။ ဟဲဟဲ၊ ဂင်တို့က ဗိုက်ဆာလို့ သွားစားတာ၊ စားပါစေ...
မသိချင်ယောင်ဆောင်ကာ သွားထိုင်နေသည်။ 

ဟာရု ။ ။ ယမ်ချာ သူငယ်ချင်းကြီး၊ ခင်ဗျာအတွက် မုန့်...
ကျွန်တော် ။ ။ ဒိန်ညောင်...
ဟာရု မျက်နှာတည့်တည့်ကို ကန်ထုတ်လိုက်ပြီ ငါကိုတော့ ထားခဲ့ပြီတော့ ခုမှ ဘာမုန့်လည်းဟု ဆဲဆိုလိုက်သေးသည်။ မီနို ကျွန်တော်ဘေးတွင် လာရပ်လျှက် ရှက်ကိုးရှက်ကန်း မျက်နှာလေးဖြင့်၊

မီနို ။ ။ ယမ်ချာ၊ ငါလည်း နင်အတွက် ဟိုဟို...
ကျွန်တော် ။ ။ မီနို ဘာလဲဟင်...
မီနို ။ ။ မုန့်ဝယ်ခဲ့တယ်။ ဒါပေမယ့် နင်မစားချင်လည်း ရပါတယ်...
ကျွန်တော် ။ ။ ဘာလို့ မစားချင်ရမှာလဲ...
စပ်ဖြီးဖြီးမျက်နှာဖြင့် မီနိုလက်ထဲမှ မုန့်ကို ပြေးယူလိုက်တော့သည်။ မီနိုကျွေးတဲ့ မုန့်ကို စားလိုက်ရတာ ဘယ်လို အရသာရှိမှန်းကို မသိပေ။

ဆရာမရွှီ ။ ။ တပည့်တို့တွေ ဆရာမတို့ နောက်ဆုံးအနေနဲ့ ရုပ်ပြောင်းရုပ်လွှဲ လေ့ကျင့်ရေးလေး လုပ်လိုက်ကြရအောင်...

ရုပ်ပြောင်းရုပ်လွှဲဟု ကြားလိုက်သည်နှင့် ကျွန်တော် အတော်ပင် စိတ်ဝင်စားသွားသည်။ စပိုင်လောကမှာ ရုပ်ပြောင်းရုပ်လွှဲပညာသည် အရေးပါသည့် အစွမ်းပညာရပ်တစ်ခု ဖြစ်သည်။

ဆရာမရွှီ ။ ။ ရုပ်ပြောင်းရုပ်လွှဲလုပ်ဖို့ အချိန် ၁၅မိနစ်ပေးမယ်။ ကိုယ်ကြိုက်နှစ်သက်ရာ ရုပ်ပုံကို ပြောင်းလဲနိုင်တယ်။ ရုပ်ပြောင်းရုပ်လွှဲလုပ်ရန် အခန်း၅ခန်း ပြင်ဆင်ပေးထားတယ်။ ဘယ်သူတွေ ဘယ်အခန်း ၀င်သွားလဲ မသိရအောင်။ အားလုံး မျက်စိကို အစည်းစည်းထားရမယ်...
မျက်လုံးကို အစည်းစည်းလိုက်ကြပြီ ဆရာမရွှီ ၀င်ခိုင်းတဲ့ အခန်းထဲသို့ စမ်းတ၀ါးဝါးဖြင့် ၀င်သွားတော့သည်။ အခန်းထဲရောက်တော့ အစည်းကို ဖြေချလိုက်သည်။ ရုပ်ပြောင်းရုပ်လွှဲ လုပ်ရန် လိမ်ချယ်ပစ္စည်းများ၊ မျက်နှာဖုံးတုများ၊ ဆံပင်တုများ၊ ၀တ်စုံများကို တွေ့တော့ အရမ်းကို ပျော်ရွှင်သွားမိသည်။ အင်၊ ကျွန်တော် ဘောလုံးသမား ဘက်ခမ်းနဲ့ တူအောင် ပြောင်းရင် ကောင်းမလား၊ ကိုရီယားအဆိုတော် ရိန်းနဲ့ တူအောင် ပြောင်းရင် ကောင်းမလား စဉ်းစားရခက်နေမိသည်။ 
နောက်ဆုံး ဂင်ကို လက်စားချေရန် အခွင့်ကောင်းပဲဟု တွေးမိ၍ ဂင်ရုပ်ပုံ ပြောင်းလိုက်တော့သည်။ ပြောင်းပြီ မှန်ထဲ ကြည့်လိုက်တော့ ဂင်နဲ့ အတော်ပင် တူ၍ ကိုယ်မှာကို အားရ ကျေနပ်နေမိသည်။ ဂင်သာ သူရုပ်ကို သူပြန်မြင်လိုက်ရရင် အလွန်ပင် လန့်သွားမည်ဟု တွေးကာ ဂျူဒိုကလပ်ထဲသို့ ပြန်လည်း ၀င်လာရော၊ ထိပ်လန့်သူမှာ ဂင်မဟုတ်ပဲ ကျွန်တော် ဖြစ်သွားတော့သည်။ ဘယ်လိုဖြစ်ပြီ ကျန်တဲ့ ၄ယောက်လုံးက ကျွန်တော် ရုပ်ပုံပြောင်းထားကြပါလိမ့်။ သူတို့ ပြောင်းထားသည်မှာ ပီပြင်လွန်းအားကြီးလို့ မသိတဲ့သူသာ ဆိုလျှင် ကျွန်တော်ဟုပင် အသေအချာ ထင်မှာ သေချာသည်။ ဆရာမရွှီလည်း အခန်းထဲ ပြန်ဝင်လာပြီ၊

ဆရာမရွှီ ။ ။ အားလုံး သိပ်ကောင်းတယ်ကွယ်။ ဂင်တစ်ယောက်၊ ယမ်ချာ ၄ယောက်ပေါ့။ ကဲ ဘယ်သူ ဂင်အစစ်လည်း၊ ဘယ်သူက ယမ်ချာအစစ်လည်း ခန့်မှန်းကြည့်ရအောင်...
အားလုံးရဲ့ လက်ညှိုးတွေ ကျွန်တော်ဆီသို့ ဦးတည်လိုက်ပြီ၊

အားလုံး ။ ။ ယမ်ချာ၊ ယမ်ချာ၊ ယမ်ချာ၊ ယမ်ချာ...
ကျွန်တော် ။ ။ မင်းတို့က မတရားဘူး။ ငါတစ်ယောက်ပဲ ကွဲမှာတော့ သိပြီပေါ့။ ဟိဟိဟိ...
ငိုကြွေးတော့သည်။ 

ဆရာမရွှီ ။ ။ ယမ်ချာ၊ မင်းခု ပြန်ခန့်မှန်းရမယ့် အလှည့်ပဲ...
ဂင် မင်းကို ငါကောင်းကောင်း ဖော်ထုတ်ပြမယ်။ တစ်ယောက်ချင်းစီရဲ့ အနီးအနားကနေ အကဲဖြတ်တော့သည်။ ပထမဆုံးယမ်ချာအတုက ဂင်ဖြစ်ဖို့ရာအရပ် ပုလွန်းနေသည်။ ဒါကြောင့် ဒုတိယယမ်ချာ အတုဆီသို့ ဦးတည်လာသည်။ ဒုတိယယမ်ချာအတု ကတော့ အရပ်အမောင်းအရ ဂင်လို့ ထင်လောက်ပေမယ့် မျက်နှာက ပြုံးစိပြုံးစိနဲ့ ရူးတူးပေါတော လုပ်နေ၍။ တတိယတစ်ယောက်ကို ဆက်လက် စစ်ဆေးပြန်သည်။ တတိယယမ်ချာအတုက မျက်နှာကိုက ခပ်တည်တည်၊ မာနအလွန်ထောင်လွှားကြောင်း သူရုပ်မှာ ပေါ်နေ၍ ဟုတ်ပြီဟု ဆုံးဖြတ်လိုက်ကာ၊

ကျွန်တော် ။ ။ သူပဲ...
အော်လိုက်တော့သည်။ 

ဆရာမရွှီ ။ ။ ဟုတ်မဟုတ်။ မျက်နှာဖုံးတွေ အားလုံး ချွတ်လိုက်ရအောင်...
မျက်နှာဖုံးလည်း ချွတ်လိုက်ရော ကျွန်တော်ဂင်ဟု ထင်သော တတိယမြှောက်လူမှာ ဟာရုဖြစ်နေပြီ၊

ဟာရု ။ ။ ယမ်ချာ၊ ကျွန်တော် ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားတာ ပီပြင်တယ်မလား...
ကျွန်တော် ။ ။ မပီပြင်ဘူး။ ဘယ်မှာလဲ ဂင်...
ဂင် ။ ။ ကျွန်ုပ်က ဒုတိယလူပါဗျ...
ကျွန်တော် ။ ။ ဒါဆို ခင်ဗျာဘာလို့ အရင်လို ခပ်တည်တည်မနေနဲ့။ ပြုံးစိစိ နဲ့ ရူးတူးပေါတော လုပ်နေရတာလဲ...
ဂင် ။ ။ ရုပ်ပြောင်းရုပ်လွှဲလုပ်တယ် ဆိုတာ ကိုယ် ပြောင်းလိုက်တဲ့လူရဲ့ အကျင့်စရိုက်အတိုင်း လိုက်တူအောင် လုပ်ရတာပဲဗျ...
ကျွန်တော် ။ ။ ဘာ...
ရန်ဖြစ်နေကြသဖြင့် ဆရာမရွှီက အလည်က ဖြန်ဖြေပေးတဲ့ အနေနဲ့၊
ဆရာမရွှီ ။ ။ ဒီနေ့လေ့ကျင့်တာကို ဒီမှာ ရပ်လိုက်ပါပြီကွယ်...
ဟု တစ်နေ့တာ စပိုင် Training ကို အဆုံးသတ်လိုက်တော့သည်။ 

ဆက်ရန်

3 comments:

  1. ချော(အစိမ်းရောင်လွင်ပြင်)March 9, 2011 at 11:00 AM

    ဟိဟိ တို့လည်း ရုပ်ပြောင်းရုပ်လွဲ တတ်ချင်လာပြီ
    ဆရာမရွှီကိုပြောပေးပါး)

    ReplyDelete
  2. တစ်ခုလောက်မေးလို့ရမလား အမ။ ဟိုတစ်နေ့က သမီးဖတ်တာက သူတို့တွေ တစ်ခုခုရှာဖို့ စခန်းတစ်ခုထဲကိုဝင်သွားကြတာ ယမ်ချာနဲ့ ဂင်ကို ခေါင်းဆောင်အဖြစ် ဆရာမရွှီက လွှတ်လိုက်တာ စခန်းထဲမှာ ယမ်ချာရှေ့ဆုံးက သွားရမယ့်အချိန်မှာ တစ်ပိုင်းပြီးသွားပြီး အခုအပိုင်းကတော့ အဲဒါမျိုးမဟုတ်ဘူးလိုပဲ။ သမီး ကြောင်တောင်တောင်ဖြစ်နေလို့ မေးကြည့်တာပါ။ အမ တင်သမျှစာတွေကို မလွှတ်တမ်းဖြစ်နေသူဖြစ်ပါသည်။

    ReplyDelete
  3. ဆော်ရီး Eskimo ရေ။ ဟုတ်တယ် အရင်တင်ထားတဲ့ အခန်း၁၀က အဟောင်းကြီးကို မှာတင်လိုက်တာ။ ခုဇာတ်လမ်းက ဂျူးလိယက် နည်းနည်း ပြန်ပြင်ထားတာ။ ဒါကြောင့် ဇာတ်လမ်းက မတူဘူး။ အခန်း-၉ကနေ ခုတင်တဲ့ အခန်း-၁၀ကမှ အမှန်ပါ။ ဆော်ရီးနော်။ ခုလို အမြဲအားပေးနေလို့ ကျေးဇူးအထူးပါနော်

    ReplyDelete