အခန်း-၁၅
မန်မိုရီစတစ်၏ အရှင်သခင်
စနေနေ့ မနက်ပိုင်းတွင် ဒိုဖိုကီဂျုစံ စက်ရုံသို့ မသွားသေးခင် ကျွန်တော်တို့ ပြင်ဆင်စရာရှိတာတွေကို ကြိုတင်ပြင်ဆင်တော့သည်။ ထိုနေရာကို ကျွန်တော်တို့ ရင်းနှီးပြီသားမို့ တပမ်းသာသော်လည်း ဆရာမရွှီ ဘာတွေ ဥာဏ်များထားမယ် ဆိုတာ ဘယ်လိုမှ မှန်းဆ၍ မရပေ။ ဂင်၊ ကျွန်တော်လက်ထဲသို့ မန်မိုရီစတစ် အစစ်နှင့် အတု နှစ်ခုလုံးကို ထည့်ပေးလိုက်ပြီ၊
ဂင် ။ ။ ကျွန်ုပ် ခင်မျာကိုယုံတယ်။ ဒါတွေကို သေချာသိမ်းထားပေးနိုင်မလား...
ကျွန်တော် ။ ။ အင်း...
ဂင် ။ ။ ကျွန်ုပ်တို့ရဲ့ ဒီနေ့တာဝန်က မီနိုကို ကယ်တင်ဖို့ အဓိကပဲ။ ဒိုဖိုကီဂျုစံကို ရောက်တာနဲ့ မီနိုနှင့် မန်မိုရီစတစ်အတုနဲ့ အလှဲအလည်လုပ်မယ်။ ချက်ချင်းတော့ အစစ်အတု၊ ခွဲဖို့က ခက်ခဲမှာ သေချာတယ်။ ဒါကြောင့် မီနိုကယ်ပြီတာနဲ့ ဆရာမရွှီကို အရှင်ဖမ်းဖို့ပဲ။ ခုအားလုံး လုပ်ငန်းစလိုက်ရအောင်...
ကျွန်တော်တို့ အားလုံး သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ဒိုဖိုကီဂျုစံ စက်ရုံ အပေါက်ဝနားသို့ ရောက်လာကြသည်။ ဂါဂျက်က စက်ရုံအပြင်ကနေ စက်ရုံအတွင်း ရန်သူဘယ်နှယောက် ရှိသည်ကို တွက်ချက်သည့် လူအငွေ့တိုင်း ကိရိယာဖြင့် စစ်ဆေးနေသည်။
ဂင် ။ ။ ရန်သူအခြေအနေ ဘယ်လိုလဲ...
ဂါဂျက် ။ ။ ကျွန်ုပ် ခန့်မှန်းချက်အရတော့ ၂ယောက်ထဲ တွေ့တယ်။ ဆရာမရွှီနဲ့ မီနို ဖြစ်ဖို့များတယ်...
ဂင် ။ ။ ဒါဆို ၀င်ကြရအောင်...
ကျွန်တော် ။ ။ နေအုန်း၊ ဒီကိစ္စက အရမ်းရိုးရှင်း မနေဘူးလားဗျ...
ဂင် ။ ။ အချိန်ဆွဲနေရင် မီနိုမှာ အသက်အန္တာရာယ်ရှိတယ်...
တံခါးကို လွယ်လင့်တကူဖွင့်၍ စက်ရုံအတွင်းသို့ ၀င်လာကြသည်။ ဆူဇူကီ လာဖမ်းတုန်းကအတိုင်း စက်ရုံမှာ ဘာမှ မပြောင်းလဲပေ။ လက်ခုတ်တီးသံနှင့်အတူ လူခြေသံတစ်ခုကို ကြားလိုက်၍ အားလုံး အသင့်နေရာယူလိုက်ကြသည်။
ဟာရု ။ ။ ယမ်ချာ၊ ကျွန်တော် ကြောက်တယ်ဗျ...
ကျွန်တော် ။ ။ မင်းက အရေးထဲမှာ...
ခြေသံကြားသည့် အခန်းတွင်းသို့သာ ကျွန်တော် သေချာစိုက်ကြည့်နေမိသည်။ အခန်းထဲမှ ထွက်လာသူမှာ ဆရာမရွှီ မဟုတ်ပဲ၊ ဆရာကီ ဖြစ်နေ၍ အလွန်တရာမှကို အံ့အားသင့်သွားတော့သည်။
ကျွန်တော် ။ ။ ဆရာကီ၊ ဒီကို ဘယ်လို ရောက်နေတာလဲ။ ဆရာမရွှီကိုရော ဖမ်းလိုက်ပြီလား။ မီနိုရော ဘယ်မှာလဲ...
ဆရာကီ ။ ။ ယမ်ချာ၊ မင်း မေးခွန်းတွေ သိပ်များနေပြီကွ။ မင်းတို့ကို ရှာခိုင်းတဲ့ ဆူဇူကီရဲ့ မန်မိုရီစတစ်ရော ဘယ်မှာလဲ...
ဆရာကီဆီမှ မန်မိုရီစတစ်ဟု ပြောလိုက်သဖြင့် ဆရာမရွှီနှင့် ဆရာကီတို့လည်း တစ်ဖွဲ့ထဲဆိုတာကို သဘောပေါက်သွားတော့သည်။
ကျွန်တော် ။ ။ ဆရာကီ၊ လတ်စသက်တော့ ခင်မျာလည်း သစ္စာဖောက်ပဲကိုး...
ဆရာကီ ။ ။ ဟားဟားဟား။ မင်းတို့က သူတော်ကောင်းနဲ့ သူယုတ်မာကို မခွဲတတ်ပဲကိုး။ ငါ ရှင်းပြတာ အရင်နားထောင်ပါအုန်း...
ကျွန်တော် ။ ။ ဘာမှ ရှင်းပြနေစရာမလိုဘူး။ ခင်မျာက ဆူဇူကီကို သတ်တယ်။ ဆရာမရွှီက ဥက္ကဌကို သတ်တယ်။ ဒီထက်ရှင်းတာ ဘာရှိသေးလို့လဲဗျ...
ဂင်၊ ကျွန်တော် ပခုံးပေါ် လက်တင်လိုက်ပြီ၊
ဂင် ။ ။ ယမ်ချာ၊ ဆရာကီကို ရှင်းပြခွင့်ပေးလိုက်ပါ။ ပြီမှ ကျွန်ုပ်တို့ ဆုံးဖြတ်ကြတာပေါ့ မဟုတ်ဘူးလား...
ကျွန်တော် ခေါင်းမညိတ်ချင်သော်လည်း ထောက်ခံတဲ့သဘောနဲ့ အနည်းငယ် ညိတ်လိုက်တော့သည်။
ဆရာကီ ။ ။ မင်းတို့ နားလည်မှုလွှဲမယ် ဆိုတာလည်း ငါကြိုသိပါတယ်။ မင်းတို့ဆီ ဖုန်းဆက်ပြီ သတိပေးတာရော၊ ယမ်ချာဆီ ဆူဇူကီအမှုတွဲ ပေးတာအားလုံးက ငါ စနက်တွေပဲ။ ဒီလောက်ဆိုရင် ဘယ်သူက သူတော်ကောင်း၊ ဘယ်သူက သူယုတ်မာလည်း အနည်းငယ်တော့ ဝေခွဲတတ်လောက်ပြီပေါ့...
ကျွန်တော်တို့ အားလုံး အလွန်အံ့အားသင့်သွားမိသည်။ ဘာလို့ ဒီလို ဆရာကီက နောက်ကွယ်က ကြိုးကိုင်နေသည်ကိုတော့ ခုထိ နားမလည်သေးပေ။ ဒါကြောင့် ဆရာကီ ပြောသည့်စကားကို ဆက်နားထောင်နေမိသည်။
ဆရာကီ ။ ။ ပြီတော့ ငါက ဆူဇူကီကို သတ်တာမဟုတ်ပဲ၊ ဆူဇူကီကို နောက်ကွယ်က ကူညီပေးနေတဲ့သူပဲ။ ဆူဇူကီလုပ်ကြံခံရမှန်းသိလို့ ငါအမှီ လိုက်လာပေမယ့် နောက်ကျသွားခဲ့တယ်။ ဒါကြောင့် မင်းတို့တွေလည်း ဆူဇူကီလို လုပ်ကြံခံရမှာစိုးလို့ သတိပေးခဲ့တာ။ မမျှော်လင့်ပဲ ဥက္ကဌက အသတ်ခံရပြန်တယ်။ အဲဒီကိစ္စမှာ ဆရာမရွှီ အပြစ်မရှိဘူးဆို ငါတွေ့ရတယ်။ ဆရာမရွှီကလည်း လှည့်စားခံလိုက်ရတာ...
ကျွန်တော် ။ ။ ဒါဆို သူမသတ်ဘူးဆိုရင် ဘာလို့ ဥက္ကဌကို နောက်ယောင်ခံလိုက်ခဲ့သေးလဲ။ ပြီတော့ သူမီနိုကိုလည်း ဖမ်းထားတာ...
ကျွန်တော်စကားပင် မဆုံးသေးခင် မီနိုနှင့် ဆရာမရွှီတို့ အခန်းထဲမှ ထွက်လာကြပြီ၊
မီနို ။ ။ ဆရာကီ၊ ပြောတာ မှန်တယ် ယမ်ချာ။ ဆရာမရွှီက ငါကို ဘာမှ ရန်မမူပါဘူး...
ဆရာမရွှီ ။ ။ ဆရာမ၊ ဘာလို့ ဥက္ကဌကို နောက်ယောင်ခံလိုက်ခဲ့တယ် ဆိုတာကို မင်းတို့လေးတွေက သိချင်မှတော့ ပြောပြရတာပေါ့ကွယ်။ အဖြေကတော့ ဥက္ကဌက ဆူဇူကီကို သတ်တဲ့ တရားခံလို့ ထင်လို့ပါကွယ်...
ဆရာမရွှီဆီမှ လုံးဝ မမျှော်မှန်းထားသော စကားကို ကြားလိုက်ရ၍ ကျွန်တော် ခေါင်းတခုလုံး ထူပူသွားတော့သည်။
ကျွန်တော် ။ ။ ဥက္ကဌက ဘယ်လိုမှ လူသတ်တရားခံ မဖြစ်နိုင်ဘူး။ ခင်မျာတို့တွေ ကျွန်တော်ကို လိမ်နေကြတာ...
ဆရာမရွှီ ။ ။ မင်းတို့လေးတွေကို လိမ်လို့ ဆရာမမှာ ဘာအကျိုးရှိမှာလဲကွယ်...
ကျွန်တော် ။ ။ အကျိုးသိပ်ရှိတာပေါ့။ ကျွန်တော်ဆီမှာ ရှိတဲ့ ဆူဇူကီရဲ့ မန်မိုရီစတစ်ထဲက အချက်အလက်တွေကို ခင်မျာတို့က လိုချင်တာကိုး...
ဂင် ။ ။ ယမ်ချာ၊ မင်းအမှန်ကို လက်ခံလိုက်စမ်းပါ...
ကျွန်တော် ။ ။ ဂင်၊ မင်းကလည်း သူတို့ဘက် ပါချင်နေပြီပေါ့။ မင်းက ခပ်ညံ့ညံ့ကောင်ပဲ။ ဂါဂျက်၊ ဟာရု ခင်မျာတို့ရော သူတို့ဘက်ကလား၊ ကျွန်တော်ဘက်ကလား...
ဂါဂျက်နှင့် ဟာရုမျက်နှာကို လှမ်းကြည့်လိုက်သည်။
ဂါဂျက် ။ ။ ကျွန်ုပ်ပြောတာ နားထောင်ပါအုန်း...
ဟာရုကလည်း မျက်နှာကို အောက်သို့ ငုတ်ထားသဖြင့် ၊
ကျွန်တော် ။ ။ တော်ပါတော့ဗျာ။ ခင်မျာတို့ တစ်ယောက်မှကို ကျွန်တော် မယုံတော့ဘူး...
ကျွန်တော် ခြေလှမ်းများကို တရွှေ့ချင်း နောက်သို့ ဆုတ်ဆုတ်သွားတော့သည်။ အများနှင့် ကျွန်တော်တစ်ယောက်ထဲ ဖြစ်သွားပေမယ့် မန်မိုရီစတစ်ကို ဒင်းတို့ လက်ထဲ အပါမခံဘူး ဆိုသည့်အတွေးဖြင့်သာ။ ဆုတ်ရင်း ဆုတ်ရင်း တံခါးနားသို့ ရောက်သွားတော့သည်။
ဆရာကီ ။ ။ ယမ်ချာ၊ မင်း မှားနေပြီကွ။ ငါတို့က မင်းကို ကူညီနေကြတာ...
ကျွန်တော် ။ ။ ဘာကူညီတယ် ဟုတ်လား။ ဒါဆို ခင်မျာတို့ ဥက္ကဌကို သတ်သွားတဲ့ လူသတ်တရားခံက ဘယ်သူလဲဆိုတာ ပြောနိုင်လို့လား။ ပြောလေ၊ ပြောလေ...
အားလုံး တိတ်ဆိတ်သွားကြသည်။ ဘယ်သူမှ အဖြေမပေးနိုင်ပဲ ဆိတ်ငြိမ်သွားချိန်တွင်၊
ဥက္ကဌ ။ ။ မင်းသိပ်တော်တယ်၊ ယမ်ချာ...
လက်ခုတ်တီးသံနှင့်အတူ ဥက္ကဌ၏ အသံကို ရုတ်တရပ် ကြားလိုက်ရ၍ ကြက်သီးဖြန်းဖြန်း ထလာတော့သည်။ နောက်မှ တံခါးကို ဖွင့်ပြီ ၀င်လာသော ဥက္ကဌကို မျက်မြင်ကိုယ်တွေ့တွေ့လိုက်ရ၍ ၀မ်းသာသည်ရော၊ ၀မ်းနည်းသည်ရော နှစ်ခုစလုံး ပြိုင်တူ ဖြစ်သွားတော့သည်။
ကျွန်တော် ။ ။ ဥက္ကဌ၊ သေသွားပြီမဟုတ်လား...
ဥက္ကဌ ။ ။ ငါ လွယ်လွယ်နဲ့ မသေပါဘူး၊ ယမ်ချာရဲ့။ မင်းငါကိုတော့ ယုံတယ် မဟုတ်လား...
ကျွန်တော် ။ ။ ဟုတ်...
ဥက္ကဌ ။ ။ ဒါဆို မင်းဆီမှာ ရှိတဲ့ ဆူဇူကီရဲ့ မန်မိုရီစတစ်ကို ငါကို ပေးစမ်း...
ကျွန်တော် ။ ။ ဗျာ...
ကျွန်တော် ဥက္ကဌကို ပေးရနှိုးနှိုး၊ မပေးရနှိုးနှိုး တွေးဝေသွားတော့သည်။ ဥက္ကဌက ကျွန်တော် ရှေ့တွင် သေသွားသည်ကို တွေ့ခဲ့ရက်နဲ့ ဘာလို့ မသေပါလိမ့်။ တကယ်ပဲ ဆူဇူကီကို သတ်တဲ့ လူသတ်တရားခံက ဥက္ကဌများ ဖြစ်နေတာလားဟု မေးခွန်းပေါင်းစုံ သွားတော့သည်။
ဥက္ကဌ ။ ။ မြန်မြန်ပေး၊ ငါမှာ အချိန်သိပ်မရှိဘူး...
သေနတ်ဖြင့် ကျွန်တော်ကို ချိန်းထားသော ဥက္ကဌကို ကျွန်တော် တအံ့တဘြကြီး ငေးကြည့်နေမိသည်။ ဂင် အဝေးမှ နေ၍၊
ဂင် ။ ။ ယမ်ချာ၊ မင်းပေးလို့ မဖြစ်ဘူး။ ဒီအချက်အလက်တွေ ဘယ်လောက် အရေးကြီးလဲ မင်းအသိဆုံးပဲ။ ငါမင်းကို ယုံချင်တယ်ကွာ...
ဥက္ကဌ ။ ။ မင်းတို့ အားလုံး တိတ်ကြစမ်း။ ဟေ့ကောင်တွေ ၀င်ခဲ့ကြ...
ဥက္ကဌနှင့် အတူပါလာသော တပည့် ၁၀ယောက်လောက် ၀င်လာကြပြီ သေနတ်တွေဖြင့် ကျွန်တော်တို့ အားလုံးကို ၀ိုင်းထားလိုက်သည်။ ကျွန်တော်မှာ မန်မိုရီစတစ် အတုနှင့်အစစ် ပါလာသည့် အထဲမှ အတုကို ဥက္ကဌ လက်ထဲသို့ပစ်ပေး လိုက်တော့သည်။
ဥက္ကဌ ။ ။ ယမ်ချာ၊ မင်းလိမ္မာသားပဲကွ၊ ဟားဟားဟား...
ကျွန်တော် ။ ။ ဥက္ကဌ၊ ဘာလို့ ဆူဇူကီကို သတ်လိုက်ရတာလဲ...
ဥက္ကဌ ။ ။ ဆူဇူကီဆိုတဲ့ ကောင်က ငါကို မသင်္ကာပဲ လိုက်စုံစမ်းရင်း ငါဒီ မန်မိုရီစတစ်ကို ယာကူဇာဂိုဏ်းချုပ်ကို ပေးနေတာကို တွေ့သွားပြီ သူကြားဖြတ်လုသွားခဲ့တာ။ သို့သော် သူမှာ မန်မိုရီစတစ်ထဲက အချက်အလက်တွေကို သက်သေပြဖို့ အမ်နီမာအစွမ်း ရှိတဲ့သူ မရှိခဲ့ဘူး။ ဒါပေမယ့် ယမ်ချာ မင်းပေါ်လာချိန်မှာတော့ အရာအားလုံးဟာ ပြောင်းလဲခဲ့တယ်။ ဆူဇူကီက မင်းကို အသုံးချပြီ ငါက ယာကူဇာဂိုဏ်းသူလျှိုဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် ဆူဇူကီကို ငါသတ်တာမဟုတ်ဘူး၊ ယမ်ချာ မင်းကိုယ်တိုင်ပဲ သတ်လိုက်တာပဲ...
ကျွန်တော် ထိတ်လန့်ကာ နောက်သို့ လှဲကျသွားတော့သည်။
ဥက္ကဌ ။ ။ ခု မန်မိုရီစတစ် ငါလက်ထဲ ပြန်ရောက်လာပြီ ဆိုတော့ မင်းတို့ကို အသက်ရှင်လျှက် မထားနိုင်တော့ဘူး။ အားလုံးကို ရှင်း...
ကျွန်တော် ။ ။ ဟားဟားဟား။ ဥက္ကဌ၊ ခင်မျာကို မန်မိုရီအစစ်ပေးလိုက်တယ်လို့ ထင်နေလို့လား...
ဥက္ကဌ ။ ။ ဘာ၊ မင်းလိုကောင်က...
ကျွန်တော် မျက်နှာကို ခြေထောက်ဖြင့် ဝေ့ကန်ချလိုက်၍ ကြမ်းပေါ်တွင် မှောက်ကျကာ မူးဝေသွားတော့သည်။
ဥက္ကဌ ။ ။ အားလုံးကို ပစ်...
ဆိုတာနဲ့ ဂါဂျက်က သူမှာ ပါလာသော အငွေ့ဗုံးကို စနက်ဆွဲဖြုတ်လိုက်တော့သည်။ အငွေ့ဗုံးကြောင့် တခန်းလုံးကို ဘာမှမမြင်ရတော့ချိန်တွင် သေနတ်သံများ ကျွန်တော်နားထဲတွင် ဆူညံ့သွားတော့သည်။
ကျွန်တော် ။ ။ မီနို...
ဟုအော်ရင်း ကျွန်တော်ကို ရန်မူရန်လာသော လူဆိုးများနှင့် ပြန်ခုခံတိုက်ခိုက် တော့သည်။ တိုက်ခိုက်ရင်း ကျွန်တော် နောက်ကျောဘက်မှ အန္တာရာယ်တစ်ခု လာသည်ကို သိလိုက်ချိန်တွင်၊
အသံ ။ ။ ဒိုင်း...
အသံနှင့်အတူ ကျွန်တော်ဘေးမှာ လှဲကျသွားသော သွေးတွေဖြင့် ဟာရုကို အမြန်ပွေ့ချီလိုက်သည်။ ကျွန်တော်အတွက် ဖြစ်ရမည့် ကျဉ်ကို ဟာရု အစားဝင်ခံပေးလိုက်ခြင်း ဖြစ်သည်။
ကျွန်တော် ။ ။ ဟာရု၊ မင်း သတိထားအုန်း။ မင်း၊ သေလို့ မဖြစ်ဘူး၊ အားတင်းထားရမယ်...
ဟာရု ။ ။ ယမ်ချာ၊ ခင်မျာကို ကျွန်တော်ယုံတယ်...
ပြောရင်း ကျွန်တော်လက်မောင်းကို ဆုတ်ကိုင်းထားသော ဟာရုလက်လည်း ပြုတ်ကျသွားတော့သည်။
------------------------------------------------------
ဇာတ်သိမ်းသို့
ဟယ်.. ဇာတ်သိမ်းတော့မယ်
ReplyDeleteဒီဇာတ်ကတော့တိုတယ်နော်..
ဂငယ်
ဇာတ်သိမ်းလေးက ဘယ်လိုဖြစ်မလဲ
ReplyDeleteစိတ်ဝင်စားစရာဘဲ..
စောင့်ဖတ်မယ်နော် .. မြန်မြန်တင်ပေး