နိဒါန်း
"မောင်ဆိုးပေ" ဟု အမည်တွင်သော အထက်တန်းကျောင်းရှေ့တွင် ကျွုန်ုပ်ရပ်ပြီ ကျောင်းထဲသို့ ၀င်လာသမျှ ကျောင်းသားတိုင်းကို အပြစ်တင်ကာ ဆဲဆိုနေတော့သည်။ ကျွန်ုပ် အုပ်ချုပ်ရသော အထက်တန်းကျောင်းသည် ယောကျာ်းလေး သီးသန့် အထက်တန်းကျောင်း ဖြစ်သည့်အပြင် အဆိုးဆုံးကျောင်းသားများ စုဝေးရာလည်း ဖြစ်သည်။ ကျောင်းသားတွေထဲတွင် မိုးဇက်ဟု အမည်တွင်သော ကျောင်းသားမှာ ကျောင်းလူမိုက်ဖြစ်သည်မို့ သူကို ကျောင်းခေါင်းဆောင် ခန့်အပ် ထားသေးသည်။ မိုးဇက်သည် ကျွန်ုပ်အတွက် အားကိုးရသည့် လက်ဆွဲတော်ဆိုလည်း မမှားပေ။ ကျွန်ုပ်မျက်လုံးထဲတွင် ကိုးလိုးကန့်လန့် ဖြစ်နေသော ကျောင်းသားများကို မိုးဇက်ကို ချောင်းရိုက်ခိုင်းခြင်း၊ ပညာပေးခိုင်းခြင်း များကို ပြုလုပ်တတ်သည်။ ကျောင်းတက် ခေါင်းလောင်းထိုးမှ ကျွန်ုပ် ရုံးခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ ထိုအချိန်တွင် အပေါ်အကျီင်္မပါပဲ အတွင်းခံဘောင်းဘီဖြင့် ငိုကြီးချက်မနှင့် ကျောင်းသားတစ်ဦး ကျွန်ုပ် ရုံးခန်းထဲသို့ ပြေးဝင်လာသည်။
ကျောင်းသား ။ ။ ကျောင်းအုပ်၊ ဟိဟိဟိ...
ယောကျာ်းလေးဖြစ်ပြီ ငိုတတ်သော ကျောင်းသားများကို ကျွန်ုပ် အမုန်းတီးဆုံးဖြစ်သည်။
ကျွန်ုပ် ။ ။ ဟေ့ကောင်၊ မင်းအခြောက်မို့ ငိုရတာလားကွ...
ကျောင်းသား ။ ။ ကျွန်တော်ကို မိုးဇက်ထိုးလိုက်လို့...
ကျွန်ုပ် ။ ။ ယောကျာ်းချင်း ထိုးတာ အထူးဆန်းလား...
ကျောင်းသား ။ ။ ပြီတော့ ကျွန်ုပ်အကျီင်္တွေရော၊ ဘောင်းဘီပါ ချွတ်ပြီ လူရှေ့မှာ
အရှက်ခွဲတယ်။ ဟိဟိဟိ...
ပြောရင်းနဲ့ ပိုတောင် ငိုလာတော့သည်။ ကျွန်ုပ် ငိုတာမကြိုက်ပါဘူး ဆိုမှ ပိုငိုနေသဖြင့် နောက်တစ်ခါ မငိုရဲအောင်၊
ကျွန်ုပ် ။ ။ အေး ဒါဆိုမင်း အောက်ခံဘောင်းဘီပါ ခုချွတ်...
ကျောင်းသား ။ ။ ဗျာ...
ကျွန်ုပ် ။ ။ ချွတ်ပြီ ငါရုံးခန်းရှေ့မှာ သွားရပ်နေ။ ငါပြန်မ၀တ်မခိုင်း မချင်း မ၀တ်ရဘူး...
ကျောင်းသား ။ ။ ဟိဟိဟိ၊ မလုပ်ပါနဲ့ ကျောင်းအုပ်ရယ်။ ကျွန်တော် တောင်းပန်ပါတယ်။ ဟိဟိဟိ...
ကျွန်ုပ် ။ ။ မင်းထပ်ငိုနေရင်၊ ငါကျောင်းပေါက်ဝမှာ သွားရပ်ခိုင်းမယ်။ တိတ်စမ်း...
ထိုကျောင်းသားမှာ ထပ်မငိုရဲတော့ပဲ။ အောက်ခံဘောင်းဘီပါ ချွတ်ပြီ ကျွန်ုပ် ရုံးခန်းဝတွင် သွားရပ်နေတော့သည်။ တခြားကျောင်းသားများကို သူကို ၀ိုင်းပျက်ရယ်ပြု ကြသည်ကို ကျွန်ုပ် ပြုံးစိပြုံးစိဖြင့် ကြည့်နေမိသည်။ တော်တော်ကြာမှ သူအတွင်းခံ ဘောင်းဘီပြန်ပေးပြီ အတန်းထဲ ပြန်လွှတ်လိုက်တော့သည်။ ထို့နေ့မှစပြီ ထိုကျောင်းသား ဘယ်တော့မှ မငိုတော့ပေ။
ကျွန်ုပ်ကို အကျင့်ဆိုးပြီ အပေါက်ကြမ်းသဖြင့် ကျောင်းသားတိုင်းက ဦးဂွက်ထော်ဟု လှောင်ပြောင်ခေါ်ကြသေးသည်။ သူများကို တစ်နေ့တစ်ခါမှ အကျင့်ယုတ်ရမှ ထမင်းစားဝင်သူဖြစ်သဖြင့် ဒီနေ့အဖို့ ဘယ်ကျောင်းသားကို ဘယ်လိုပညာပေးရမည်ကို တွေးနေစဉ်၊
ပြတင်းပေါက် ။ ။ ခွမ်း...
အသံနှင့်အတူ ကျွန်ုပ် ရုံးခန်းစားပွဲပေါ်သို့ ဘေ့စ်ဘော ဘော်လုံးတစ်လုံး ပြတင်းပေါက်ကို ဖောက်ပြီ ကျလာတော့သည်။
ကျွန်ုပ် ။ ။ ဘယ်က ခွေးသူတောင်းစားတွေ ဘေ့စ်ဘော ဘော်လုံးနဲ့
ငါပြတင်းပေါက်မှန်ကို ခွဲတာလည်းကွ...
ရုံးခန်း အပြင်သို့ ဒေါသတကြီး ပြေးထွက်လာတော့သည်။ ဘေ့စ်ဘောတုတ်ကို ကိုင်လျှက် ကျောင်းသားတစ်ဦးနှင့် နောက်ကျောင်းသားတစ်ဦး မျက်စိမျက်နှာပျက်ပြီ မြက်ခင်းပြင်ပေါ်တွင် ရပ်နေကြသည်။
ကျွန်ုပ် ။ ။ မင်းတို့ နှစ်ယောက်ထဲက ဘယ်သူ ငါမှန်ကွဲအောင် လုပ်တာလဲ ပြောစမ်း...
အသံတုန်တုန်ယင်ယင်ဖြင့် ဘေ့စ်ဘောတုတ်ကိုင်ထားသော ကျောင်းသားမှ၊
ကျောင်းသား ။ ။ သူပစ်ပေးတာကို ကျွန်တော် ရိုက်လိုက်တာ၊ မတော်တဆ ဖြစ်သွားတာပါ ကျောင်းအုပ်...
ကျွန်ုပ် ။ ။ ဒါဆို သူက ပစ်ပေးတယ်၊ မင်းကရိုက်တယ် ဆိုတော့ မင်းတို့ နှစ်ယောက်လုံးမှာ အပြစ်ရှိတယ်။ ဒါကြောင့် ငါအပြစ်ပေးရလိမ့်မယ်...
အင်း ဒီနှစ်ကောင်ကို ဘယ်လို မှတ်သွားအောင် ဆုံးမရင် ကောင်းမလဲဟု စဉ်းစားရင်း ဟာ၊ အကြံရပြီ၊
ကျွန်ုပ် ။ ။ မင်းတို့ လက်ထဲက ဘေ့စ်ဘောတုတ်နဲ့ ဘောလုံးတွင် ငါကို ပေးခဲ့ပြီ
မင်းတို့နှစ်ယောက် ဟိုသစ်ပင်အောက်မှာ သွားရပ်နေစမ်း...
နှစ်ယောက် ။ ။ ဟုတ်...
သူတို့လက်ထဲမှ ဘေ့စ်ဘောတုတ်၊ ဘေ့စ်ဘော ဘော်လုံးတွေ ကျွန်ုပ်ကို ပေးခဲ့ပြီ ၁၅ပေခန့်အကွာတွင် ရှိသော သစ်ပင်ရှေ့တွင် သွားရပ်နေကြသည်။ ကျွန်ုပ် ဘေ့ဘော်လုံးတစ်လုံးကို လေပေါ်တွင် မြှောက်လိုက်ပြီ ဘေ့ဘော်တုတ်ကို အရှိန်ဖြင့် လွှဲရိုက်လိုက်သည်နှင့်၊
ကျောင်းသား ။ ။ အား...
ကျွန်ုပ် ။ ။ လာပြီဟေ့ နောက်တစ်လုံး...
နောက်ကျောင်းသား ။ ။ အု...
ထိုလိုနဲ့ ရိုက်လိုက်တာ ဘေ့စ်ဘောခြင်းထဲမှ ဘောလုံးအားလုံးကုန်သွားမှ လက်ပေါ်ဖုန်တွေကို ခါးလိုက်ပြီ ရုံးခန်းထဲသို့ ပြုံးရွှင်စွာဖြင့် ၀င်လာခဲ့သည်။ ဘေ့စ်ဘောရိုက်လာတာ ကျွန်ုပ် အတော်ကို မောပန်းသွားတော့သည်။ ထိုချိန်တွင် ရုတ်တရပ် ကျွန်ုပ် နှလုံးတွေ အောင့်လာတော့သည်။ ကျွန်ုပ်တွင် နှလုံးရောဂါအခံရှိသည်မို့ ကျွန်ုပ်သောက်နေကျဆေးကို ကိုယ်နဲ့ မကွာ အမြဲဆောင်ထားတတ်သည်။ ဒါကြောင့် အံ့ဆွဲထဲမှ ဆေးဘူးကို ဆွဲယူလိုက်ပြီ ဖွင့်ပြီ သောက်ဖို့ ပြင်လိုက်စဉ် ဆေးဗူးဘေးမှာ စာတစ်စောင်ကို တွေ့လိုက်သည်။
စာ ။ ။ ကျောင်းအုပ်ကြီးကို နှုတ်ဆက်ခဲ့ပါတယ်။ ပုံ-မိုးဇက်...
ကျွန်ုပ် ။ ။ အမ်း၊ ခွေးသူတောင်းစား မိုးဇက်၊ ငါဆေးဗူးထဲ ကျောက်ခဲတုံးတွေ ပြောင်းထည့်သွားတယ်...
ပြောရင်း ကျွန်ုပ် ကြမ်းပြင်ပေါ်သို့ လှဲကျသွားတော့သည်။ တခြားသူများကို အကူအညီတောင်းရန် ရုံးခန်းဝသို့ တွားသွားရင်း နှလုံးမှာ ပိုပိုအောင့်လာတော့သည်။ ကျွန်ုပ် အသက်ရှုရသည်မှာလည်း ပိုမောငိုက်လာသလိုပင်။ မျက်လုံးများလည်း မှုန်ဝါးလာချိန်တွင် ကျွန်ုပ်ရှေ့တွင် အမဲရောင်ကုတ်အင်္ကျီအရှည်ကြီးကို ၀တ်၍ ရပ်နေသော အမျိုးသားကို ငေးကြည့်လိုက်မိသည်။
အမျိုးသား ။ ။ ဟယ်လို၊ ကျွန်ုပ်က သေမင်းပါ...
ဟုနှုတ်ဆက်လိုက်ချိန်တွင် ကျွန်ုပ်ရဲ့ နှလုံးခုန်သံများလည်း ရပ်တန့်သွားတော့သည်။
.............................................................................
ဆက်ရန်
The ending cliff hanger is very good T_T
ReplyDeleteကောင်းခန်းရောက်မှကွာ...
ReplyDeleteသေမင်းက ဘာဆက်ပြောတုန်း သိချင်တယ်..