Sunday, March 13, 2011

စပိုင်ချစ်သူ အခန်း-၁၂ (အချစ်လုပွဲ)



အခန်း-၁၂

အချစ်လုပွဲ

စပိုင်တွေလည်း အခင်းဖြစ်ပွားသော နေရာတွင် ခြေချင်း ရှုတ်နေကြသည်။ ဥက္ကဌ၏ အလောင်းကို သယ်သွားသည့် ကားထွက်သွားသော တိုတိုယိုအဆောက်အဦး ရှေ့တွင်ပင် ကျွန်တော် မျက်တောင်တောင်မခတ်ပဲ မလှုပ်မရှပ်ထိုင်နေမိသည်။ အေးစက်နေသော ကျွန်တော်လက်တွေကို လာကိုင်၍၊

မီနို ။ ။ ယမ်ချာ၊ နင်စိတ်ဖြေမှပေါ့။ အရာအားလုံးက ဖြစ်ပြီသွားပြီလေ...
ဂါဂျက် ။ ။ ဟုတ်တယ်။ ငါတို့ နှစ်ယောက်သာ အချိန်မှီရောက်လာရင် အနည်းဆုံးတော့ ဆရာမရွှီကို ဖမ်းမိမှာပဲ...
ဟာရု ။ ။ ငါလည်း .x.x.x.x.x.x.x...
သူတို့ရဲ့ စကားပြောသံများကိုပင် ကျွန်တော် သဲသဲကွဲကွဲ မကြားရတော့ပေ။ တဖြည်းဖြည်းနဲ့ ကျွန်တော်ခေါင်းတစ်ခုလုံး ခြာခြာလည်ကာ ထိုနေရာတွင်ပင် လှဲကျသွားတော့သည်။

ဆာကေး ။ ။ ကိုကြီး၊ ကိုကြီး...
အသံနဲ့တူတူ ကျွန်တော် သတိပြန်လည်လာသည်။ ဆရာကီနှင့်တူတူ ဂင်လည်း ကျွန်တော်ဘေးတွင် ရပ်နေကြသည်။

ကျွန်တော် ။ ။ ငါ ဘယ်ရောက်နေတာလဲ...
ဆာကေး ။ ။ ကိုကြီး ဆေးရုံရောက်နေတယ်လို့ မီနိုဖုန်းဆက်လို့ ကျွန်တော်လိုက်လာခဲ့တာ...
ကျွန်တော် ။ ။ ဆရာကီ။ ဥက္ကဌကို ဆရာမရွှီ သတ်သွားတာ...
ဆရာကီ ။ ။ အေး ငါတို့အားလုံး သိပြီပါပြီ။ မင်းသာ နေကောင်းအောင်နေ။ ငါလည်း လုပ်စရာလေးရှိသေးလို့ သွားလိုက်အုန်းမယ်...

ဆရာကီအခန်းထဲမှ ထွက်သွားတော့သည်။ ကျောင်းအုပ်ပြောနေကျ စကားလေးတစ်ခွန်းကို ပြန်သတိရမိသေးသည်။ "ယမ်ချာ၊ မင်းဘွဲ့ရရင် ငါမှာ ရှိတဲ့ စည်းစိမ်တွေ အားလုံး ပေးရဲတယ်ကွာ။ မင်းသာ ဘွဲ့ရအောင် ကြိုးစားစမ်းပါ တပည့်ရာ" ဟု ကျွန်တော်ကို အမြဲအားပေး စကားပြောတတ်သည်။ ကျောင်းအုပ် ကျွန်တော်အသုံးမကျလို့ ဒီလိုအသတ်ခံရတာ၊ ကျွန်တော်ကိုယ် ကျွန်တော် မခွင့်နိုင်ဘူးဗျာ။ အမြဲလိုလို အလွန်နွေးထွေးသော အပြုံးဖြင့် ကြိုဆိုတတ်သော ကျောင်းအုပ်ကို ပြန်လည်မြင်ယောင်ရင်း၊

ကျွန်တော် ။ ။ ကျောင်းအုပ်...
ကျွန်တော် မျက်ဝန်းမှ မျက်ရည်များပင် စီးကျလာသည်။

ဆာကေး ။ ။ ကိုကြီးငိုရင် ကျွန်တော်လည်း ငိုချင်တယ်ဗျာ။ ဟိ၊ ဟိ၊ ဟိ...
ဆာကေး ကျွန်တော်ကို လာဖက်ပြီ ငိုတော့သည်။

ဂင် ။ ။ ဆာကေး စိတ်တော့ မရှိနဲ့ကွာ။ မင်းခဏလောက် အပြင်ထွက်ပေးနိုင်မလား။ ငါမင်းအစ်ကိုနဲ့ အရေးကြီး ပြောစရာရှိလို့...
ဆာကေး ကျွန်တော်ကို စိတ်ပူသော အကြည့်ဖြင့် လှမ်းကြည့်၍ ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။

ဆာကေး ။ ။ ဟုတ်။ ကျွန်တော် ခဏနေမှ ပြန်လာခဲ့မယ် ကိုကြီး...
ဆာကေး ကျွန်တော်ကို ကွက်ကြည့်ကွက်ကြည့်ဖြင့် အခန်းပြင်သို့ ထွက်သွားတော့သည်။ ဆာကေး ထွက်သွားမှ၊

ဂင် ။ ။ မင်း ကိုယ်တိုင် ဆရာမရွှီ ဥက္ကဌကို သတ်တာ မြင်ခဲ့တာလား...
ကျွန်တော် ။ ။ အဲဒီလိုတော့ မမြင်ဘူး။ ဒါပေမယ့် ဆရာမရွှီ၊ လသာဆောင်က ထွက်လာတော့ သူလက်မှာ သွေးတွေနဲ့။ ဒါနဲ့ ငါ ဥက္ကဌကို သွားကြည့်တော့ ဥက္ကဌ အသက်မရှိတော့ဘူးကွာ...
ဂင် ။ ။ ဆရာမရွှီ ဖြစ်လိမ့်မယ်လို့ ငါလည်း စကတည်းက ထင်တော့ထင်တယ်။ ဆရာကီ မဟုတ်တာတော့ သေချာသွားပြီ၊ ငါလည်း ဆရာကီနောက်ကို လိုက်ရင်းနဲ့ ဒီကိစ္စမှာ လစ်ဟာသွားတာ။ ဒါဆို ဆူဇူကီကို သတ်တာလည်း ဆရာမရွှီပဲ ဖြစ်ရမယ်...
ကျွန်တော် ။ ။ ဘာပဲဖြစ်ဖြစ် ငါ ဆရာမရွှီကို ရအောင်ဖမ်းမယ်။ ဒါမှ ဥက္ကဌအတွက် ငါဖြေသာနိုင်မှာ...
ဂင်ကျွန်တော် ပခုံးကို ပုပ်၍ အားပေးလိုက်သည်။ ဥက္ကဌ အသတ်ခံ လိုက်ရပြီနောက် ၃ပတ်လောက် တိုင်အောင် ကျွန်တော် အားလုံးနဲ့ အဆက်သွယ်ဖြတ်ပြီ အိမ်မှာ တစ်ယောက်ထဲ နေထိုင်နေသည်။ ဥက္ကဌ လုပ်ကြံခံလိုက်ရသည့် အဖြစ်အပျက်အားလုံးကို ကိုယ်တိုင်မြင်လိုက်ရ၍ အရမ်းကို ထိတ်လန့်တုန်ခါနေမိသည်။ ဘာမှ မတတ်နိုင်လိုက်သည့် ကျွန်တော်ကိုလည်း ခွင့်မလွှတ်နိုင်ပေ။ မီနို၊ အိမ်လာလည်ရင်တောင် ထွက်မတွေ့ခဲ့ပေ။ ဆာကေး ကျွန်တော် အခန်းတံခါးဖွင့်၍ ၀င်လာပြီ ကျွန်တော် ကုတင်ဘေးတွင် ၀င်ထိုင်လိုက်သည်။

ဆာကေး ။ ။ ကိုကြီး၊ မီနို ရှင်းပြလို့ ကျွန်တော် ဖြစ်ပျက်သမျှ အားလုံးကို သိပြီသွားပြီ...
ဆာကေး စကားကြောင့် ကျွန်တော် မျက်လုံး အနည်းငယ်ပြူးသွားမိသည်။ ကျွန်တော်စပိုင်ဆိုတာပါ ဆာကေးသိသွားပြီလားဟုပင်၊

ဆာကေး ။ ။ ကိုကြီးက စပိုင်ဆိုတာ ကျွန်တော်ကို ဘာလို့ မပြောပြခဲ့တာလဲ။ ကိုကြီး အခက်အခဲတွေ့နေချိန်မှာ ကျွန်တော်ရှိခဲ့သင့်တာပေါ့ဗျာ။ ကျွန်တော်တို့တွေ ညီအစ်ကိုရင်းတွေ မဟုတ်ဘူးလားဗျ...
ကျွန်တော် ။ ။ ဆာကေး ငါတောင်းပန်ပါတယ်။ ငါမင်းအပေါ် အကိုတစ်ယောက် မပီသခဲ့ဘူးကွာ...
ဆာကေး ။ ။ မဟုတ်ပါဘူး။ ကိုကြီးက ကျွန်တော်အတွက် တန်းဖိုးမဖြတ်နိုင်တဲ့ အကိုတစ်ယောက်ပါ...
ဆာကေးကို ပြုံးပြ၍ လက်မောင်းကို ဆုတ်ကိုင်လိုက်သည်။

ဆာကေး ။ ။ ကိုကြီး အိမ်ထဲမှာပဲ နေနေတာ မကောင်းဘူးဗျာ။ ကျွန်တော်နဲ့ အပြင်သွားရအောင်...
ဗီဒိုထဲမှ အကျီင်္ထုတ်ပေးပြီ အတင်းလဲခိုင်းကာ သူနှင့်အတူ အပြင်ကို ဆွဲခေါ်လာခဲ့သည်။ လာဆမ်နီးယားဆိုင်ရှေ့တွင် ကားကို ထိုးရပ်လိုက်ပြီ၊

ဆာကေး ။ ။ ကိုကြီး အကြိုက် လာဆမ်နီးယား သွားစားရအောင်။ လာပါဗျာ...
ဆာကေးဆွဲခေါ်သော နောက်သို့ လိုက်ပါသွားတော့သည်။ ခဏနေတော့ လာဆမ်နီးယားဆိုင်တွင်းသို့ မီနို၊ ဂင်၊ ဂါဂျက် နှင့်ဟာရုတို့ ၀င်လာကြပြီ၊

အားလုံး ။ ။ ဟိုင်း ယမ်ချာ...
နှုတ်ဆက်လိုက်သဖြင့် ကျွန်တော် အရမ်းအံ့အားသင့် သွားတော့သည်။ ဆာကေး သူတို့ကို လှမ်းအကြောင်းကြားထားပုံ ရသည်။

ဆာကေး ။ ။ လာကြ၊ လာကြ။ ကိုကြီးကို မနည်း အပြင်ဆွဲခေါ်လာခဲ့တာ...
အားလုံး ကျွန်တော်တို့နှင့် တ၀ိုင်းထဲမှာ စုထိုင်လိုက်ကြသည်။

ဂင် ။ ။ မင်းကို အရေးတကြီး တစ်ခုပြောစရာရှိတယ်။ မင်းသိရင် ၀မ်းသာမှာကွ...
ကျွန်တော် ။ ။ အင်း၊ ပြော...
ဂင် ။ ။ မီနို၊ ပြောပြလိုက်လေ။ နင်ဆီက ကြားရင် ပိုဝမ်းသာမှာပေါ့...
မီနို ။ ။ ငါတို့ ဆရာမရွှီပုန်းနေတဲ့ နေရာကို ခြေရာခံထားမိပြီ...
ကျွန်တော် ။ ။ ဟင်...
အလွန်ပင် ၀မ်းသာသွားမိသည်။ ဥက္ကဌအတွက် ကျွန်တော် လုပ်ပေးနိုင်သည်မှာ ဆရာမရွှီကိုဖမ်းပြီ စပိုင်အဖွဲ့သို့ အပ်ရန်သာဖြစ်သည်။

ကျွန်တော် ။ ။ ဒါဆို ခုသွားရအောင်...
ဂင် ။ ။ ယမ်ချာ၊ မင်းကလည်း စိတ်ကြီးပဲ သတင်း အတိအကျက မနက်ဖြန်နေ့လည် လောက်မှရမှာ။ ဒါကြောင့် ခုလုပ်ငန်းစလို့ မရသေးမယ့်တူတူ လျှောက်လည်ကြရင် မကောင်းဘူးလား...
ကျွန်တော် ။ ။ ငါသွားချင်စိတ် မရှိပါဘူးကွာ...
ဟာရု ။ ။ သူငယ်ချင်းကြီးကလည်း လိုက်ခဲ့ပါဗျာ...
ကျွန်တော် ။ ။ မင်းငါကို သူငယ်ချင်းကြီးလို့ မခေါ်နဲ့။ ဒိန်ညောင်...
ဟာရုကို ကန်ထုတ်လိုက်တော့သည်။ အားလုံးက ကျွန်တော်အရင်ပုံ ပြန်ဖြစ်သွား၍ ရယ်မှ ကျွန်တော်လည်း သူတို့နှင့်အတူ ပြန်ပြုံးရွှင်နိုင်တော့သည်။ အရင်ဆုံး ရုပ်ရှင်သွားကြည့်ရန် အားလုံးတူတူ ထွက်ခွာလာကြသည်။ ရုပ်ရှင်ရုံထဲလည်း ရောက်ရော မီနိုဘေးတွင် ထိုင်ရန် ဂင်၊ ကျွန်တော် နှင့် ဆာကေးတို့ သုံးယောက် လုကြရာ။ ၃ယောက်ကြား မျက်လုံးများမှ လျှပ်စီး ချောင်းများ အဆက်မပြတ်စီးနေပြီ ခုပဲ ထသတ်တော့မည့် အကြည့်ဖြင့် ကြည့်နေကြ၍၊

မီနို ။ ။ ယမ်ချာ၊ ဂင်၊ ဆာကေး ရန်မဖြစ်ကြပါနဲ့...
မီနို ပါးကလေး နီရဲတက်လာသည်။ နောက်ဆုံး သဘောတူညီချက်ဖြင့် မီနိုဘေးတွင် ဘယ်သူမှ မထိုင်တော့ပဲ။ ဟာရုကို ပေးထိုင်ခိုင်းလိုက်တော့သည်။

ဟာရု ။ ။ ခင်မျာတို့က ကျွန်တော်ကို မိန်းခလေးများ ထင်နေလို့လား။ ကျွန်တော်လည်း ယောကျာ်းလေးပါပဲဗျ..
၃ယောက် ။ ။ အေး မင်းမီနိုကို မျက်လုံးလေးနဲ့ ဆွေကြည့်ရဲကြည့်ကြည့် ဘာဖြစ်သွားမယ်ထင်လဲ...
ဟာရု ။ ။ ဟီးဟီး၊ အလကား နောက်တာပါဗျ။ ကျွန်တော်က မီနိုကို စိတ်မ၀င်စားပါဘူး၊ ယမ်ချာကိုပဲ...
ကျွန်တော် ။ ။ ဘာ။ ဒိန်ညောင်...
ဟာရုကို ကန်ထုတ်လိုက်ပြန်သည်။ ရန်ဖြစ်နေသော ကျွန်တော်တို့ ၃ယောက်ကြောင့် မီနိုလည်း ရုပ်ရှင်အစပိုင်းမှာပင် ရုပ်ရှင်ရုံထဲက ပြန်ထွက်လာရသည်။ ဂါဂျက်ကတော့ သူမှာပါလာသော မှတ်စုစာအုပ်တွင် ချရေးလိုက်၊ စဉ်းစားလိုက်ဖြင့် အလုပ်ရှုပ်နေသည်။

ဟာရု ။ ။ ခုကျွန်တော်တို့ ဘယ်သွားရင် ကောင်းအုန်းမယ်...
ဆာကေး၊ ဂင်နှင့် ကျွန်တော်တို့ ၃ယောက် ပြိုင်တူ ပြန်ဖြေလိုက်သည်မှာ၊
ပြိုင်တူ ။ ။ ဘယ်မှ မသွားဘူး...
ဂါဂျက် ။ ။ အချစ်ရေးရာကိစ္စတွေကို ကျွန်ုပ်က စိတ်တော့ မ၀င်စားဘူးဗျ။ ဒါပေမယ့် ကျွန်ုပ်တွက်ချက်ရတော့ ခင်ဗျာတို့ ၃ယောက်ထဲမှာ မီနိုချစ်တဲ့သူက ...
စကားကို ဆက်မပြောပဲ တိုးလို့တန်းလန်းထား၍ ဂါဂျက်နားသို့ကပ်လာပြီ၊

ကျွန်တော် ။ ။ ဂါဂျက် မင်းမြန်မြန်ပြောစမ်း ဘယ်သူလဲ။ ငါလို့ပြောရင် မင်းကို ယမ်း ၁သန်းအကုန်ပေးမယ်...
ဂင် ။ ။ ယမ်ချာက ယမ်း ၁သန်းပေးမယ်ဆိုရင် ကျွန်ုပ်က ယမ်း ၂သန်း ပေးမယ်ဗျို့...
ဆာကေး ။ ။ ဟိ၊ ဟိ ကျွန်တော်မှာတော့ ဘာမှ ပေးစရာမရှိဘူး...
ဆာကေး ငိုနေတော့သည်။ ဂါဂျက်က စိတ်ရှုပ်လာတဲ့ အကြည့်ဖြင့်၊

ဂါဂျက် ။ ။ ခင်ဗျာတို့ ပေးတဲ့ငွေတွေလည်း မလိုချင်ဘူး။ သိချင် ကိုယ်တိုင် မီနိုသွားမေးပါ့လား။ သူရဲဘောကြောင်တဲ့ သူတွေ...
ပြောကာထွက်သွားတော့သည်။ ဂါဂျက်က ကိုယ်တိုင်သွားမေးရန် ပြောခဲ့သဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီ မီနိုနားသို့ မသိမသာ ချဉ်းကပ်သွားကြသည်။ အနားရောက်တော့ ဆာကေးကို တံတောင်တွတ်၍၊

ကျွန်တော် ။ ။ ဆာကေး၊ မင်း မီနိုကို မေးလိုက်လေ...
ဆာကေး ။ ။ မမေးရဲပါဘူး။ ကိုကြီး မေးပါ့လား...
ကျွန်တော် ။ ။ အဲဒါဆို ဂင်၊ ခင်မျာ မေးလိုက်...
ပြောလိုက်ရာ ဂင်နှာခေါင်းမှာ သွေးတွေ လျှံကျလာပြီ ရှက်ကာ ထွက်ပြေးသွားတော့သည်။ ဆာကေးကလည်း မျက်နှာလွှဲကာ မသိချင်ယောင်ဆောင် နေသည်။ တော်တော် အသုံးမကျတဲ့ ကောင်တွေ သူတို့ မပြောရင်နေ ကျွန်တော်ကိုယ်တိုင်ပဲ သွားပြောမယ်ဆိုကာ ထွက်လာခဲ့သည်။ မီနိုကလည်း ပါးလေးက နီရဲက မျက်နှာကို အောက်သို့ ငုတ်ထားသည်။ နောက်ဆုံး ကျွန်တော်အရဲစွန့်ပြီ၊

ကျွန်တော် ။ ။ မီနို...
မီနို ။ ။ ဟင်...
ကျွန်တော် ။ ။ ဟို၊ ငါတို့ နင်ကို ချစ်တယ်...
မီနို ။ ။ အမ်...
ကျွန်တော် ။ ။ ငါတို့ ဆိုတာ ငါရယ်၊ ဂင်ရယ်၊ ဆာကေးရယ် သုံးယောက်ကို ပြောတာ။ ဟဲဟဲဟဲ...
မီနိုက ဂင်နဲ့ ဆာကေးကို လှမ်းကြည့်တော့ သူတို့နှစ်ယောက်လည်း ဟုတ်တယ်ဆိုသည့် လက္ခဏာဖြင့် ပြုံးကာ လက်ထောင်ပြကြသည်။ ကျွန်တော်၊ မီနိုနဲ့ နှစ်ယောက်ထဲ ချစ်ခွင့်ပန်ရန် အခွင့်အရေးများစွာ ကြုံခဲ့သော်လည်း ကျွန်တော် ပြောမထွက်ခဲ့ပေ။ ဒီနေ့မှ ဘယ်လို ကျွန်တော်ပါးစပ်ထဲက ချစ်တယ်ဆိုသည့် စကားကို လူအများရှေ့မှာမှ ပြောမိရက်သား ဖြစ်သွားတော့သည်။ မီနိုပါးလေး နှစ်ဖက်လုံး နီရဲလာပြီ စိတ်လှုပ်ရှားလွန်း၍ ကိုယ်ပွားလည်း ခွဲထွက်သွားရော၊

ကျွန်တော် ။ ။ အားလုံးပြေးကြ၊ မီနို ကိုယ်ပွားလာပြီကွ...
မီနိုကိုယ်ပွား ။ ။ နင်တို့ ၃ယောက်လုံးကို ငါအသေသတ်မယ်။ ပြေးလို့ လွှတ်မယ် မထင်နဲ့...
ကျွန်တော်တို့ သုံးယောက် မနည်း အသက်လုကာ လစ်ခနဲနေအောင် ထွက်ပြေးသွားကြတော့သည်။

-----------------------------------------------------

4 comments:

  1. မိုက်ပါပေ့
    ငါတို့ နင့်ကိုချစ်တယ်တဲ့.. :D

    ReplyDelete
  2. ဟီးဟီး အပြင်မှာ အဲဒါလို သွားပြောရင် ကောင်မလေးက ပါးရိုက်လွှတ်မှာ သေချာတယ်နော်... :)

    ReplyDelete
  3. ချော(အစိမ်းရောင်လွင်ပြင်)March 14, 2011 at 10:41 AM

    ရည်းစားစကား ပြောနည်းလေး သဘောကျတယ်
    သူငယ်ချင်း ၃ယောက်ပေါင်းပြီး လက်ရေးတစ်ယောက်တစ်မျိုးစီရေးပြီးပေးတဲ့ စာတစ်စောင်ကို သတိရသွားတယ်း)

    ReplyDelete
  4. ချော(အစိမ်းရောင်လွင်ပြင်)March 14, 2011 at 10:49 AM

    ရည်းစားစကား ပြောနည်းလေး သဘောကျတယ်
    သူငယ်ချင်း ၃ယောက်ပေါင်းပြီး လက်ရေးတစ်ယောက်တစ်မျိုးစီရေးပြီးပေးတဲ့ စာတစ်စောင်ကို သတိရသွားတယ်း)

    ReplyDelete