အခန်း-၁၄
မန်မိုရီစတစ် ရှာပုံတော်
ဟစ်တာချီ ရှေးဟောင်းပစ္စည်းဆိုင်နားသို့ ရောက်ရှိလာကြသည်။ ဆိုင်တွင်းသို့ ချက်ချင်း မ၀င်သေးပဲ ပတ်ဝန်းကျင်ကို အကဲခတ်နေတော့သည်။ သိပ်ထူးထူးခြားခြား မသင်္ကာဖွယ်တော့ ဘာမှမတွေ့သည်နှင့် ဟာရုကို ဆိုင်ပြင်တွင် အစောင့်ထားခဲ့ပြီ ဆိုင်တွင်းသို့ ဂင်၊ ကျွန်တော်နှင့် ဂါဂျက်တို့ တူတူ ၀င်လာကြသည်။
ဆိုင်ရှင် ။ ။ မင်္ဂလာ မနက်ခင်းပါ။ ဒီမှာ ကြွေထည်ပစ္စည်းအစုံ ရှိပါတယ်။ ဘာများ လိုချင်လို့ပါသလဲ...
အသက် ၅၀အရွယ် ဆိုင်ပိုင်ရှင်က ကျွန်တော်တို့ကို နှုတ်ဆက်လိုက်သည်။ ကျွန်တော်တို့ ပြန်နှုတ်ဆက်တဲ့ အနေနဲ့ ဦးညွှတ်လိုက်သည်။
ကျွန်တော် ။ ။ ဂင်၊ ဆိုင်ထဲမှာ ကြွေထည်ပစ္စည်း အမျိုး ရာကျော်တာ၊ မန်မိုရီစတစ်က ဘယ်ဟာလည်း ဘယ်လိုသိမှာလဲဗျ...
ဂင် ။ ။ ခင်မျာမှာ အမ်နီမာ အစွမ်းရှိတာပဲ စမ်းကြည့်ပေါ့...
ကျွန်တော် ။ ။ အမ်နီမာ အစွမ်းက လှို့ဝှက်ကုတ်ဖော်တာ၊ ဘာဆိုင်လို့လဲ...
အပြန်အလှန်ငြင်းခုံရင်း ဟိုပစ္စည်းလေးကို ကိုင်ကြည့်လိုက်၊ ပြန်ချလိုက် လုပ်နေတော့သည်။ နောက်မှ ဆူဇူကီ၏ စပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ ကျောက်စိမ်းပြားထဲမှာ စက်ပစ္စည်းတွေပါသည်ကို ပြန်သတိရသွားမိသည်။ ကျွန်တော် ဂါဂျက်နားသို့ ကပ်ရပ်၍၊
ကျွန်တော် ။ ။ ဂါဂျက်၊ သံလိုက်စမ်းတဲ့ ကိရိယာ ခင်မျာမှာ ပါလား...
ဂါဂျက် ။ ။ ပါတာပေါ့ဗျ။ ဒါနဲ့ ဒီကြွေထည်ပစ္စည်းတွေနဲ့ ဘာဆိုင်လို့လဲ...
ကျွန်တော် ။ ။ သိပ်ဆိုင်တာပေါ့။ မန်မိုရီစတစ်ကို သံလိုက်စမ်းကိရိယာနဲ့မှ စမ်းလို့ရမှာပေါ့...
ဂါဂျက် ။ ။ အင်း၊ ခင်မျာပြောတာ အဓိပ္ပါယ်တော့ ရှိသားပဲ။ ခဏ...
သူမှာ ပါလာသော သံလိုက်စမ်း ကိရိယာကို ထုတ်ကာ ခလုတ်တစ်ချက်ကို နှိပ်ချလိုက်သည်။
ဂါဂျက် ။ ။ တွေ့ပြီ၊ ရှေ့နားမှာပဲ...
ဂါဂျက်နဲ့ ကျွန်တော်တဖြည်းဖြည်းနဲ့ အချက်ပြသော နေရာသို့ တိုးတိုးသွားတော့သည်။ ဂင်ကလည်း ကျွန်တော်တို့ ဘေးမှ ကပ်ပါလာသည်။ ကြွေထည်ပစ္စည်းတစ်ခုနားတွင် အချက်ပြသံသည် အဆက်မပြတ် အသံပေးနေ၍ သေချာ ကြည့်လိုက်ရာ ကြွေထည်ဖြင့် လက်ဝင်အောင် ပြုလုပ်ထားသည့် ပစ္စည်းကို မြင်လိုက်သည်နှင့်၊
ဂင် ။ ။ ဒါကြီးက ဟို... ဟိုဟာကြီး...
ဟုအော်ကာ နှာခေါင်းသွေးများ လျှံကျကာ ဂင်ထွက်ပြေး သွားတော့သည်။ ဂျပန်၊ တရုတ်နိုင်ငံများတွင် ထိုပစ္စည်းကို ရုပ်ထုလုပ်၍ ကိုးကွယ်သူ တချို့လည်း ရှိကြသည်။ ဒါကြောင့် ရှေးဟောင်းပစ္စည်းဆိုင်များတွင် ဒီလိုပစ္စည်းများကို တွေ့ရတတ်သည်။ ဒါပေမယ့် ဆူဇူကီ မန်မိုရီစတစ်ကို ဒီလို ညစ်တီးညစ်ပတ် ဥာဏ်သုံးပြီ သိမ်းထားခဲ့သည်ကိုတော့ ကြိမ်းဆဲနေမိသည်။ ကျွန်တော်လည်း ထိုပစ္စည်းကို မကိုင်ချင်သဖြင့်၊
ကျွန်တော် ။ ။ ဂါဂျက်၊ ခင်မျာ ယူလိုက်လေ...
ဂါဂျက် ။ ။ ကျွန်ုပ်က ရှာပေးပြီပြီဆိုတော့ ၈၀% တာဝန်ကျေပြီ။ ကျန်တဲ့ ၂၀%က ခင်မျာအလုပ်...
ပြောကာထွက်သွားတော့သည်။ ကျွန်တော်မှာ ထိုပစ္စည်းကို ၀ယ်ရန် ရှက်နေတော့သည်။ နောက်ဆုံး မတတ်နိုင်တဲ့အဆုံး၊
ကျွန်တော် ။ ။ ဆိုင်ရှင်၊ ဟိုပစ္စည်းလေးက ဘယ်လောက်နဲ့ ရောင်းမလဲဗျ...
ဆိုင်ရှင် ။ ။ ဘယ်ပစ္စည်းကို ပြောတာလဲ။ ကြွေပန်းကန်ပြားလား...
ကျွန်တော် ။ ။ မဟုတ်ဘူး၊ ဟို... ဟိုပစ္စည်းကို ပြောတာ...
ထစ်ထစ်ငေါ့ငေါ့ပြောနေသော ကျွန်တော်ကို ဂါဂျက် သည်းမခံနိုင်တော့ပဲ၊
ဂါဂျက် ။ ။ သခွာသီးနဲ့တူတဲ့ ပစ္စည်းလို့ ပြောလိုက်လေ...
ဆိုင်ရှင် ။ ။ ဘြော်သိပြီ။ ဒါက ရောင်းဖို့ မဟုတ်ဘူး။ ကျွန်ုပ် မိတ်ဆွေတစ်ယောက်က အရေးကြီးပစ္စည်းဆိုပြီ လာအပ်ထားတာ။ လိုချင်၊ တခြားဟာတွေ ပြမယ်...
ဆိုင်ရှင်ကလည်း မရောင်းဖူး ပြောနေ၍ အခက်ကြုံနေတော့သည်။ မတတ်နိုင်တဲ့ အဆုံး ကျွန်တော်တို့မှာလည်း အသက်ထက်မက အရေးကြီးနေသည်မို့၊
ကျွန်တော် ။ ။ ချ...
ဟု အချက်ပေးလိုက်သည်နှင့် အားလုံး ဆိုင်ရှင်ကို ၀ိုင်းဆော်တီးကြပြီ ထိုပစ္စည်းကိုယူကာ ထွက်ပြေးကြတော့သည်။ ကျွန်တော်မှာ ပစ္စည်းကို ကိုင်ပြီ လက်မောင်းတန်း ပြေးသဖြင့် တွေ့သမျှ မိန်းခလေး၊ ယောကျာ်းလေး အားလုံး ကြောက်လန့်အော်ဟစ်ကာ ထွက်ပြေးကြတော့သည်။ ပြီတော့ ဆိုင်ရှင်ကလည်း နောက်မှ တုတ်ကြီးကိုင်၍၊
ဆိုင်ရှင် ။ ။ ဟေ့ကောင်တွေ၊ ငါပစ္စည်းပြန်ပေး။ ငါပစ္စည်းပြန်ပေး...
ဟုအော်ကာ ပြေးလိုက်သဖြင့် အသက်လုကာ ပြေးရတော့သည်။ ဆိုင်ရှင်မျက်ခြေပျက် သွားသည့် တစ်နေရာရောက်မှ အမောဖြေနိုင်တော့သည်။ လူတိတ်ဆိတ်သော တည်းခိုခန်း တစ်ခုထဲတွင် ၀င်နေလိုက်ကြသည်။ ပစ္စည်း ထိပ်မှာ ပါသော ခလုတ်လေးကို နှိပ်လိုက်သည်နှင့် အထဲမှ မန်မိုရီစတစ်လေး ထွက်လာတော့သည်။ ဒီမန်မိုရီစတစ်က ဘာများ အရေးကြီးလို့ လူတွေ ဒီလောက် လိုချင်နေရသည်ကို ကျွန်တော် သိချင်စိတ်တွေ အရမ်းများနေမိသည်။ ဂါဂျက်မှာ ပါလာသော ကွန်ပြူတာ အသေးစားလေးထဲသို့ မန်မိုရီစတစ်ကို ထည့်ပြီ ဖိုင်တစ်ခုကို အရင်ဖွင့်လိုက်တော့သည်။ စာတွေ အားလုံးကို လှိုဝှက် သင်္ကေတတွေဖြင့် ရေးထား၍ ကျွန်တော်တောင် တော်တော် ခေါင်းရှုပ်သွားတော့သည်။ တခြားဖိုင်အားလုံးကိုလည်း တူညီစွာ လှိုဝှက်ကုတ်တွေဖြင့်သာ ရေးထားတော့သည်။
ဟာရု ။ ။ ဒါတွေက ဂျပန်လိုလည်း မဟုတ်ဘူး။ ဘာ ဘာသာစကားတွေလဲဗျ...
ကျွန်တော် ။ ။ လှိုဝှက်ကုတ်တွေနဲ့ ရေးထားတာကွ။ စပိုင်ဖြစ်ပြီ ဒါတောင် မသိရကောင်းလား...
ဂင် ။ ။ ယမ်ချာ၊ ခင်မျာရဲ့ အမ်နီမာအစွမ်း(သဘာဝအလျောက် လှိုဝှက်ကုတ် ဖော်ထုတ်နိုင်သည့်အစွမ်း) နဲ့ဆိုရင် ဖော်ထုတ်နိုင်မလား...
ကျွန်တော် ။ ။ မီနို အတွက်ပဲ ဒီလောက်တော့ ကျွန်တော်စွန့်စားပေးရမှာပေါ့...
ကျွန်တော် လှိုဝှက်ကုတ်တစ်လုံးချင်းစီကို သေချာအာရုံစိုက်ပြီ မနည်းကြိုးစား ဖော်ထုတ်ရသည်။ ဖော်ထုတ်နေတာနှင့် တဖြည်းဖြည်းနဲ့ ညနေတောင် စောင်းလာသည်။ ထမင်းစားဖို့ရော၊ ရေသောက်ဖို့ပါ လုံးလုံး မေ့လျှော့နေတော့သည်။ ဟာရုက ဘာမှ မကူသည့်အပြင် ကျွန်တော်ကို လာနှောင့်ယှက်သေးသည်။
ဟာရု ။ ။ ခင်မျာ ထမင်းမစားနိုင်၊ ရေမသောက်နိုင် ကြိုးစားနေတယ်ပေါ့။ အင်း၊ ဒီလိုကျတော့လည်း ခင်မျာက မီနိုကို တော်တော်ချစ်တာပဲဗျ...
ဟာရုစကားကြောင့် ကျွန်တော်မျက်နှာ တစ်ခုလုံးနီရဲ တက်လာပြီ၊
ကျွန်တော် ။ ။ မင်း သိပ်ဆရာလုပ်ပေါင်း များနေပြီ။ ဒိန်ညောင်...
ကန်ထုတ်လိုက်တော့သည်။ ညနေစောင်း ၈နာရီထိုးခါနီးမှ လှိုဝှက်ကုတ်တွေ အားလုံးဖော်ထုတ်လိုက်နိုင်သည်။ သို့သော် လှိုဝှက်ကုတ်တွေ အားလုံး ဖော်ထုတ်ကာ ဆက်စပ်ကြည့်လိုက်ပြီမှ အာမေဋိတ်အသံဖြင့်၊
ကျွန်တော် ။ ။ ဒါတွေက ယာကူဇာဂိုဏ်းတွေထဲမှာ စပိုင်လုပ်နေတဲ့ လှိုဝှက်စပိုင်တွေရဲ့ နံမည်နဲ့ အချက်အလက်တွေပါ့လား ...
ဂင် ။ ။ ဘာအချက်အလက်တွေ...
ကြည့်ပြီ ဂင်လည်း အလွန်ပင် မျက်လုံးပြူသွားတော့သည်။
ဂင် ။ ။ ဒီအချက်အလက်တွေသာ တခြားသူတွေဆီ ပေါက်ကြားသွားရင် ယာကူဇာဂိုဏ်းတွေမှာ စပိုင်လုပ်နေတဲ့ လှိုဝှက်စပိုင်တွေရဲ့ အသက်အန္တာရာယ်ကို အာမခံနိုင်မှာ မဟုတ်ဘူး...
ဂါဂျက် ။ ။ ဒီလို ထိပ်တန်းလှိုဝှက်ချက်တွေက ဥက္ကဌတစ်ဦးတည်း သိရမယ့် ကိစ္စတွေပဲ မဟုတ်လား...
ဂင် ။ ။ သိပ်ဟုတ်တာပေါ့်။ ဒီလောက် စပိုင်တွေရဲ့ အသက်ထက်မက တန်ဖိုးကြီးတဲ့ ထိပ်တန်း လှိုဝှက်ချက်တွေက ဘယ်လိုလုပ်ပြီ ဆူဇူကီ လက်ထဲ ရောက်နေပါလိမ့်...
ကျွန်တော် ။ ။ ဒါတွေကို ဆရာမရွှီ လက်ထဲထည့်လိုက်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတော့ မီနိုကယ်ဖို့ ကျတော့ ဘယ်လိုလုပ်ကြမလဲ...
ဂင် ။ ။ မီနိုကယ်ဖို့ အတွက် လုပ်ရိုးလုပ်စဉ်အတိုင်း မန်မိုရီစတစ် အတုပေးပြီ။ ကျန်တာ ကြည့်ရှင်းကြတာပေါ့...
ဟာရု ။ ။ ဒါနဲ့ ဒီသခွာသီးကိစ္စ ဘယ်လိုရှင်းကြရင် ကောင်းမလဲ...
အားလုံး မကျေနပ်တဲ့ အကြည့်ဖြင့် စိုက်ကြည့်လိုက်ကြပြီ၊
အားလုံး ။ ။ အဲဒါ မင်းယူလိုက်...
အော်ကာ ထွက်လာခဲ့ကြတော့သည်။
----------------------------------------------------
ဆက်ရန်
ဟားဟား
ReplyDeleteဇာတ်လမ်းကမိုက်နေပီ
ဝတ်ရည်ဝတ္ထုလေးတွေက ပျော်ဖို့ကောင်းတယ် အသံထွက်လေးတွေပါထည့်ရေးထားတာ သိပ်သဘောကျတယ်.. ဒိန်ညောင်
ReplyDeleteတို့ကတော့ ကန်တာ မဟုတ်ဘူး.. လက်ခုပ်တီးလိုက်တာ အဲဒီအသံထွက်သွားတယ်..း)
မချောက ၀တ်ရည်ထက်တောင် ရယ်စရာပြောတတ်သေးတယ်... :D ဂငယ်ရေ အားပေးလို့ အမြဲကျေးဇူတင်နေပါတယ်နော်....
ReplyDelete