Saturday, March 26, 2011

စပိုင်ချစ်သူ အခန်း-၁၆ (ဇာတ်သိမ်းပိုင်း)


အခန်း-၁၆
(ဇာတ်သိမ်းပိုင်း)
ကျွန်တော် လက်ထဲတွင် ပန်းစည်းလေးတစ်ခုကိုင်ရင်း ဆာကေးနဲ့တူတူ အရိုးပြာထားသော သချိုင်းအဆောက်အဦးထဲသို့ ၀င်လာကြသည်။ အဖြစ်ပျက်တိုင်းက အရမ်းမြန်ဆန်လွန်းလို့ တခါတလေ အိမ်မက်များလို့တောင် ထင်ခဲ့မိသည်။ အရိုးပြာအိုးလေးတစ်ခုရှေ့မှာ ငိုနေသော ဖက်တီးကိုတွေ့၍ ကျွန်တော် စိတ်မကောင်း တော်တော်ဖြစ်မိသွားသည်။ 

ကျွန်တော် ။ ။ ဖက်တီး၊ မင်းစိတ်ဖြေပေါ့ကွာ...
ဖက်တီး ။ ။ ငါအဘိုး အတွက် စိတ်မကောင်းဖြစ်လွန်းလို့ပါကွာ...
ကျွန်တော် ။ ။ ငါလည်း မင်းကို ကိုယ်ချင်းစာပါတယ်...

ဖက်တီး ။ ။ ဒါနဲ့ မင်းက ဘယ်ကိုလာတာလဲ...
ကျွန်တော် ။ ။ ငါ ကျောင်းအုပ်(ဥက္ကဌ)ရဲ့ အရိုးပြာကို လာဂါရ၀လာပြုတာ...

ဟုပြောကာ ကျောင်းအုပ်ရဲ့ အရိုးပြာရှိသော နေရာတွင် ပန်းစည်းလေးကို တင်လိုက်ပြီ ဆာကေးနဲ့ ကျွန်တော် ဒူးထောက်ကာ ဂါရ၀ပြုလိုက်ကြသည်။ ကျောင်းအုပ်က လူဆိုးတစ်ယောက် ဖြစ်ခဲ့ပေမယ့် ကျွန်တော်အတွက်တော့ ဆရာတစ်ဦးပင်မကပဲ၊ ဖခင်ရင်းတစ်ယောက်လို ဖြစ်ခဲ့သည့်အတွက် နောက်ဆုံးအကြိမ် ဂါရ၀လာပြုခြင်း ဖြစ်သည်။ ကျောင်းအုပ်ကို ဂါရ၀ပြုပြီ အပြန် ဆူဇူကီရဲ့ အရိုးပြာရှေ့တွင် အကြာကြီး ရပ်နေမိသည်။ ဆူဇူကီကိုလည်း ဂါရ၀ပြုရင်း အသက်ကို စတေးခံပြီ စပိုင်လောကအတွက် ကာကွယ်သွားခဲ့တဲ့ ဆူဇူကီလို သူရဲကောင်းမျိုးကို ကျွန်တော် စိတ်ထဲတွင် အလွန်လေးစား နေမိတော့သည်။ ထို့နောက် အိမ်သို့ ဆာကေးနဲ့တူတူ ပြန်လာခဲ့သည်။  

ကျွန်တော် ။ ။ ဆာကေး လာဆမ်နီးယား သွားစားရအောင်...
ဆာကေး ။ ။ ကိုကြီးကလည်း မနေ့ကမှ စားထားသေးတယ်လေ...
ကျွန်တော် ။ ။ ဒါဆိုလည်း ပြီရော...
ကျွန်တော် စိတ်ဆိုးကာ ထွက်သွားသဖြင့် ဆာကေးနောက်က ပြေးလိုက်လာပြီ၊

ဆာကေး ။ ။ ကိုကြီးက ကလေးကြနေတာပဲ။ လာပါ သွားစားမယ်...
ကျွန်တော် ။ ။ ဟဲဟဲ။ ကျေးဇူးပဲ ညီလေးရာ...
တစ်ယောက်ပခုံးကို တစ်ယောက် ဖက်ရင်း လာဆမ်နီးယားဆိုင်သို့ ထွက်ခွာလာခဲ့သည်။ လာဆမ်နီးယားဆိုင်နား ရောက်ခါနီးမှ ဂင်ဆီမှ ဖုန်းဝင်လာတော့သည်။

ဂင် ။ ။ ယမ်ချာ၊ ယာကူဇာဂိုဏ်းနဲ့ ပတ်သက်ပြီ အရေးကြီးကိစ္စပေါ်လို့ ဥက္ကဌက မင်းကို ခေါ်ခိုင်းလိုက်လို့...
ကျွန်တော် ။ ။ ဒါဆို ငါစခန်းကို ခုလာခဲ့မယ်...
ဖုန်းချလိုက်ပြီ ကျွန်တော်အပေါ်အနွေးထည်အကျီင်္ကို ချွတ်ပြီ ဆာကေးလက်ထဲသို့ ထိုးထည့် လိုက်ပြီ၊ 

ကျွန်တော် ။ ။ ဆာကေး၊ ငါအရေးကြီးလို့ သွားလိုက်အုန်းမယ်။ မင်းဘာသာ လာဆမ်နီးယား စားလိုက်ပေတော့...
ဆာကေး ။ ။ ကိုကြီး ဘယ်လဲ။ ကျွန်တော်ကိုလည်း စောင့်အုန်းလေ...
အော်ဟစ်ကာ တစ်ယောက်ထဲ ကျန်ခဲ့တော့သည်။ ကျွန်တော်မှာ ဒုံးကျဉ်ရထားရှိရာသို့ အမြန်ပြေးပြီ ဒုံးကျဉ်ရထားဖြင့် ဌာနချုပ် ဖူဂျီမီးတောင် ရှိရာသို့ ထွက်ခွာလာခဲ့တော့သည်။ ဌာနချုပ်ရောက်သည်နှင့် ဥက္ကဌရုံးခန်း တံခါးကို တွန်းဖွင့်လိုက်ပြီ၊

ကျွန်တော် ။ ။ ဥက္ကဌ၊ ကျွန်တော်ရောက်ပါပြီ...
ဆရာကီ ။ ။ အေး၊ မင်းလာတာနဲ့ အတော်ပဲ။ ယာကူဇာ နဂါးနီဂိုဏ်းချုပ်ရဲ့သား နာဂါတို (ခေါ်) တိုမိုယာကို ဖမ်းစီးဖို့ ကိစ္စပဲ။ ဒီကိစ္စကို မင်းနဲ့ ဟာရုကို တာဝန်ပေးလိုက်ပြီ။ မနက်ဖြန် မနက်ခရီးထွက်ဖို့ ပြင်ပေတော့...
ကျွန်တော် ။ ။ ဟိုက်...

ဥက္ကဌရုံးခန်းထဲမှ ထွက်လာပြီမှ ဟာရုလို ငပြိန်းကောင်နဲ့ ငါကို တွဲပေးပြန်ပြီဟု ကြိမ်းဆဲနေမိသည်။ ဟာရု တုံးလွန်းလို့သာ ကျောင်းအုပ်(အရင်စပိုင် ဥက္ကဌ) ကျွန်တော်ကို ပစ်လိုက်သော ကျည်ကို အစားဝင်ခံခဲ့ပေးခြင်း ဖြစ်သည်။ ဟာရု မသေကောင်းလို့ သေနတ်ကျည်က ရှုပ်ထိရုံသာ ထိသွားခဲ့၍ ဆေးရုံမှာ တပတ်လောက် အနားယူပြီ သက်သာသွားခဲ့သည်။ ကျောင်းအုပ် ကျွန်တော်ကို နောက်တစ်ကြိမ် သေနတ်ဖြင့် ထပ်ပစ်ရန် ကြိုးစားနေသဖြင့် ဆရာကီက ကျောင်းအုပ်ကို အချိန်မှီ ပစ်သတ်ခဲ့ရသည်။ ထိုအကြောင်းတွေကို ပြန်တွေးတောနေစဉ်၊

ဟာရု ။ ။ ယမ်ချာ၊ ချစ်သူငယ်ချင်းကြီး မတွေ့တာ ကြာပြီ...
ဟုအော်ကာ ကျွန်တော်ကို ပြေးဖက်ရန် ကြိုးစားသဖြင့် ဟာရု မျက်နှာတည့်တည့်ကို ဒိန်ညောင်ဟု ကန်ထုတ်လိုက်တော့သည်။

ကျွန်တော် ။ ။ ဟာရု၊ မင်းနောက်တစ်ခါ ငါအစားဝင်ခံပေးလို့ကတော့ မင်းအသေပဲ...
ဟာရု ။ ။ ဟဲဟဲ။ ကျွန်တော် ၀င်ခံပေလို့သာ ခင်မျာကို ခုတွေ့နေရတာပေါ့...
ကျွန်တော် ။ ။ အေးပါ။ မင်းကို ကျေးဇူးတင်ပါတယ်...
ဟာရု ။ ။ ဒါကြောင့် ပြောသားပဲ ကျွန်တော်က ငတုံးမဟုတ်ပါဘူးလို့...
နှစ်ယောက် ရယ်မောကာ စကားပြောရင်း လမ်းလျှောက်လာစဉ် မီနိုအပြင် ထွက်သွားသည်ကို တွေ့လိုက်သည်နှင့်၊

ကျွန်တော် ။ ။ ဟာရု၊ မင်းခဏနေခဲ့အုန်း...
ပြောကာ မီနိုနောက်သို့ ပြေးလိုက်သွားတော့သည်။ မီနိုကလည်း ကျွန်တော်ကို တွေ့လိုက်သည်နှင့်၊

မီနို ။ ။ ဟိုင်း ယမ်ချာ...
ကျွန်တော် ။ ။ ဟိုင်း မီနို။ နင်အိမ်ကို ပြန်မလို့လား...
မီနို ။ ။ ဟုတ်တယ်...
ကျွန်တော် ။ ။ ငါလည်း အိမ်ပြန်မလို့ပဲ။ ဒါနဲ့ နင်ဒီနေ့ အားလား...
မီနို ။ ။ ငါက အားပါတယ်။ ဒါပေမယ့် နင်ကို ဥက္ကဌက အရေးကြီး တာဝန်ပေးထားတယ်ဆို...
ကျွန်တော် ။ ။ မနက်ဖြန်မှ ခရီးထွက်ရမှာဆိုတော့ ဒီနေ့ အားပါတယ်ဟ။ တစ်ခုခု သွားစားရအောင်လေ...
မီနို ။ ။ အေးကောင်းသားပဲ...
ကျွန်တော် အလုပ်ကိစ္စတွေနဲ့ ရှုပ်နေသည်နှင့် မီနိုမျက်နှာလေးတောင် မမြင်ရတာ အတော်ကြာသွားခဲ့ပြီ။ မမြင်ရတာ ပိုကြာမှ မီနိုက ပိုလှလာသလိုပင်။ မီနိုနှင့် ကျွန်တော် ဆိုင်တစ်ခုထဲတွင် ၀င်ထိုင်လိုက်ကြသည်။ ဘယ်ကနေ စပြောရမှန်းမသိပဲ ကျွန်တော် ငြိမ်သက်နေမိသည်။ မီနိုကလည်း ပါးလေးပန်းရောင်သန်းကာ မျက်နှာလေးကို ငုတ်ထားသည်။ ပြောမယ်ဆိုတော့လည်း နှစ်ယောက်ပြိုင်တူ ဖြစ်သွားမိသည်။

ပြိုင်တူ ။ ။ ဟိုလေ...
ကျွန်တော် ။ ။ နင်အရင်ပြောပါ...
မီနို ။ ။ ငါက အရေးမကြီးပါဘူး။ နင်အရင်ပြောလေ...
ကျွန်တော် ။ ။ ငါလေ နင်ကို...
ချစ်တယ် ဆိုတဲ့စကားကို ပြောမထွက်နိုင်ပဲ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတော့သည်။ ဒီပါးစပ်က အရေးကြီးပြီဆိုရင် စူပါကလူနဲ့ ကတ်ထားသလား အောင်းမေ့ရတယ်ဟု ကိုယ်မှာကို ကြိမ်းဆဲနေမိသည်။ ခုချိန်မှ မပြောပဲ သူများဦးသွားမည်ကို မလိုလားသဖြင့်၊

ကျွန်တော် ။ ။ မီနို ငါနင်ကို အရမ်းချစ်တယ်။ နင်လည်း ငါကို ချစ်တယ်မလားဟင်...
ပန်းရောင်သန်းနေသော မီနိုပါးလေးတွေ ပိုပြီ နီရဲလာတော့သည်။ 

မီနို ။ ။ ငါ၊ ငါလေ နင်တို့ကို ချစ်ပါတယ်...
ကျွန်တော် ။ ။ အမ်...
မီနို ။ ။ နင်တို့ဆိုတာ နင်ရယ်၊ အမ်နီမာရယ်၊ ယမ်ချာရယ်ကို ပြောတာပါ...
ဝမ်းသားလုံးစို့ပြီ ချက်ချင်းဆိုသလို မီနိုဘေးတွင် ပြောင်းထိုင်လိုက်ကာ၊

ကျွန်တော် ။ ။ ငါအရမ်းပျော်တယ်ဟာ...
မီနိုကို အတင်းပြေးဖက်လိုက်သဖြင့် မီနိုရှက်ရမ်းရမ်းကာ စိတ်လှုပ်ရှားလွန်းပြီ မီနိုကိုယ်ပွားပါ ခွဲထွက်သွားတော့သည်။

မီနိုကိုယ်ပွား ။ ။ နင်က ငါမရှိတုန်း မီနိုကို ဖြားယောင်းနေတယ်ပေါ့လေ...
ကျွန်တော် ။ ။ မဟုတ်ရပါဘူးဗျ။ မီနိုအစစ် ငါကို ကယ်ပါအုန်း...
မီနိုကိုယ်ပွား ။ ။ ဘာလို့ မဟုတ်ရမှာလဲ။ ငါနင်ကို သတ်မယ်...
ကျွန်တော် ။ ။ အမယ်လေးဗျ။ ပြေးပြီဗျို့...
အော်ဟစ်ကာ ကျွန်တော် အနည်းအသက်လုကာ ထွက်ပြေးရတော့သည်။ 

--------------------------------------------------
ပီးပါပြီ


1 comment:

  1. အာကွာ
    ပျော်နေတုန်းမှာ မီနိုကိုယ်ပွားက လာရှုပ်သွားတယ်..
    ဟီး ယမ်ချာ သနားပါတယ်နော်
    ပြီးသွားပြီဆိုတော့ နောက်အသစ်တွေ မျှော်ရဦးမယ်ပေါ့။

    ReplyDelete