Tuesday, October 12, 2010

ယာကူဇာချစ်သူ-၂ နိဒါန်း


ယာကူဇာချစ်သူ-၂ နိဒါန်း

    တက္ကသိုလ်ကျောင်းဆောင် စင်္ကြံတစ်လျှောက် ဖြတ်သွားသမျှ မိန်းမချောများကို တရေးတမော ကြည့်ရင်း ကျွန်တော်မှာ ပီတိတွေ ဖြာနေမိတော့သည်။ ဒါပေမယ့် သူလေးအလှနဲ့တော့ ဘယ်မိန်းခလေးမှ မနှိုင်းယှဉ်သေးပေ။ သူလေးဆိုတာ ဂျပန်စီးပွားရေး လုပ်ငန်းရှင်ကြီးရဲ့ သူဌေးသမီးလေး ယူမီကိုကို ပြောခြင်း ဖြစ်သည်။ သူလေး ကျွန်တော်ကို ဘော်ဒီကဒ်တွေနဲ့လွှတ်ပြီ ဘယ်လိုပဲ နှိပ်စက်နှိပ်စက် ကိုယ်ကတော့ မင်းလေးကို ချစ်နေတုန်းပါပဲ ကလေးလေးရယ်ဟု စိတ်ထဲမှ ရေရွှတ်လိုက်မိသည်။ ဟိုပန်းရောင် အကျီင်္ဝတ်တတ်တဲ့ သမိုင်းမေဂျာက နာဂါတိုဟု ခေါ်သော ငပိန်းအူကြောင်ကြားကြီးနဲ့ ကြိုက်သွားကတည်းက သူလေးကို ကျွန်တော် မေ့ပစ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ သို့သော်ဌါးလည်း ယနေ့ထိတိုင် မမေ့နိုင်ပဲ ကျွန်တော် အတွေးဖြင့် တမ်းတနေစဉ်၊

သူငယ်ချင်း ။        ။ အိဂျီ မင်းကို အရေးကြီးတာ ပြောစရာ ရှိလို့။ မြန်မြန်လာစမ်းပါ…


    ကျွန်တော် လက်မောင်းကို အတင်းဆွဲပြီ ကျောင်းခန်းထဲသို့ ဆွဲခေါ်လိုက်သည်။ ကျွန်တော်လည်း အရေးကြီးတယ်ဆိုတော့ စိတ်ဝင်စားသွားသည်။

ကျွန်တော် ။        ။ ပြောစရာရှိ မြန်မြန်ပြောစမ်းပါ…
သူငယ်ချင်း ။    ။ မင်းအတွက် သတင်းကောင်းလား၊ သတင်းဆိုးလားတော့ မသိဘူးကွ…
တခြားတစ်ယောက်။     ။ မင်းကလည်း အိဂျီက သိချင်နေပြီ၊ လေက ရှည်နေသေးတယ်။ တော်ပြီ ငါပဲ ပြောမယ်။ အိဂျီ မင်းကောင်မလေး ခုငါတို့ မေဂျာမှာ ဒီနေ့ စတက်တယ်ကွ…
ကျွန်တော် ။    ။ ဘာ ယူမီကို၊ ကလေးလေး ငါတို့ မေဂျာမှာ။ ငါအချီကြီးမိပြီကွ။ ဒါနဲ့နေပါအုန်း မင်းတို့က ဘယ်လိုသိလားတာလဲ…
သူငယ်ချင်း ။    ။ ယူမီကို အလှကြောင့် သူကျောင်းစတက်တာနဲ့ အားလုံးသိပြီနေပြီ၊ မင်းသာ မသိသေးတာ…

    ကျွန်တော် ကလေးလေး ယူမီကို ကျွန်တော်တို့ စီးပွားရေးမေဂျာမှာ အိုကျွန်တော် ဘာဆက်လုပ်ရမလဲ။ ကျွန်တော် သူလေးဆီကို သွားရမယ်၊

ကျွန်တော် ။        ။ ငါခုပဲ ယူမီကိုဆီ သွားမယ်…
သူငယ်ချင်း ။    ။ နေပါအုန်း၊ သူက မင်းကို တချိန်လုံး ဗင်းဆော်နေတာကို သွားအုန်းမလို့လား…
ကျွန်တော် ။    ။ ငါက သူလေးကို ခွင့်လွှတ်ပြီသား…
တခြားတစ်ယောက် ။    ။ ယူမီကိုက ချစ်သူရသွားပြီဆို…
ကျွန်တော် ။    ။ ရည်စားရတာ၊ ယောကျာ်းရတာမှ မဟုတ်တာ။ ဒါလဲ ခွင့်လွှတ်တယ်…
   
ကျွန်တော့် သူငယ်ချင်းတွေ ၀ိုင်းတားတဲ့ ကြားမှ ယူမီကိုရေ ကိုယ်မင်းဆီ လာပြီဟေ့ဟု ကြုံးဝါးရင်း ယူမီကို အဆောင်အခန်းရှိရာသို့ အပြေးအလွှားသွားတော့သည်။ ယူမီကို အခန်းနားရောက်တော့ ကျွန်တော် အတွေးတွင် သူဘော်ဒီကဒ် ၂နှစ်ယောက်ကို သတိတစ်ချက် လှမ်းရလိုက်သည်နှင့် အရိပ်အကဲ ခတ်လိုက်တော့ ဘယ်သူမှမရှိပေ။ ထိုအချိန်တွင် ယူမီကို ကလေးလေး ကျောင်းခန်းထဲမှ တစ်ယောက်ထဲ အဆောင်စင်္ကြသို့ ထွက်လာသည်။ သူလေးကို မြင်လိုက်သည်နှင့် ကျွန်တော် စိတ်တွေ ဘယ်လိုမှ ထိန်းမချုပ်နိုင်တော့ပဲ၊

ကျွန်တော် ။        ။ ယူမီကို၊ ကလေးလေး ကိုယ်လာပြီဟေ့…

    ခုန်ပေါက်ပြေးလွှားကာ ယူမီကို လှည့်အကြည့်တွင် မျက်လုံးစုံမှိတ်၍ အားရပါးရ ပြေးဖက်လိုက်တော့သည်။ ငါတော့ သူလေးကို ဖက်ခွင့်ရပြီဟ ၀မ်းသာအားရ မျက်လုံးဖွင့်ကြည့် လိုက်ရာ၊

ကျွန်တော် ။        ။ အားအားအား၊ ဟိုဘော်ဒီကဒ်ကြီး…
    ကျွန်တော် ယူမီကိုကို ဖက်မိတာမဟုတ်ပဲ၊ သူ့ဘော်ဒီကဒ်ကိုမှ ဖက်မိရဲ့သား ဖြစ်သွား၍၊

ကျွန်တော် ။        ။ ဟီးဟီးဟီး၊ အကိုကြီးတို့ နေကောင်းတယ်နော်…
ဘော်ဒီကဒ် ၂ ။        ။ ဘြော် ဘယ်သူများလဲလို့၊ မိတ်ဆွေဟောင်းကြီးပဲကိုး…

    ဟုပြောကာ ကျွန်တော်ကို အသေသတ်ရန် ပြေးအလိုက် ကျွန်တော် ခွေးပြေး ၀က်ပြေးပြေးရ ပြန်တော့သည်။
ဆက်ရန်...


------------------------------------------

2 comments:

  1. ။ ယူမီကို၊ ကလေးလေး ကိုယ်လာပြီဟေ့…
    ဟုတ်တယ်..ကိုယ်လာပြီ..
    ဘာမှအားမငယ်နဲ့.:D:D

    ReplyDelete
  2. မေပယ်လ်က တော်တော်နောက်တတ်တာပဲ.. :P

    ReplyDelete