Saturday, March 19, 2011

စပိုင်ချစ်သူ အခန်း-၁၃ ဆရာမရွှီကို ဖမ်းဆီးခြင်း


အခန်း-၁၃
ဆရာမရွှီကို ဖမ်းဆီးခြင်း

အိမ်ပြန်လမ်းတွင် ကျွန်တော် တစ်ယောက်ထဲ လေချွန်ရင်း လမ်းလျှောက်လာစဉ် အမျိုးသားတစ်ဦး ကျွန်တော်ပခုံးကို ၀င်တိုက်ကာ ဆော်ရီးဟုပင် မပြောပဲ ပြေးထွက် သွားလေတော့သည်။ 

ကျွန်တော် ။ ။ ဟေ့ကောင် လမ်းလျှောက်တာ မျက်လုံး မပါဘူးလား...
အော်ဆဲဆို လိုက်သေးသည်။ လမ်းပေါ်တွင် ထိုအမျိုးသား ပြုတ်ကျကျန်ခဲ့တဲ့ ဖိုင်တစ်ခုကိုတွေ့၍၊

ကျွန်တော် ။ ။ ဟေ့ဟေ့၊ ခင်မျာ ဖိုင်...


ကျွန်တော်အော်ပြောသည်ကို ကြားပုံ မပေါ်ပဲ လမ်းကြားထဲသို့ ပြေးဝင်သွားတော့သည်။ ဒီဖိုင်ကို ဘယ်လို ပြန်ပေးရမှာလဲ၊ လွှတ်ပစ်လိုက်တာပဲ ကောင်းပါတယ်ဟု တွေးလိုက်ကာ လမ်းဘေးက အမှိုက်ပုံးထဲသို့ ဖိုင်ကို ပစ်ထည့်လိုက်သည်။ ပြီမှ ဖိုင်ကို ချက်ချင်း ပြန်ကုန်းကောက်လိုက်ပြီ ဖိုင်ပေါ်မှ စာသားကို သေချာ ဖတ်ကြည့်လိုက်သည်။

ကျွန်တော် ။ ။ ဆူဇူကီ အမှုတွဲ...
ဆူဇူကီအမှုတွဲ ဆိုပါ့လား၊ ဒါဆို ခုနကလူ တမင်ချခဲ့တာ ဖြစ်ရမည်။ ဖိုင်ထဲမှ စာရွက်စာတမ်းတွေကို ကျွန်တော်ဂါကင်အင်္ကျီထဲတွင် သိမ်းလိုက်ပြီ ဖိုင်အလွှတ်ကို အမှိုက်ပုံးထဲသို့ ပစ်ခဲ့ပြီ အိမ်သို့ ခပ်သွက်သွက် လမ်းလျှောက်လာခဲ့သည်။ အိမ်သို့ ရောက်ရောက်ချင်းပင် ကျွန်တော် အိမ်ခန်းထဲသို့ ၀င်ပြီ တံခါးသော့ကို ချထားလိုက်သည်။ အမှုတွဲ စာရွက်စာတမ်းများကို တရွက်လှန် ဖတ်ပြီတိုင်း မျက်ခုံးပိုလှုပ်လာမိသည်။ ဆူဇူကီအမှုတွဲနှင့်အတူ စာတစ်စောင်တွေ့၍ ဖတ်ကြည့်လိုက်သည်။ 

စာစောင် ။ ။ ခင်မျာတို့ကို ဖုန်းဆက်သူက ကျွန်ုပ်ပဲ။ ဆရာမရွှီကိစ္စကို လုံးဝ ဆက်မစုံစမ်းပါနဲ့။ ခင်မျာတို့တွင် အသက်အန္တာရာယ်ရှိသည်။ ဒီစာကိုဖတ်ပြီသည်နှင့် စာရွက်စာတမ်းတွေနဲ့ အတူ မီးရှို့လိုက်ပါ...

တံတွေးတွေကိုပဲ လှိမ့်ကာ မျိုချနေမိသည်။ ဒီစာရွက်စာတမ်းတွေကို ဆရာကီဆီအပ်ရင်ကောင်းမလား၊ ကျွန်တော် ဘာဆက်လုပ်ရမှန်း မသိတော့ပေ။ ဒါပေမယ့် ဒါတွေသိမ်းထားလို့ ကျွန်တော်မှာ အန္တာရာယ်ပိုရှိသည်ဟု တွေးလိုက်မိသည်။ ထိုချိန်တွင် ကျွန်တော် အခန်းတံခါးကို အပြင်က တစ်ယောက်ယောက် တွန်းဖွင့်နေ၍ ရင်ထဲ အေးခနဲ ဖြစ်သွားတော့သည်။ ဗီဒိုအံ့ဆွဲထဲမှာ သိမ်းထားသော မေ့ဆေးသေနတ်ကို ထုတ်ကာ မောင်းကို ချိန်လိုက်ပြီ၊

ကျွန်တော် ။ ။ ဘယ်သူလဲ...
ဆာကေး ။ ။ ကိုကြီး၊ ကျွန်တော်ပါ။ ဘာလို့ တံခါးကို သော့ပိတ်ထားရတာလဲ။ ဖွင့်စမ်းပါအုန်း...
ကျွန်တော် ။ ။ ခဏနေအုန်း... 
ကျွန်တော် အရုပ်တွေ ထည့်ထားသော သံဗုံးထဲမှ အရုပ်တွေကို သွန်ချလိုက်သည်။ သံဗုံးထဲကို စာရွက်စာတမ်းများ အလျင်အမြန် ထိုးထည့်ပြီ မီးခြစ်ကို လိုက်ရှာတော့သည်။ ရှိသမျှ အခန်းထဲမှ ပစ္စည်းအားလုံး မွှေနှောက်ကာ ဆူညံ့နေတော့သည်။ အပြင်မှ ဆာကေးကလည်း စိတ်ပူပုံဖြင့်၊

ဆာကေး ။ ။ ကိုကြီး အထဲမှာ ဘာတွေ လုပ်နေတာလဲ... 
ကျွန်တော် ။ ။ ခဏ...
နောက်ဆုံး မီးခြစ်ရှာတွေ့တွေ့ချင်းပင် ဆူဇူကီအမှုတွဲ အားလုံးကို မီးရှို့ပစ်လိုက်သည်။ 

ဆာကေး ။ ။ ကျွန်တော် စိတ်ပူလာပြီ၊ ဖွင့်နော်။ ကျွန်တော် တံခါးဖျက်ပြီ ၀င်လာတော့မယ်...
ဆာကေး တံခါးကို ဖျက်ခါနီးမှ ကျွန်တော် ဆွဲဖွင့်လိုက်နိုင်သည်။ နှဖူးပေါ်မှ ကျလာသော ကျွန်တော်ချွေးများကို လက်ဖြင့် သုတ်လိုက်ပြီ၊

ကျွန်တော် ။ ။ ဘာလဲပြော။ ငါအခန်းပွနေလို့ မ၀င်နဲ့...
ဆာကေး ။ ။ မရဘူး...
ပြောကာ အတင်းတိုးဝင်တော့သည်။ အခန်းထဲလည်း ရောက်ရော တစ်ခန်းလုံး အနှံ့ ပြာမှုန့်များနှင့် ပျံ့ကြဲနေသော ပစ္စည်းများကိုမြင်ပြီ ဆာကေး အရမ်းအံ့အားသင့်စွာဖြင့်၊

ဆာကေး ။ ။ ကိုကြီး ဒါ၊ ဒါ ဘယ်လို ဖြစ်တာလဲ...
ကျွန်တော် ။ ။ ဘာမှ မဟုတ်ပါဘူး...
ဆာကေး ။ ။ ကိုကြီးက ကျွန်တော်ကို မယုံဘူးဆိုတဲ့ သဘောလား...
ကျွန်တော် ။ ။ အဲဒီလို မဟုတ်ပါဘူးကွာ...
ဆာကေး ။ ။ ရပါတယ်။ ကိုကြီး ကျွန်တော်ကို မယုံမှတော့ ကျွန်တော်အိမ်က ထွက်သွားပေးမယ်...

ဆာကေး စိတ်ဆိုးကာ အိမ်က ထွက်ရန် တံခါးမကို ဆွဲဖွင့်လိုက်မှ ကျွန်တော် တံခါးကို ပြန်တွန်းပိတ်လိုက်သည်။ 

ကျွန်တော် ။ ။ အေး ငါပြောပြမယ်။ ဒါပေမယ့် အဲဒီအကြောင်းတွေ မင်းသိရင် မင်းမှာလည်း အသက်အန္တာရာယ် ရှိတယ်...
ဆာကေး ။ ။ ကိုကြီး ကျွန်တော်တို့တွေ ဘယ်သူတွေမို့လဲ။ ညီအစ်ကိုရင်းတွေလေ။ ပြေးကြည့်ရင် ကိုကြီးနဲ့ ကျွန်တော်နှစ်ယောက်ပဲ ရှိတာ။ ကိုကြီးကိစ္စ ကျွန်တော်ကိစ္စပဲပေါ့...
ကျွန်တော် ။ ။ အေးကွာ။ မင်းရှိလို့ ငါအသက်ရှင်နေနိုင်တာ...

ဆာကေး ပခုံးကို ပုပ်လိုက်ပြီ ကျွန်တော် ဒီနေ့ဖိုင်ရပုံ၊ စာရွက်စာတမ်းထဲမှ အကြောင်းအရာတွေကို အသေးစိတ် ဆာကေးကို ရှင်းပြလိုက်သည်။ ကျွန်တော်လည်း ရှင်းပြပြီရော ဆာကေး ထိပ်လန့်ကာ မျက်နှာတစ်ခုလုံး ဖြူဖွေးသွားပြီ၊

ဆာကေး ။ ။ ကိုကြီး၊ ဆရာမရွှီဖမ်းမယ့် အစီအစဉ်ကို လက်လျှော့လိုက်ပါ။ ဒီအတိုင်းဆို ကိုကြီးမှာ အသက်အန္တာရာယ်ရှိတယ်...
ကျွန်တော် ။ ။ အေးပါ။ ငါသိပါတယ်...
ဟု ဆာကေး ကျေနပ်အောင် တမင်ပြောလိုက်သည်။ ညနေပိုင်းရောက်တော့ ဆာကေးက စိုးရိမ်လွန်ပြီ အိမ်တံခါးအားလုံးကို သော့တွေ အသေအချာ လိုက်ခတ်တော့သည်။ ကျွန်တော်ကိုလည်း စိတ်မချသည်နှင့် ကျွန်တော်အခန်းထဲပင် လာအိပ်သေးသည်။ ဆာကေးကို မအိပ်ခင် ဖျော်ရည်ထဲမှာ အိပ်ဆေးထည့်လိုက်၍ ကျွန်တော် မနက်မိုးမလင်းခင် အပြင်ထွက်သွားသည်ကို ဆာကေး မသိလိုက်ပေ။ ဂင်တို့အဖွဲ့နှင့် ချိန်းထားသော နေရာသို့ ရောက်လာသည်။ 

ဂင် ။ ။ ယမ်ချာ၊ ကျွန်ုပ်တို့ ဒီမနက်ပဲ ဆရာမရွှီ ပုန်းနေတဲ့နေရာ အတိအကျကို ရပြီ။ ဒါကြောင့် စလှုပ်ရှားရအောင်...
ကျွန်တော် ။ ။ အေး စလိုက်ရအောင်...
ကျွန်တော်တွေ့ရှိထားသည့် ဆူဇူကီအမှုတွဲနှင့် ပတ်သက်ပြီ ဂင်တို့ကို ခုလောလောဆယ် အသိပေးလို့ မဖြစ်သေးပင်။ တော်ကြာ ဆရာမရွှီဖမ်းမည့် ကိစ္စကို လက်လျှော့လိုက်မှာ စိုးသောကြောင့် ဖြစ်သည်။ 

ကျွန်တော် ။ ။ ခုဆရာမရွှီ ဘယ်မှာပုန်းနေတာလဲ...
ဂင် ။ ။ ပီကင်း...
ကျွန်တော် ။ ။ ကိန်...
ဒီဆရာမရွှီတော့ ကျွန်တော်တို့ကို ဒုက္ခပေးချင်လို့ တမင် ပီကင်းအထိတောင် သွားရောက် ပုန်းခိုနေသေးသည်ဟု ကြိမ်းဆဲမိလိုက်သည်။ ကျွန်တော်က လေယဉ်စီးရမှာကို အရမ်းကြောက်သူ ဖြစ်တာမို့၊

ကျွန်တော် ။ ။ ကျွန်တော် လေယဉ်ပျံတော့ မစီးပါရစေနဲ့...
ဟာရု ။ ။ ယမ်ချာ၊ ကျွန်တော်လည်း မစီးချင်ဘူး...
ဂါဂျက် ။ ။ ခင်မျာတို့ကိုလည်း လေယဉ်ပျံ မစီးခိုင်းပါဘူးဗျ။ ဒုံးကျဉ်ရထားနဲ့ပဲ သွားမှာပါ...
ကျွန်တော် ။ ။ ဒုံးကျဉ်ရထားက ပီကင်းအထိတောင် ပေါက်တယ်...
ဂါဂျက် ။ ။ ဒါပေါ့...
ကျွန်တော် ဒုံးကျဉ်အမြန်ရထားပေါ်သို့ တက်လိုက်ကြသည်။ မီနိုဘေးတွင် သွားကပ်ထိုင်လိုက်ပြီ တိုးတိုးလေး ပြောလိုက်သည်မှာ၊

ကျွန်တော် ။ ။ မီနို မနေ့က ငါပြောခဲ့တဲ့ ၃ယောက်ထဲမှာ ဟိုနှစ်ယောက်ကို ဖြုတ်လိုက်...
မီနို ။ ။ အင်း... မှားလို့ မအင်းဘူး... ဟို အင်းတယ် ရှုတ်ကုန်ပါပြီ...
မီနို ရှက်ကာ မျက်နှာတစ်ခုလုံး နီရဲနေတော့သည်။ ဒီလို ရှက်နေတဲ့ မီနို မျက်နှာလေးကိုပင် ကျွန်တော် စိတ်ထဲက သဘောကျနေမိသည်။ ကျွန်တော်တို့ နှစ်ယောက် ပြောနေသည်ကို ဂင်က ကြားပုံမပေါ်ပဲ၊ မြေပုံကိုကြည့်၍ ဂါဂျက်နှင့်တိုင်ပင်ကာ အစီအစဉ်ဆွဲနေတော့သည်။ ၁၅မိနစ်အတွင်းပင် ပီကင်းသို့ ဒုံးကျဉ်ရထား ဆိုက်ရောက်လာတော့သည်။ ဒီဒုံးကျဉ်ရထား တစ်စင်းလောက် တက္ကသိုလ်နဲ့ လာဆမ်နီးယားဆိုင်ကို ဖောက်ထားရင် သိပ်ကောင်းမှာပဲဟု တွေးနေမိသည်။ ပီကင်းမြို့သို့ ရောက်သည်နှင့် မော်တော်ကားထက်၊ စက်ဘီးတွေကိုသာ လိမ့်ကာ ရှောင်နေရသည်။ ဂင်သွားရာ နောက်သို့ ကျွန်တော်တို့ လိုက်ပါသွားသည်။ ပီကင်းမြို့လည် တရုတ်ကုန်စုံဆိုင်တစ်ခုထဲသို့ ကျွန်တော်တို့ ၀င်လာကြသည်။ ဆိုင်ပိုင်ရှင် တရုတ်အဘိုးကြီးနှင့် ဂင်နှင့် စကားပြောနေသည်ကို ဘာမှ နားမလည်စွာ နားထောင်နေမိသည်။ 

ဂင် ။ ။ အီရှောင်ဝါး၊ အီရှောင် ၀ါရှောင် သွေ့သွေ့ရှောင်...
ဆိုင်ရှင် ။ ။ ကွေ့ရှောင်၊ ရှေ့ဟောင်၊ တည့်တည့်ရှောင်...
ဟုတရုတ်အဘိုးကြီးနှင့် အပြန်အလှန်စကားပြောနေသည်ကို ကြည့်ပြီ ဂင်ကို အနည်းငယ် အထင်ကြီးသွားမိသည်။ ဂင်က စပိုင်အစီစဉ်ဆွဲသူ ဖြစ်ရုံတင်မက၊ သူ၏ တခြားစွမ်းရည်မှာ ဘာသာစကား အမျိုး ၂၀ကျော် ပြောနိုင်ခြင်း ဖြစ်သည်။ 

ဂင် ။ ။ ကျွန်ုပ်တို့ သွားနေတဲ့ နေရာကို သိပ်မကြာခင် ရောက်တော့မှာမို့။ အားလုံး သတိဝိရိယတော့ ထားစေချင်တယ်...
အားလုံး ။ ။ ဟိုက်...
ထို့နောက် ကျွန်တော်တို့ သွားရင်း တည်းခိုခန်းတစ်ခုရှေ့နားတွင် ဂါဂျက်က ရပ်ရန် သင်္ကေတကို ပြလိုက်သည်။ တီ၊ တီ အသံနှင့် သူလက်ထဲမှာ ကိုင်ထားသော နေရာပြစက် မှအချက်ပေးနေ၍ ဖြစ်သည်။

ဂင် ။ ။ အားလုံး တတိယထပ်ကို သွားမယ်။ နှစ်ခုခွဲပြီ သွားမယ် ယမ်ချာနဲ့ ဟာရုက ညာဘက်လှေခါးက သွား။ ကျွန်ုပ်တို့က ဗယ်ဘက်လှေခါးက တက်မယ်။ စရအောင်...
ဂင်တို့ အရင်ထွက်သွားတော့သည်။ ဘာလို့ ကျွန်တော်ကို ဟာရုဆိုတဲ့ ငပြိန်းနဲ့ အမြဲတွဲပေးသည်ဟု တွေးကာ ဒေါသထွက်နေမိသည်။ ဟာရုကတော့ စပ်ဖြီးဖြီးရုပ်ဖြင့်၊

ဟာရု ။ ။ ယမ်ချာ သူငယ်ချင်း၊ သွားရအောင်လေ...
ကျွန်တော် ။ ။ ငါသိတယ် ဆရာမလုပ်နဲ့...
ဟု ပိတ်ငေါက်ကာ ညာဘက်လှေခါးမှ တတိယထပ်သို့ သတိဝိရိယဖြင့် တက်လာခဲ့သည်။ ကျွန်တော် ခါးကြားထဲမှ မေ့ဆေးသေနတ်ကိုလည်း ထုတ်ကာ မောင်းချိန်ထားလိုက်သည်။ တတိယထပ်သို့ ရောက်လျှင် ဂင်တို့ကလည်း တခြားလှေခါးမှ တက်လာသည်။ ဂင်က လက်ဟန်ဖြင့် ဆရာမရွှီရှိသော အခန်းထဲသို့ညွှန်ပြသည်။ ကျွန်တော်ကို နောက်ပေါက်မှ သွားရန် လက်ဟန်ဖြင့် ပြောနေသည်။ ဒါကြောင့် ဟာရုနှင့် ကျွန်တော် နောက်ဘက်တံခါးပေါက်သို့ ထွက်ခွာလာပြီ တံခါးကို ခြေဖြင့် ကန်ဖွင့်လိုက်ပြီ၊

ကျွန်တော် ။ ။ ဆရာမရွှီ၊ ခင်မျာ ပြေးမလွှတ်ပါဘူး...
ပြောစဉ် တခြား တံခါးပေါက်မှ ဂင်တို့လည်း ပြေးဝင်လာကြသည်။ အလှပြင်ထိုင်ခုံတွင် ထိုင်လျှက် ဆရာမရွှီ အားရပါးရ ထရယ်ကာ၊

ဆရာမရွှီ ။ ။ မင်းတို့လေးတွေ ဒီအထိတောင် လိုက်လာပြီမှ တရုတ်ပြည်က လက်ဖက်ရည်ချမ်းလေး သောက်သွားပါအုန်းကွယ်...
ကျွန်တော် ။ ။ ခင်မျာ အပိုတွေ ပြောမနေနဲ့။ ခင်မျာရဲ့ ဟန်ဆောင်မျက်နှာဖုံးကြီးကို ခွာချလိုက်စမ်းပါ။ ဥက္ကဌကို ဘာလို့ ခင်မျာသတ်တာလဲ ပြောလေ။ မပြောရင် ကျွန်တော်မေ့ဆေး သေနတ်ကျဉ်က ခင်မျာ ဦးနှောက်ထဲကို ပစ်လိုက်မှာနော်...
ပြောကာ ဆရာမရွှီ ကျောဘတ်ကို ချိန်ထားသော သေနတ်ကို ခေါင်းသို့ ပြောင်းချိန်လိုက်တော့သည်။ 

ဂင် ။ ။ ယမ်ချာ၊ ဆရာမရွှီ ဖမ်းဖို့ ငါတာဝန်ထားလိုက်။ မင်းစိတ်အေးအေးထား...
ကျွန်တော်လက်ထဲမှ မေ့ဆေးသေနတ်ကို လာယူသဖြင့် ဂင်ကို ပြန်တွန်းထုတ်လိုက်ပြီ၊

ကျွန်တော် ။ ။ ဂင်၊ ခင်မျာသာ ကျွန်တော် နေရာမှာဆိုရင် ဒီလို စိတ်ဆေးဆေး ထားနိုင်ပါ့မလား။ ဥက္ကဌက ကျွန်တော်ကို ဆွေးမျိုးသားရင်းလို ဆက်ဆံခဲ့တာ။ သူအသတ်ခံလိုက်ရတာတောင် ကျွန်တော် ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး။ ဖြစ်နိုင်ရင် ဒီမိန်းမကြီးကို အသေပါ သတ်ချင်တာ...
ဆရာမရွှီ ။ ။ ယမ်ချာ၊ မင်းကလည်း ငါနဲ့ ဘ၀တူပါပဲလား။ ဂင်၊ မင်းငါကို ဖမ်းမယ်ဆို လာဖမ်းလေ...
ဂင် ။ ။ ကျွန်ုပ် ခုဆရာမရွှီကို သွားဖမ်းမယ်...
ဂင် သူမှာပါလာသော လက်ထိပ်ကို ထုတ်လိုက်ကာ ဆရာမရွှီနားသို့ ဖြည်းဖြည်းချင်းချဉ်းကပ် သွားတော့သည်။ ဂါဂျက်နဲ့ ကျွန်တော်နဲ့က မေ့ဆေးသေနတ်ဖြင့် ဆရာမရွှီကို ချိန်ထားလိုက်သည်။ ဆရာမရွှီက ဟန်ဆောင်အပြုံးဖြင့် ရယ်လိုက်ကာ၊

ဆရာမရွှီ ။ ။ မင်းတို့အတွက် ရော့...
သူမအသင့် စီစဉ်ထားသော ပြာမှုန့်များဖြင့် ကျွန်တော်တို့ရှိရာသို့ ပက်လိုက်ရာ အားလုံး ရှုပ်ရင်းစံခတ် ဖြစ်ကုန်ကြသည်။ မျက်လုံးထဲကို ပြာမှုန်တွေ ၀င်သွားသဖြင့် ကျွန်တော်ဘာမှ မမြင်ရချိန်တွင်၊

မီနို ။ ။ အားအားအား...
မီနို အော်သံကို ကြားလိုက်ရ၍ မျက်လုံးကို တတ်နိုင်ဆုံးရအောင် ဖွင့်လိုက်သည်။ ဆရာမရွှီက မီနိုကို သေနတ်ဖြင့်ထောက်ပြီ ဓားစားခံလုပ်ထားသည်။ 

ကျွန်တော် ။ ။ ဆရာမရွှီ၊ ခင်မျာ မီနိုကို ဘာမှ မလုပ်နဲ့နော်...
ဂင်လည်း လှဲကျရာမှ ပြန်ကုန်းထလာပြီ၊
ဂင် ။ ။ မီနိုကို ပြန်လွှတ်ပေးပါဗျာ။ ကျွန်ုပ်တို့ ဆရာမရွှီကို ရန်မမူတော့ဘူးလို့ ကတိပေးပါတယ်...
ဆရာမရွှီ ။ ။ မင်းတို့လေးတွေကို ယုံရမယ်။ ဟားဟားဟား။ အေး မီနိုကို အသက်ရှင်လျှက် ပြန်လိုချင်ရင်၊ ဆူဇူကီနဲ့အတူ ပျောက်ဆုံးသွားတဲ့ သတင်းအချက်အလက်တွေ ထည့်ထားတဲ့ မန်မိုရီစတစ် (memory stick) နဲ့လာမယ့် စနေနေ့မှာ ဆူဇူကီပုန်းခဲ့တဲ့ ဒိုဖိုဂျူစံစက်ရုံမှာ လာလှဲချည်း...
ဂင် ။ ။ အဲဒီ မန်နီရီစတစ်ကို ဘယ်မှာ ရှာရမှန်း ကျွန်ုပ်တို့မှ မသိတာ...
ဆရာမရွှီ ။ ။ မင်းတို့ သိချင်ရင်၊ ယမ်ချာကို မေးကြည့်...
အားလုံးရဲ့ အကြည့်သည် ကျွန်တော်ဆီသို့ ဦးတည်လာကြသည်။ ဆူဇူကီအမှုတွဲ အကြောင်းကို ဖုံးကွယ်ထားမိသည့် ကျွန်တော်အပြစ်ကြောင့် ကျွန်တော် ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။ မီနိုကို ဓားစားခံလုပ်ကာ ဆရာမရွှီ ထွက်ပြေးသွားတော့သည်။ ကျွန်တော် နောက်မှ ပြေးလိုက်ချင်သော်လည်း ဂင်ကတား၍ ကျန်ရစ်ခဲ့ရသည်။ ကျွန်တော်တို့ ဒုံးကျဉ်ရထားဖြင့် နာဂိုယာသို့ ပြန်လာခဲ့သည်။ ပြန်ရာလမ်းတွင် ဆရာမရွှီကို မဖမ်းမိတဲ့အပြင် မီနိုပါ အဖမ်းခံလိုက်ရသဖြင့် အသုံးမကျတဲ့ ကျွန်တော်ကိုယ်ကို အပြစ်တင်နေမိသည်။ နာဂိုယာသို့ ပြန်ရောက်သည်နှင့်၊ 

ဂင် ။ ။ ဆရာမရွှီပြောသွားတော့ ဆူဇူကီနဲ့ အတူပျောက်သွားတဲ့ မန်မိုရီစတစ်နဲ့ ပတ်သက်ပြီ ခင်မျာသိတယ်ဆို။ အဲဒါ ဘာကို ပြောတာလဲ ကျွန်ုပ်တို့ နားမလည်ဘူး...
ကျွန်တော် ။ ။ ကျွန်တော် မနေ့ညနေက ဆူဇူကီအမှုတွဲကို လူတစ်ယောက်ဆီက ရလိုက်တယ်။ ဒါပေမယ့် ဖတ်ပြီပြီခြင်း မီးရှို့ပြီ လက်စဖျောက်ခဲ့တယ်။ ဆူဇူကီအမှုတွဲအပြင် စာတစ်စောင် ပါသေးတယ်။ စာထဲမှာ ဆရာရွှီကို လိုက်မဖမ်းဖို့ အသက်အန္တာရာယ်ရှိကြောင်း သတိပေးထားတယ်။ ဒါကို ခင်မျာတို့ကို ပြောပြရင်၊ ဆရာမရွှီကို ဖမ်းမည့်ကိစ္စကို လက်လျှော့လိုက်စိုးလို့ ကျွန်တော် တမင်မပြောပြခဲ့တာ...
ဂင် အလွန်စိတ်ဆိုးသော မျက်နှာဖြင့် ကျွန်တော် အကျီင်္ကို စောင့်ဆွဲပြီ၊

ဂင် ။ ။ မင်းကြောင့် ခုတော့ မီနိုအဖမ်းခံရပြီ်။ ဥက္ကဌကို သတ်သွားလို့ ဆရာမရွှီကိုဖမ်းချင်တာပဲ မင်းခေါင်းထဲမှာရှိတယ်။ မင်းက အလကားကောင်ပဲ။ ခွက်...
ကျွန်တော် မျက်နှာကို လက်သီးဖြင့် ပိတ်ထိုးလိုက်ရာ ကြမ်းပြင်ပေါ်သို့ လှဲကျသွားတော့သည်။ ဟာရုက ကျွန်တော်နားသို့ ပြေးလာပြီ၊

ဟာရု ။ ။ ယမ်ချာ၊ ခင်မျာ ဘာဖြစ်သွားသေးလဲ...
ကျွန်တော် ဟာရုကို တွန်းဖယ်၍  ပြန်ကုန်းထလိုက်ပြီ၊

ကျွန်တော် ။ ။ ဂင်၊ မင်း ထိုးချင်တပါ့ဆို ထပ်ထိုးဗျာ...
ဂင် ။ ။ အေး...
ဂင်ထပ်ထိုးရန် လက်ပြင်လိုက်၍ ကျွန်တော် မျက်လုံးကို စုံမှိတ်ထားလိုက်သည်။ ဂါဂျက်က ဂင်လက်ကို ဆွဲဖမ်းလိုက်ပြီ၊

ဂါဂျက် ။ ။ ခုချိန်မှာ ရန်ဖြစ်နေလည်း အကြောင်းမထူးဘူး။ မီနိုကို ကယ်ဖို့သာ စဉ်းစားကြစမ်းပါ...
ဂင် ။ ။ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်။ နောက်တစ်ခါဆို မင်း အသေပဲ...
ဂါဂျက် ။ ။ ယမ်ချာ၊ ဆူဇူကီအမှုတွဲမှာ ပါတဲ့အကြောင်းအရာတွေကို ပြောပြစမ်းပါအုန်း...
ကျွန်တော် ။ ။ ဆူဇူကီ အမှုတွဲထဲမှာ ဆူဇူကီ ကိုယ်ရေးရာဇာဝင်တွေ၊ ဆူဇူကီ အမှုကို လိုက်တဲ့စပိုင်တွေရဲ့ တင်ပြချက်တွေပဲ။ အရင်ဆုံး ဆူဇူကီ ကိုယ်ရေးရာဇာဝင် အရဆိုလျှင် ဆူဇူကီက ရိုးရိုးသာမန် စပိုင်တစ်ဦး မဟုတ်ဘူး။ သူက စပိုင် ဒုဥက္ကဌအဆင့်ရှိတယ်။ ဥက္ကဌအငြိမ်းစားယူရင် ဆူဇူကီက ဥက္ကဌနေရာမှာ ဆက်ခံမယ့်သူ။ ဆူဇူကီအမှုကို လိုက်ဖို့ တာဝန်ပေးအပ်ခဲ့ဖူးတဲ့ စပိုင်တွေကလည်း လက်ရွေးစင် စပိုင်တွေပဲ။ သူတို့ အားလုံး တင်ပြချက် အရ ဆူဇူကီက အင်မတန် ဥာဏ်များတဲ့ စပိုင်တစ်ဦး ဖြစ်တာမို့ အနှစ်၂၀လုံးလုံး သူ့နောက်လိုက်စုံစမ်းတာတောင် မန်မိုရီစတစ်ကို ရှာဖွေမတွေိ့ခဲ့ကြဘူး...
ကျွန်ုပ် စကားကြောင့် အားလုံး စိတ်ပျက်ကုန်ကြသည်။ 

ဂါဂျက် ။ ။ အနှစ်၂၀လုံးလုံး တခြားစပိုင်တွေ မဖော်နိုင်တဲ့ ကိစ္စကို ကျွန်တော်တို့က ဘယ်လိုလုပ် ၂ရက်ထဲနဲ့ ဖော်ထုတ်နိုင်မှာလဲဗျ...
ဂင်ဆီက စကားတစ်ခွန်းမှ ထွက်မလာပဲ မျက်မှောင်ကုတ်၍ တစ်ခုခုကို စဉ်းစားနေပုံရသည်။ ရုတ်တရပ်ဆိုသလို ဟာရု ထငိုကာ၊

ဟာရု ။ ။ မီနိုရဲ့၊ နင်ကို ဒီအတိုင်း ပေးသေရတော့မှာလား....
ငိုနေသဖြင့် ဂင်၊ ကျွန်တော်၊ ဂါဂျက် ၃ယောက်စလုံး ပြိုင်တူ ဟာရုခေါင်းကို ရိုက်ချလိုက်ကာ၊

ပြိုင်တူ ။ ။ မင်း ပါးစပ်ပိတ်ထား...
အော်လိုက်မိသည်။ သဲလွန်စ ရလိုရဌါး ဆူဇူကီသွားခဲ့ဖူးသော နေရာအားလုံးကို ဂင်၊ ဂါဂျက်၊ ဟာရု တို့ကို ပြောပြလိုက်သည်။ ဒါပေမယ့် ဆူဇူကီ သွားခဲ့သော နေရာတွေက တစ်နေရာနှင့် တစ်နေရာ ဘယ်လိုမှ ဆက်စပ်မှု မရှိသဖြင့် အနည်းငယ် စိတ်ပျက်နေချိန်တွင်၊

ဂင် ။ ။ နောက်ဆုံး မန်မိုစတစ်မရခဲ့တောင်၊ ကျွန်ုပ်အသက်အသေခံပြီ မီနိုကို ရအောင်ကယ်မယ်...
ကျွန်တော် ။ ။ ခင်မျာက စိတ်လျှော့စကား သိပ်ပြောတာကိုး...
ဂင် ။ ။ မင်းကြောင့် အဖမ်းခံရတာတောင်၊ မင်းလေကို မလျှော့ချင်သေးဘူးလားကွ...
ဂါဂျက် ။ ။ တော်ကြပါတော့။ ဒီမှာ သွားဖူးတဲ့ နေရာတွေ စပ်ဆက်ကြည့်လို့ မရတဲ့အထဲ...

ညလုံးပေါက် ၀ိုင်းအဖြေထုတ်ကြသော်လည်း လုံးဝ စဉ်းစား၍ မရနိုင် ဖြစ်နေတော့သည်။ တစ်နေရာကုန် စိတ်ရော၊ လူရော ပင်ပန်းလာသည်မို့ အစည်းဝေးခန်းမထဲတွင်ပင် ကျွန်တော် ခဏ အိပ်မောကျသွားတော့သည်။ 

အသံ ။ ။ ယမ်ချာ ထ၊ထ...
ခေါ်သံကြောင့် ရှုတ်တရပ် အိပ်နေရာမှ လန့်နှိုးသွားတော့သည်။ ဘယ်က အသံပါလိမ့် တွေးကာ ဘေးဗယ်ကို ကြည့်လိုက်တော့ ကျန်တဲ့သူတွေ အားလုံးလည်း ခြေကုန်လက်ပမ်းကျကာ အိပ်မောကျနေကြသည်။ ကျွန်တော် ဘာလို့ ခေါ်သံကို ကြားနေရပါလိမ့် မီနိုများ အန္တာရယ် တစ်ခုခုနှင့် ကြုံနေလားဟု တွေးကာ စိတ်မကောင်း ဖြစ်မိသည်။ မီနို ဘာလိုပဲဖြစ်ဖြစ် ငါနင်ကို ရအောင်ကယ်မယ်ဟု အဓိဌာန်ချလိုက်သည်။ 
မီးမှိန်မှိန်သာ လင်းနေသာ အခန်းထဲတွင် ထိုင်နေရင်း ဘာကြောင့် ဆရာမရွှီက မန်မိုရီစတစ်ရှိသည့် နေရာကို ကျွန်တော်သိသည်ဟု တပ်အပ် ပြောပါလိမ့်ဟု ထိုင်တွေးနေမိသည်။ ထိုစဉ် ဂါဂျက် မှောက်အိပ်နေသော စားပွဲခုံပေါ်မှ မြေပုံစာရွက်တစ်ရွက်ကို သတိပြုမိလိုက်သည်။ ဆူဇူကီ သွားခဲ့ဖူးသော နေရာများကို မြေပုံပေါ်တွင် အနီရောင်ဝိုင်း၍ ဂါဂျက် မှတ်သားထားခြင်းဖြစ်သည်။ ထိုမြေပုံစာရွက်ကို ကြည့်ရင်း ကြည့်ရင်း ကျွန်တော် လျှပ်စီးလျှပ်သွားသလို တစ်စုံတစ်ခုကို သဘောပေါက်သွားတော့သည်။ 

ကျွန်တော် ။ ။ အားလုံး ထထ...
ဂင်၊ ဂါဂျက်၊ ဟာရုတို့ကို လိုက်နှိုးတော့သည်။ 
ဂင် ။ ။ ယမ်ချာ ဘာလဲကွ...
ဂါဂျက် ။ ။ မင်းက အစောကြီးထဲက အိပ်သွားတာ၊ ငါတို့က ခုမှ အိပ်ရတာ...
ဟာရု ။ ။ သူငယ်ချင်းကြီး၊ ကျွန်တော် အိပ်ချင်သေးတယ်ဗျ...
ကျွန်တော် ။ ။ ကျွန်တော် သဲလွန်စတွေ့ပြီ...
အားလုံး ။ ။ ဘာ...
အိပ်နေရာမှ ချက်ချင်း ထလာကြသည်။ မြေပုံကို အားလုံး မြင်သာနိုင်မည့် နံရံပေါ်တွင် ချိတ်ဆွဲလိုက်ပြီ၊

ကျွန်တော် ။ ။ ဒီမြေပုံကို တခြားစပိုင်တွေ အကြည့်မှာတော့ ဘာမှ ထူးခြားမှာ မဟုတ်ဘူးဗျ။ သို့သော် ကျွန်တော် အတွက်တော့ တော်တော် ထူးခြားတယ်။ ဘာလို့လဲ ဆိုတော့ မြေပုံထဲမှာ ပါတဲ့ နေရာတော်တော်များများကို ကျွန်တော် သိနေလို့ပဲ။ ဥပမာ၊ ကိုင်တန်း ဆူရှီစားသောက်ဆိုင်မှာ ဖက်တီး၁၀နှစ်ပြည့်မွေးနေ့လုပ်ခဲ့တဲ့ နေရာ၊ အဲဒီနေ့က အဲဒီနေရာမှာ ကျွန်တော်လည်း ရှိနေခဲ့တယ်။ ဒီကစားကွင်းကတော့ ဖက်တီးနဲ့ ကျွန်တော် အမြဲ သွားဆော့ဖြစ်တဲ့ ကစားကွင်းပဲ။ အိုဆာကာ အလယ်တန်းကျောင်း ဆိုတာလဲ ဖက်တီးနဲ့ကျွန်တော်တို့ တက်ခဲ့တဲ့ ကျောင်း၊ ပြီမှ နာဂိုယာကို ပြောင်းလာကြတာ။ တိုကျိုမှာ ရှိတဲ့ စတိတ်ရှိုးကိုလည်း ကျောင်းလစ်ပြီ ကျွန်တော်တို့ ခိုးကြည့်ခဲ့ဖူးတယ်။ ဒါကြောင့် အားလုံးကို ခြုံကြည့်လိုက်ရင် ဆူဇူကီက သူ့မြေး ဖက်တီးကို တွေ့ချင်လို့ ခိုးချောင်ခိုးဝှက်နဲ့ သူ့မြေးနောက်ကို လိုက်နေခဲ့တယ် ဆိုရမယ်။ ဒါပေမယ့် ဆူဇူကီ သွားခဲ့ဖူးတဲ့ နေရာ ၂၀ကျော် အားလုံးထဲမှာ ကျွန်တော် မသိတဲ့ နေရာက တစ်နေရာတော့ ရှိတယ်ဗျ...
ဂါဂျက် ။ ။ ဘယ်နေရာများလဲ...
ကျွန်တော် ။ ။ တိုကျိုမြို့က ဟစ်တာချီ ရှေးဟောင်းပစ္စည်းဆိုင်ပဲ။ ဒါကြောင့် ဆူဇူကီ မန်မိုရီစတစ်ကို အဲဒီနေရာမှာ သိမ်းထားဖို့များတယ်.... 
ဟာရု ။ ။ ယမ်ချာ၊ သူငယ်ချင်းကြီး တော်လိုက်တာ...
အော်ကာ ဟာရု ကျွန်တော်ကို ပြေးဖက်ရန် ကြိုးစားသဖြင့် ဒိန်ညောင် ကန်ထုတ်လိုက်ပြီ၊

ကျွန်တော် ။ ။ ခုပဲ ကျွန်တော်တို့ သွားရအောင်...
လိုအပ်မယ့် ပစ္စည်းတွေ ယူကာ ချက်ချင်း တိုကျိုသို့ ဒုံးကျဉ်ရထားဖြင့် ခရီးထွက်ခွာလာခဲ့တော့သည်။ 

-----------------------------------------------


ဆက်ရန်

No comments:

Post a Comment