အခန်း-၂ ကျောင်းအုပ်ကြီး၏ ဈာပန
ကျောင်းအုပ်ရဲ့ ဈာပန အခမ်းအနားသို့ ကျောင်းသားအားလုံး စုရုံးတက်ရောက်လာကြသည်။ ကျောင်းသားအားလုံး၏ ကိုယ်စားအနေဖြင့် ကျွန်ုပ်လွမ်းသူပန်းခွေကို ကိုင်ကာ ရှေ့ဆုံးမှ လမ်းလျှောက်လာသည်။ ဈာနာပပြင်ဆင်ထားသော နေရာရှေ့သို့ ရောက်လျှင် အားလုံး ညီညွှတ်စွာ ဒူးထောက်လိုက်ကြပြီ ကျောင်းအုပ်ကြီးကို ဂါရ၀ပြုလိုက်ကြသည်။ ကျောင်းအုပ် ရှုတ်တရပ်သေဆုံးသွားသည့်အတွက် ၀မ်းနည်းကြောင်း ပြောပေးရန် ဈာနာပအခမ်းနားမှူးမှ ကျွန်ုပ်အား ပန်းကြားလိုက်သည်။
ဈာနာပအခမ်းနားမှူး ။ ။ ကျောင်းအုပ်ကြီးဦးဂွက်ထော် ဆုံးပါးသွားတဲ့အတွက် ၀မ်းနည်းကြောင်း ပြောပေးရန် ဦးဂွက်ထော်၏ တပည့်သားလည်းဖြစ်၊ ကျောင်းသားခေါင်းဆောင်လည်း ဖြစ်သော မိုးဇက်ကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်အပ်ပါသည်...
ကျွန်ုပ် ။ ။ ဟုတ်ကဲ့ ကျောင်းအုပ်ကို ကျွန်ုပ် နှုတ်ဆက်စကားလေး ပြောချင်သေးလို့ပါ...
ဟုပြောပြီ ကျောင်းအုပ် အခေါင်းပြင်ထားသော နေရာတွင် တစ်ယောက်ထဲ ရပ်ကျန်ခဲ့သည်။ ကျန်သော ကျောင်းသားအားလုံးကတော့ ခင်းကျင်းထားသော နေရာထိုင်ခုံများတွင် နေရာယူလိုက်ကြသည်။ ကျွန်ုပ် တစ်ယောက်ပဲ ကျန်ခဲ့ချိန်မှ ကျောင်းအုပ် အလောင်းနားသို့ ကပ်ရပ်လိုက်ပြီ တိုးတိုးလေး ပြောလိုက်သည်မှာ၊
ကျွန်ုပ် ။ ။ ကျောင်းအုပ် ဆေးဗူးနဲ့ဆင်တူ နောက်တဗူးထဲကို ကျောက်ခဲတုံးထည့်ခဲ့တာ။ ကျွန်ုပ်စချင်ရုံသက်သက်ပဲဗျ၊ ဆေးဗူးအစစ်လည်း အံ့ဆွဲထဲမှာ ရှိရက်နဲ့ ကိုယ်မှာကို သေချာမရှာလို့ သေတာ၊ ကျွန်ုပ်ကို အပြစ်မပြောနဲ့။ သေသွားပြီ လာခြောက်လို့ ကြောက်မှာတော့ မဟုတ်ဘူးနော်...
နှုတ်ဆက်စကားပြောပြီ ၀မ်းနည်းကြောင်း မိန့်ခွန်းပြောရန် စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။ ငိုမဲ့ငိုမဲ့ဖြစ်နေသော ကျောင်းအုပ်ရဲ့ မိသားစုထိုင်နေသော နေရာသို့ စိုက်ကြည့်လိုက်ပြီ၊
ကျွန်ုပ် ။ ။ ဒီရှေ့မှာ ထိုင်နေတာ ကျောင်းအုပ် အမျိုးသမီးနဲ့ သမီးပါနော်...
အမျိုးသမီး ။ ။ ဟုတ်၊ ဟုတ်ပါတယ်...
ကျွန်ုပ် ။ ။ ဒါဆို ကျွန်ုပ်ရှေ့မျက်နှာ နောက်ထားပြီ ပြောရတော့မှာပဲ။ ကျွန်ုပ်နဲ့ ကျောင်းအုပ် သိကျွမ်းခဲ့တာ အတော်ကြာခဲ့ပါပြီ။ ကျောင်းအုပ်ရဲ့ အတွင်းသိ၊ အဆင်းသိဆိုလည်း မမှားဘူးပေါ့ဗျာ။ ကျောင်းအုပ်က သူ့မိန်းမကိုလည်း သိပ်ချစ်ရှာတာ။ ဘယ်လောက် ချစ်သလဲဆိုရင် သူ့မိန်းမရဲ့ ငယ်ရည်စားကို ခုထိအခဲမကျေသေးပဲ၊ ကျွန်ုပ်ကို ချောင်းရိုက်ခိုင်းတဲ့ အထိပါပဲဗျာ။ ဒါတွေ မကသေးပဲ၊ ဒီဈာနာပ အခမ်းအနားထဲမှာ ထိုင်နေကြတဲ့ ပါမောက္ခတွေ၊ ကျောင်းဆရာတွေ၊ ကျောင်းသားတွေအားလုံး ကျောင်းအုပ်ပညာပေးခိုင်းလို့ ကျွန်ုပ်ပေးခဲ့ရတဲ့သူတွေ လက်ညှိုးထိုးမလွှဲပါဘူးဗျာ။ ဒီလောက်ဆို ကျောင်းအုပ်ဆုံးပါးသွားလို့ ကျွန်ုပ်တို့တွေ ဘယ်လောက်ထိ ၀မ်းနည်းမယ်ဆိုတာ တွက်ဆလို့ရပါတယ်။ ကျွန်ုပ် ပြောခဲ့တာတွေကို ထောက်ခံရင် အားလုံး လက်ခုတ်တီးပေးကြပါဗျာ...
ကျောင်းအုပ် ဈာနာပအခမ်းအနားသို့ တက်ရောက်လာကြသော ပါမောက္ခ၊ ကျောင်းဆရာ၊ ကျောင်းသားအားလုံးတို့သည် လက်ခုတ်ပြိုင်တူဖြင့်၊
အားလုံး ။ ။ ဗျောင်း၊ ဗျောင်း၊ ဗျောင်း၊ ထောက်ခံတယ်ဟေ့...
ဝိုင်းပြီ ဘြဘာပေးကြတော့သည်။ ကျွန်ုပ် စင်မြင့်ပေါ်ဆင်းပြီ အပြင်ထွက်ခါနီးမှ ခုနက ငိုမဲ့ငိုမဲ့ဖြစ်နေသော ကျောင်းအုပ်အမျိုးသမီးနှင့်သမီးက အော်ကြီးဟစ်ကျယ်ဖြင့် ငိုကြွေးကာ ကျန်ခဲ့ကြတော့သည်။ ကျောင်းအုပ် ဈာနာပအခမ်းအနားမှ ကျောင်းသို့ ပြန်သော လမ်းတောက်လျှောက်တွင် ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ဆိုင်းတွေ၊ ဗုံးတွေ တီးတဲ့သူကတီး၊ ဘော်လုံးတွေ လွှတ်တဲ့သူက လွှတ်ဖြင့် ခုမှ လွတ်လပ်ရေး ရသွားသည့်အလား ပျော်ရွှင်နေကြတော့သည်။ ကျောင်းသို့ ပြန်ရောက်သည်နှင့် ကျွန်ုပ်သူငယ်ချင်း ပေါင်ချိန် ကျွန်ုပ်အနားသို့ အပြေးရောက်လာပြီ၊
ပေါင်ချိန် ။ ။ မိုးဇက်၊ မင်းကို အရေးကြီး ပြောစရာရှိတယ်...
ကျွန်ုပ် ။ ။ ဘာများ အရေးကြီးနေတာလဲ...
ပေါင်ချိန် ။ ။ ဘာဖြစ်ရမှာလဲ လူပေါတို့ အုပ်စုက မိုးဇက်သတ်လို့ ကျောင်းအုပ်သေတာ ဆိုပြီ တကျောင်းလုံးကို လိုက်ဖွနေတယ်...
ကျွန်ုပ် မျက်နှာတစ်ချက်ပျက်သွားသည်ကို ပေါင်ချိန် မရိပ်မိအောင် ပြန်ပြင်လိုက်ပြီ၊
ကျွန်ုပ် ။ ။ ဘာကွ၊ လူပေါတော့ အသက်တိုချင်ပြီနဲ့ တူတယ်...
ပေါင်ချိန် ။ ။ ဒါနဲ့ ကျောင်းအုပ်သေတာ မင်းနဲ့ ဆိုင်နေလို့လား...
ပေါင်ချိန်ကပင် ထိုသို့ မေးလိုက်သဖြင့် ဒေါသထောင်းခနဲထွက်သွားကာ ပေါင်ချိန်၏ မဲတူသော လက်ကို အားဖြင့် ဆုတ်ကိုင်လိုက်ပြီ၊
ကျွန်ုပ် ။ ။ မင်းဒီလိုမေးတာ ဘာသဘောလဲ ...
ပေါင်ချိန် ။ ။ ဘာသဘောမှ မဟုတ်ပါဘူးကွာ၊ နာလို့ လွှတ်ပေးနော်...
ဆိုမှ သူလက်ကို ပြန်လွှတ်ပေးလိုက်သည်။ ပေါင်ချိန်သည် ကျွန်ုပ်၏ ငယ်သူငယ်ချင်း ဖြစ်သည့်အလျောက် ကျွန်ုပ်နှိပ်စက်သမျှကို ခံနိုင်သော တစ်ဦးတည်းသော သူလည်းဖြစ်သည်။ အသားရောင်က တရုတ်တရားသူကြီးပေါင်ချိန်လို မဲတူတာမို့ သူကို ပေါင်ချိန်ဟု လှောင်ပြောင်ခေါ်ကြသည်။ ထို့နောက် လူပေါတို့ အဖွဲ့ရှိရာသို့ ထွက်ခွာလာခဲ့သည်။ လူပေါဆိုသူသည် ခေသူတော့မဟုတ်ပေ။ လူပေါက သူဌေးသားဖြစ်တာမို့ သူနောက်လိုက် ကျောင်းသားများ အတော်ပင် များသည်။ ကျွန်ုပ် လာနေသည်ကို မြင်သော လူပေါက မချိုမချဉ်မျက်နှာဖြင့်၊
လူပေါ ။ ။ မိုးဇက် လာနေပြီ ကြောက်လိုက်တာ...
သူတပည့်များ ။ ။ ဟားဟားဟား...
ပြဇာတ်ကသလို ဇာတ်တိုက်ကာ ကျွန်ုပ်အား ၀ိုင်းလှောင်ပြောင်ရယ်ကြသည်။ ကျွန်ုပ် လူပေါနားသို့ ကပ်သွားပြီ၊
ကျွန်ုပ် ။ ။ ဟေ့ကောင်၊ လူပေါ မင်းက ငါကျောင်းအုပ်ကို သတ်တယ်ဆိုပြီ သတင်းလွှင့်နေတယ်ဆို...
လူပေါ ။ ။ အေးဟုတ်တယ်။ ဘာလဲ မင်းက ငါနဲ့တပွဲလောက် နွှဲချင်လို့လား။ ဒီမှာ ငါမင်းကို ရှုံးရင် ငါလူပေါဆိုတဲ့ နံမည်ကို ကြီးပေါလို့ ပြောင်းပစ်လိုက်မယ်။ မင်းငါကို ရှုံးရင်တော့၊
လူပေါ စကားကို အဆုံးမခံပဲ ကျွန်ုပ် အင်္ကျီလက်ရှည်ထဲမှာ စတီတုတ်ကို ဆွဲထုတ်လိုက်ကာ လူပေါခြေထောက်ကို လွှဲရိုက်လိုက်ပြီ သူလှဲကျသွားသောအခါမှ အပေါ်မှ စီး၍ အရှိန်ဖြင့် မျက်နှာတည့်တည့်ကို ရိုက်ချလိုက်တော့သည်။
လူပေါ ။ ။ အား...
တစ်ချက်သာ အော်နိုင်ပြီ မြေပြင်ပေါ်မှ ပြန်ကိုမထနိုင်တော့ပေ။ သူရဲ့နောက်လိုက် ကျောင်းသားအားလုံး ကျွန်ုပ်ဘေးတွင် ၀ိုင်းရံပြီ တိုက်ခိုက်ရန် ဟန်ပြင်နေကြသည်။ ကျွန်ုပ် တုတ်ကို တချက်လောက် မွှေ့ယမ်းပြလိုက်သည်နှင့်၊ ဒင်းတို့ကနောက်ပြန်ဆုတ်သွားပြန်သည်။
နောက်လိုက်များ ။ ။ ယားယားယား...
အော်ကာ နောက်ဆုံး ကျွန်ုပ်ဆီသို့ ဦးတည်ဝိုင်းရံ ပြေးတက်လာကြသည်။ ကျွန်ုပ်ရဲ့ စတီးတုတ်ဖြင့် ထောက်ပြီ ကျောင်းသား ၃ယောက်ကို တပြိုင်တည်း လေပေါ်မှ ခြေထောက်ဖြင့် ဝှေ့ကန်ပစ်လိုက်သည်။ ပြီတော့ စတီးတုတ်ကိုလှည့်လိုက်ပြီ အလယ်မှ သံကြိုးများကို ဆွဲထုတ်ခြင်းဖြင့် နမ်ကျပ်ကူအဖြစ်ပြောင်း ပစ်လိုက်ပြီ ကျန်ကျောင်းသားတစ်ယောက်ချင်းစီရဲ့ မျက်နှာတွေကို နမ်ကျပ်ကူနဲ့ ဆော်တဲ့သူကိုဆော်၊ လက်သီးစား ကျွေးတဲ့သူကို ကျွေးပြီ ပွဲကို အမြန်အဆုံးသက်လိုက်တော့သည်။ အဆုံးသတ်ပြီသည်နှင့် လူပေါနားသို့ ချည်းကပ်ကာ လူပေါအင်္ကျီကိုစောင့်ဆွဲပြီ လက်သီးဖြင့် ထိုးရန်ဟန်ပြင်လိုက်သည်နှင့်၊
လူပေါ ။ ။ ငါမှားမှန်း သိပါပြီကွာ။ ငါရှုံးပါတယ်၊ ဟေ့ကောင်တွေ ငါကို ကြီးပေါလို့ ခေါ်ကြလေ...
ဟုငိုမဲ့ငိုမဲ့ မျက်နှာဖြင့် ပြောတော့သည်။ သူနောက်လိုက် အားလုံးကလည်း ကြောက်ကြောက်ဖြင့်၊
နောက်လိုက် ။ ။ ကြီးပေါ၊ ကြီးပေါ၊ ကြီးပေါ...
ယနေ့မှစ၍ လူပေါကို အားလုံးက ကြီးပေါဟု ပြောင်းလဲခေါ်ဆိုကြတော့သည်။
ပေါင်ချိန် ။ ။ မိုးဇက် မင်းသိပ်တော်တယ်ကွ...
ကျွန်ုပ် ။ ။ ပေါင်ချိန်၊ ကြီူးပေါကို ကျောင်းအလံတိုင်မှာ ချိတ်ထားလိုက်...
ပေါင်ချိန် ။ ။ အေး...
ကြီးပေါကို ကျောင်းအလံတိုင်မှာ ဇောက်ထိုး ချိတ်ဆွဲထားသည်။ ထိုအချိန်တွင် ဘယ်က သတင်းကြားသည်မသိ၊ ကြီးပေါရဲ့ ညီမ ငယ်ပေါဖြစ်သူက ကျွန်ုပ်တို့ကျောင်းသို့ ရောက်လာပြီ ကျွန်ုပ်ကို ရန်လာထောင်တော့သည်။
ငယ်ပေါ ။ ။ မိုးဇက် ဆိုတာ ရှင်လား...
ကျွန်ုပ် ။ ။ အေး...
ငယ်ပေါ ။ ။ ရှင်၊ ကျွန်မအစ်ကိုကိုယ် အနိုင်ကျင့်တာ ခုရပ်တန်းက ရပ်လိုက်ပါ။ မဟုတ်ရင် ကျွန်မအဆိုးမဆိုနဲ့...
ငယ်ပေါနှင့်အတူ လိုက်ပါလာသော သူမ သူငယ်ချင်းများက ကျွန်ုပ်အကြောင်းသိ၍၊
သူငယ်ချင်းများ ။ ။ ငယ်ပေါ၊ မိုးဇက်က မိန်းခလေးဆိုပြီ နင်ကို ညှာမှာမဟုတ်ဘူး။ ငါတို့ပြန်ရအောင်...
ငယ်ပေါ ။ ။ ပါးစပ်ပိတ်ထားစမ်းပါ။ ငါသူကို ကြောက်နေရင် ဒီနေရာထိတောင် မလိုက်လာဘူး။ ဒီကောင် မိုးဇက်ကို ထမိန်းဝတ်ပေးပြီမှ ငါပြန်မယ်...
ကျွန်ုပ် မိန်းခလေးဆိုပြီ အလျှော့ပေးမိလို့ ဒီကောင်မ လူပါးဝတာခံရတယ်လို့ကွာဟု စိတ်ထဲမှ တောက်တစ်ချက် ခေါက်လိုက်ကာ၊
ကျွန်ုပ် ။ ။ မင်းမိဘတွေ မဆုံးမထားဘူးလားကွ...
ဟုဆဲရင်း ငယ်ပေါပါးကို ဖျန်ခနဲမြည်အောင် ထပ်ခြမ်းကွဲအောင် ရိုက်ပစ်လိုက်တော့သည်။ ငယ်ပေါ သူအစ်ကိုလိုပင် ကြမ်းပြင်ပေါ်တွင် မှောက်သွားကာ ပြန်တောင် မထနိုင်တော့ပေ။ ဒီလောက် ကိုယ်သေတွင်း ကိုယ်တူးချင်အုန်းဟု ဆဲကာ ငယ်ပေါကိုပါ ကြီးပေါနှင့်အတူ အလံတိုင်မှာ ဇောက်ထိုးချည်းထားလိုက်သည်။ ငယ်ပေါနောက်လိုက် မိန်းခလေးများက လစ်ခနဲမည်အောင် ထွက်ပြေးသွားကြသည်။ ကြီးပေါ နောက်လိုက်များကို ဒူးထောက်လက်မြှောက် ခိုင်းထားပြီ ပြိုင်တူ ဟစ်ကြွေးခိုင်းတော့သည်။
နောက်လိုက် ။ ။ ကြီးပေါ၊ ကြီးပေါ၊ ကြီးပေါ...
ကျောင်းမဆင်းမချင်း တစ်နေကုန်အော်ခိုင်းကာ အပြစ်ပေးထားသည်။ ကျောင်းအုပ်မရှိတော့သည်မို့ အထိန်းအကွပ် မရှိတဲ့ ဖျာလို ကျွန်ုပ်တို့ တကျောင်းလုံးလည်း ပရမ်းပတာ ဖြစ်နေတော့သည်။ ကျောင်းထိုင်ခုံတွေကို ရိုက်ချိုးသူကချိုး၊ ဂီးတာတီးသူတီ၊ လောင်းကစား လုပ်တဲ့သူကလုပ်နှင့် ကျောင်းက ဆရာ၊ ဆရာမအားလုံး ဒဏ်မခံနိုင်ပဲ နေ့ချင်းပင် ထွက်ပြေးကြတော့သည်။
ပေါင်ချိန် ။ ။ မိုးဇက်၊ ဒီကျောင်းမှာ စာသင်မယ့် ဆရာ၊ ဆရာမတွေ မရှိတော့။ ငါတို့ ဘုရင်ပဲကွ...
ကျွန်ုပ် ။ ။ ဘာ၊ ငါတို့ ဟုတ်လား...
ပေါင်ချိန် ။ ။ ဟဲဟဲ၊ မင်း ဘုရင်ပဲလို့ ပြောတာ...
ကျွန်ုပ် ။ ။ အေး ဒီလိုမှပေါ့...
ပေါင်ချိန်ပခုံးကို ပုပ်ပြီ ကျောင်းခန်းထဲသို့ ၀င်ရန် ပြင်လိုက်ချိန်တွင် ကျောင်းဆရာ၊ ဆရာမရုံးခန်းရှေ့တွင် ကျောင်းသားတရုန်းရုန်း ဖြစ်နေကြသဖြင့် အားလုံးကို တွန်းဖယ်ကာ ကျွန်ုပ်ကြည့်လိုက်သည်။
ကျွန်ုပ် ။ ။ ဒီကလေး ငါတို့ကျောင်း ဘာလာလုပ်တာလဲ...
ကျောင်းသား ။ ။ ဘယ်က ကလေးဟုတ်ရမှာလဲ။ ကျွန်တော်အားလုံးကို စာသင်ပေးမယ့် တစ်ဦးတည်းသော ဆရာမ။ ဟုတ်တယ်နော် ဆရာမလေး...
တခြား ။ ။ ဆရာမလေးက ချစ်၊ ချစ်စရာလေးနော်...
နောက် ။ ။ ချစ်စရာလေး မဟုတ်ဘူး၊ ကြိုက်ချင် စရာလေးပါကွာ...
ကျောင်းသားများက သူမကို မထီးမဲ့မြင်ဖြင့် ပြောဆိုနေကြသည်ကို မျက်နှာတစ်ချက်မှ မပျက်သွားပဲ ခပ်ပြုံးပြုံးဖြင့်၊
ဆရာမလေး ။ ။ ဟိုနှစ်ယောက် ကျွန်မ စာရွက်စာတမ်းတွေ ကူသယ်ပေးပါ့လားဟင်...
၂ယောက် ။ ။ ဟီးဟီး၊ သယ်ပေးရမှာပေါ့။ ဖြစ်နိုင်ရင် ဆရာမလေးကိုပါ သယ်ချင်တာ။ ဟဲဟဲ...
ဆရာမလေးကို နောက်ပြောင်သော ကျောင်းသားနှစ်ဦးနှင့်တူတူ ထွက်သွားတော့သည်။ တအောက်နေတော့ ရုံးခန်းထဲသို့ ဆရာမလေး ပြန်ဝင်လာချိန်တွင် ခုနက ကျောင်းသားနှစ်ဦးမှာ သရဲတွေ့ခဲ့သလို မျက်နှာအံ့သေးကြီးဖြင့် ကြောက်ရွှံ့စွာ သူမနောက်မှ ပါလာသည်ကို တွေ့ရ၍ ကျွန်ုပ် အံ့အားသင့်သွားမိသည်။ အသက် ၁၄နှစ်သမီးအရွယ်ဟုသာ ထင်ရသော အကောင်ညှက်ညှက် ကလေးရုပ်ဖြင့် ရုံးခန်းထဲတွင် ထိုင်နေသော ဆရာမဟုဆိုသူကို ကျွန်ုပ် စိတ်ဝင်တစား ငေးကြည့်နေမိသည်။
ပေါင်ချိန် ။ ။ မိုးဇက်၊ မင်းဘာတွေ ဒီလောက် သဘောကျနေတာလဲ..
ကျွန်ုပ် ။ ။ ဘာကို ငါကသဘောကျရမှာလဲ...
ရှက်ရမ်းရမ်းကာ ကောက်ထွက်လာခဲ့မိသည်။ ကျောင်းဆင်း ခေါင်းလောင်း ထိုးသည်နှင့် ကျောင်းသားများ အိမ်ပြန်ရန် ကျောင်းပေါက်ဝတွင် အလုအယက် သူအရင်ငါအရင်ဖြင့် တိုးကြိတ်နေကြသည်။ ကျွန်ုပ်လည်း သူတို့နှင့် ပြိုင်မတိုးလိုသဖြင့် ကျောင်းခြံစည်ရိုးနဲ့ ၁၀ပေအကွာလောက်မှ အရှိန်ဖြင့် ပြေး၍ ခုန်ကျော်ကာ ထွက်လာခဲ့သည်။ လူအုပ်ကြားမှ ပေါင်ချိန်အသံကို မသဲမကွဲကြားလိုက်ရသည်။
ပေါင်ချိန် ။ ။ မိုးဇက်၊ ငါကို စောင့်အုန်း။ ငါလည်း လိုက်မယ်...
ကျွန်ုပ် အလေးမထားပဲ တစ်ယောက်ထဲ လမ်းလျှောက်ထွက်လာခဲ့သည်။ လမ်းကူးရန် လူကူမျဉ်းကြားရှေ့တွင် ရပ်နေတုန်း ကျွန်ုပ်တို့ကျောင်းကို ဒီနေ့မှ အသစ်ရောက်လာသော ဆရာမလေးကို ဟိုဘက်လမ်းသို့ ဖြတ်ကူးသွားသည်ကိုတွေ့၍ သူမနောက်မှ ပြေးလိုက်သွားစဉ်၊
ကား ။ ။ ဂြီဂြီဂြီဂြီဂြီ....
ကားဘရိတ်အုပ်သံနှင့်အတူ မီးတွေ ပြ၍ ကျွန်ုပ်ဆီသို့ တန်းတန်းကြီးလာနေသော ကုန်တင်ကားကြီးကို မလှုပ်မရပ်နိုင်ပဲ ငေးသာကြည့်နေမိတော့သည်။
----------------------------------------------------------------------------
ဆက်ရန်
ဆရာမလေး ဘာလုပ်လိုက်ပါလိမ့်..
ReplyDeleteသိချင်လိုက်တာ..
လိုက်ချောင်းဦးမှး)
heee:D
ReplyDelete