ယာကူဇာချစ်သူ-၂ (အခန်း-၂ (မာဖီယာ))
တက္ကသိုလ်အ၀တွင် ကားကို ထိုးရပ်လျှက် ကျွန်တော်ရဲ့ ကြီးမားလှသော မှန်ကြီးကို အကျီင်္ထဲမှ ထုတ်၍ ဆံပင်ကေကို အကျော့စားပြင်နေသည်။ မှန်ထဲမှာတော့ ငါတယ်လည်း ချောသားပဲ၊ ဘာလို့ ယူမီကိုက ကျွန်တော်ကို ရုပ်ဆိုးတယ် ပြောသည်ကို စဉ်းစားမရဖြစ်နေသည်။ ကျွန်တော် ဘေးဘယ်ကို အကဲခတ်လိုက်ပြီ အကျီင်္ထဲမှ ရေမွှေးထုတ်၍ တကိုယ်လုံး မွှေးကြိုင်သွားအောင် ဖြန်းပစ်လိုက်သည်။ ရေမွှေးအစွတ်လွန်းသွားပြီ၊
ကျွန်တော် ။ ။ ဟွတ်ဟွတ်ဟွတ်…
မွှန်းပြီ ချောင်းတောင် ဆိုးသွားသည်။ ဒီလောက် ဆိုရင် လုံလောက်ပါပြီတွေး၍ ယူမီကို၊ သဲလေးကို ရပ်စောင့်နေရင်း ယူမီကို ယာကူဇာအရူးထတဲ့ အချိန်လေးကို ပြန်တွေးပြီ ရယ်လိုက်မိသည်။ ခုထိလည်း ယူမီကိုက ယာကူဇာဝင်ဖို့ ဇွဲမလျှော့သေးပဲ လေထွားကာ သူကိုယ်တိုင်ပင် ဂိုဏ်းထောင်တော့ မလို အမြဲပြောတတ်သည့် သူကို ကျွန်တော် ဟားတိုက် ရယ်နေမိသည်။ ပြောရင်းနဲ့ ယာကူဇာအရူးမလေး၊ မှားလို့၊ သဲလေး ထွက်လာပြီ၊
ကျွန်တော် ။ ။ ဟေ့ သဲလေး၊ ကိုယ်ဒီမှာ…
ကျွန်တော် လက်ပြ နှုတ်ဆက်လိုက်သည်။ သို့သော် ယူမီကို ကျွန်တော်မြင်ရော မပျော်သွားသည့် အပြင် မျက်နှာ တချက်ပျက် သွားသေးသည်။ အင်း ငါကိုတော့ ဂရုမစိုက်ပဲ ဘေးက ဘဲချောချောတစ်ကောင်နဲ့ ပြုံးရွှင်ပြီ စကားပြောနေပုံများ။ အေး ယူမီကို၊ မင်းမှတ်သွားအောင် ငါလုပ်ပြမယ်ဟု ကြိမ်းဝါးရင်း ယူမီကိုလက်ကို အားဖြင့် အတင်းဆုပ်ကိုင်လိုက်ပြီ၊
ကျွန်တော် ။ ။ လာခဲ့စမ်း။ ငါမင်းကို တခြားယောကျာ်းလေးနဲ့ အရောဝင်တာ မကြိုက်ဘူးလို့ မမှာထားဘူးလား…
ယူမီကို ။ ။ အထင်လွှဲနေပြီ၊ သူက ဂင်တဲ့ မိတ်ဆက်…
ကျွန်တော် လေသံမာမာဖြင့်၊
ကျွန်တော် ။ ။ တိတ်စမ်း…
ယူမီကို လက်ကို အတင်းစောင့်ဆွဲပြီ ဂင်ဆိုတဲ့ ကောင်ကို မိုက်ကြည့်ကြည့်၍ ကားရှိရာသို့ ထွက်လာခဲ့သည်။ ကားနားရောက်တော့ ယူမီကို မသိအောင် ကျွန်တော် တစ်ချက်ခိုးရယ်လိုက်ပြီ၊ ဟီးဟီး ယူမီကိုကို သူများတွေရှေ့မှာ အာဏာပြလိုက်ရတာ အရသာရှိလိုက်တာနော်။
ကျွန်တော် ။ ။ ကားထဲ မြန်မြန်ဝင်စမ်း…
ကျွန်တော်လည်း ကားထဲဝင်လိုက်သည်နှင့် ယူမီကိုရဲ့ လက်သီးသိုင်းကွက်ကို မရှောင်တိမ်းနိုင်ပဲ နှာခေါင်းမှ သွေးများထွက်လာသည်။
ကျွန်တော် ။ ။ မင်းငါကို ဘာလို့ ထိုးတာလဲ…
ယူမီကို ။ ။ ရှင်ကျွန်မကို လူရှေ့မှာ အရှက်ခွဲချင်အုန်း…
ကျွန်တော် ။ ။ အေးဒါဆိုလည်း ပြီရော၊ ဟိုကောင်ကို ငါပြန်သွားထိုး မယ်ကွ…
ဟီးဟီး ကျွန်တော် အစွမ်းကို သိသော ယူမီကိုက အရမ်းကို သွေးပျက်သွားသော မျက်နှာကြီးဖြင့်၊
ယူမီကို ။ ။ သွားမလုပ်ပါနဲ့…
ယူမီကိုကို ဟန်လုပ်ပြီ တမင်ခြောက်လိုက်တာကို တကယ်မှတ်ပြီ ယူမီကိုက အတင်းတောင်းပန်မှ ကားမောင်း၍ ထွက်လာသည်။ ပြန်ရာ တစ်လမ်းလုံး ယူမီကို၊ သဲလေး စူပုပ်နေတဲ့ မျက်နှာလေးကို ကြည့်လိုက်၊ သဘောကျလိုက်ဖြင့် မောင်းလာခဲ့သည်။
ယူမီကို ။ ။ အိမ်ပဲ မောင်းနော်၊ တခြားဘယ်မှ လျှောက်မ၀င်နေနဲ့…
ကျွန်တော် ခုတစ်လော ဘိုင်ပျက်နေသဖြင့်၊
ကျွန်တော် ။ ။ အိမ်ပြန်ချင်ရင် ဆတ်ကြေးသွားတောင်းပြီမှ ပြန်ရမယ်…
ယူမီကိုက ဒေါသထွက်သော ပုံဖြင့်၊
ယူမီကို ။ ။ ဘာ၊ ရှင်က နဂါးနီဂိုဏ်းက တိုမိုယာ ဆိုတာ သိပြီသွားပြီ၊ လိမ်နေလည်း အပိုပဲ…
ကျွန်တော် အကြောင်း ယူမီကို အားလုံး သိကုန်တာ ဆိုးတယ်ဗျာ။ ခုဆို အရင်ကလို လိမ်ပြီ ဆတ်ကြေးလည်း တောင်းခိုင်းလို့လဲမရ။
ကျွန်တော် ။ ။ ဒါဆို အရင်ကလို ယာကူဇာဖြစ်အောင် သင်ခန်းစာသင်ပေးမယ်လေ။ ဒါပေမယ့် နာရီနဲ့တော့ ငွေပေးရမှာနော်…
ယူမီကို ။ ။ ဒီတစ်ခါတော့ ရှင်ကို အသေသတ်မယ်…
ယူမီကို ထုရိုက်သဖြင့် ကျွန်တော် ကားမောင်း၍ ဟိုဘက်ယိမ်းလိုက်၊ ဒီဘက်ယိမ်းလိုက် ဖြစ်နေတော့သည်။
ကျွန်တော် ။ ။ စိတ်ကြီးပဲ။ နောက်တာပါဗျ…
ကျွန်တော် ယူမီကို၊ သဲလေးနှင့် ချစ်သူ ဖြစ်ပြီကတည်းက သူ့ကျွေးသမျှ မုန့်တွေကိုပင် စားခဲ့ရသည်။ ကျွန်တော်လည်း သဲလေးကို တခါတလေ မုန့်ဝယ်ကျွေးချင် သေးသည်။ ကျွန်တော် အကြံရပြီ၊ ယူမီကို အိမ်ပြန်ပို့ပြီရင် ယာကူဇာတွေရဲ့ ကြီးကျယ် ခမ်းနားတဲ့ ပြိုင်ပွဲသွား၍ ငွေရှာရန်ဖြစ်သည်။ ပြိုင်ပွဲမှာ နိုင်မှာ သေချာ၍၊
ကျွန်တော် ။ ။ ဟေ့ဟေ့၊ မနက်ဖြန် အိမ်က မုန့်ဖိုးတောင်း မလာနဲ့၊ ငါလိုက်ဝယ်ကျွေးမယ်…
ယူမီကို ။ ။ ထူးထူးဆန်းဆန်းပါ့လား၊ ဒါနဲ့ ရှင်က ယာကူဇာဂိုဏ်းချုပ်သား လည်းပြောသေးတယ်။ ဘာလို့ ဘိုင်အမြဲပျက်ပြီ ကားကလည်း စုတ်ရတာလဲ…
ကျွန်တော် ခေါင်းကို ကုတ်လျှက်၊
ကျွန်တော် ။ ။ ဟီးဟီး ဒါတောင် ဒီကားက သူငယ်ချင်းဆီက ခဏဌါးလာတာ…
ယူမီကိုက ကျွန်တော်ကို စိတ်ပျက်တဲ့ အကြည့်ဖြင့် ကြည့််၍ ပြန်လှည့်သွားသည်။ ယူမီကို အိမ်သို့ ကျွန်တော်တို့ ရောက်လာသည်။ ဒယ်ဒီက ကျွန်တော်ပါလာမှန်းလည်း သိရော အိမ်ထဲမှ အမြန်ပြေးထွက်လာပြီ၊
ဒယ်ဒီ ။ ။ နာဂါတို သား…
ကျွန်တော် ။ ။ ဒယ်ဒီ…
ဒယ်ဒီ ။ ။ သား…
ယူမီကို ကျွန်တော်နဲ့ ဒယ်ဒီတို့ နှစ်ယောက်ကို မျက်စိနှောက်လာပြီ၊
ယူမီကို ။ ။ တော်ကြစမ်း။ ယောကျာ်းချင်း ရှက်စရာ…
ဒယ်ဒီ ။ ။ ယူမီကို ဘာမှ မသိပဲ လျှောက်ပြောမနေစမ်းနဲ့…
ဒယ်ဒီက ကျွန်တော်ကို မျက်စပစ်ပြ၍၊
ဒယ်ဒီ ။ ။ နာဂါတို ဒယ်ဒီပြောထားတာလေ…
ကျွန်တော် ။ ။ ကျွန်တော် ဒီနေ့ပဲ လုပ်ခဲ့ပါတယ်…
ဒယ်ဒီ ။ ။ ဟားဟား အေးကွ မင်းတော်တယ်။ ဒါနဲ့ ဘယ်တော့လဲ မြန်မြန်လေးနော်…
ကျွန်တော် ။ ။ စိတ်ချပါ ဒယ်ဒီရဲ့၊ မနက်ဖြန် ရပြီ…
ဒယ်ဒီက ကျွန်တော် ပခုံးကို ပုတ်လိုက်ပြီ၊
ဒယ်ဒီ ။ ။ ဒါမှပေါ့ကွ၊ ဟားဟားဟား…
ကျွန်တော်နှင့် ဒယ်ဒီ စကားတွေကို ယူမီကိုက တစ်ခွန်းမှ နားမလည်စွာဖြင့် ခေါင်းခါလျှက်၊
ယူမီကို ။ ။ ဒယ်ဒီ၊ သမီး မသိအောင် တခုခုများ ကြံနေတာလား…
ဒယ်ဒီက အလိမ်ပေါ်လို့ ဖြစ်သွားတဲ့ ရုပ်ကြီးနဲ့၊
ဒယ်ဒီ ။ ။ အာ မဟုတ်ပါဘူး…
မနက်ဖြန်ကျရင် ယူမီကို အရမ်းအံ့အားသင့်သွားမည့် အကြောင်းအရာ တစ်ခု ရှိသေးသည်။
ကျွန်တော် ။ ။ သိချင်ရင် မနက်ဖြန်ထိ စောင့်ပေါ့…
ဟု စိတ်ထဲမှာ ကလိကလိ ဖြစ်အောင် တမင် ပြောခဲ့ပြီ ယူမီကိုတို့ အိမ်မှ ထွက်လာခဲ့သည်။ ယာကူဇာတွေရဲ့ ကြီးကျယ် ခမ်းနားသော အစွမ်းကို ပြသရန်အတွက် ကြောင်နဲ့ကြွက် ယာကူဇာဂိုဏ်း၏ ပြိုင်ပွဲသို့ သွားရောက်ရန်ဖြစ်သည်။ ကြောင်နဲ့ကြွက် ယာကူဇာဂိုဏ်းက ကျွန်တော်တို့ နဂါးနီဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ထားတာမို့ ကျွန်တော် ဘော်ဒါ၊ မိတ်ဆွေတွေ တော်တော်များသည်။ ပြိုင်ပွဲ ဂိုဒေါင် ရှေ့ရောက်သည်နှင့် ကားကို မလှမ်းမကမ်းမှာ ရပ်ပြီ လမ်းလျှောက် ၀င်သွားသည်။ ဂိုဒေါင်ထဲမှာ ကြောင်နဲ့ကြွက်ဂိုဏ်းသား အယောက် ၁၀၀ကျော်လောက် ပြိုင်ပွဲကို အားပေးနေကြသည်။ ကျွန်တော်ကို မြင်သည်နှင့်၊
ဂိုဏ်းသား ။ ။ ဟေ့ဟိုမှာ နဂါးနီဂိုဏ်းချုပ်သား တိုမိုယာ လာပြီကွ…
တခြား ။ ။ ဒါဆိုရင် ငါတို့ ဆက်မဆော့တော့ရင် ကောင်းမယ်…
ကျွန်တော်ကို တွေ့ရုံဖြင့် သွေးလန့်သွားကြသော သူတို့တွေကို ပိုခြောက်လန့်ချင်စိတ် ဖြစ်မိသည်နှင့်၊
ကျွန်တော် ။ ။ ဟေ့ကောင်တွေ ဒီမှာ တိုမိုယာ လာပြီကွ၊ မင်းတို့ အားလုံး ရှုံးဖို့သာ ပြင်ထား…
ဂိုဏ်းသား ။ ။ တော်ပြီ ခင်များပါရင် ကျွန်တော် မပါတော့ဘူး…
ကျွန်တော် ။ ။ ဟားဟား မင်းတို့က ငါကို သိပ်ကြောက်ကြတာကိုး။ ဒီနေ့ငါ ပါဝါကုန် သုံးဖို့ စဉ်းစားထားတာ၊ ထွက်ချင်သူတွေ ကြိုထွက်ထားကြဟေ့…
သူများဂိုဏ်းထဲသွားပြီ ကျွန်တော် သွားဗိုလ်ကျနေသည်။
ဂိုဏ်းသားများ ။ ။ တော်ပြီ ဒါဆို ငါတို့လည်း ထွက်တယ်…
တခြား ။ ။ ငါလည်း ထွက်မယ်…
နောက် ။ ။ ရှုံးမယ်တူတူ မပါတာမှ ကောင်းမယ်…
ခေါင်းဆောင် ။ ။ ဒါဆို ဘယ်သူမှ မပါတော့ဘူးဟေ့…
အင်း အဲဒီလိုတော့ မလုပ်ကြနဲ့လေ၊ ကျွန်တော် ပိုက်ဆံလိုလို့ လာခဲ့တာ။ ဘယ်သူမှ မကစားရင် သွားပြီပေါ့။ အာ မဖြစ်သေးပါဘူး သူတို့ကို ပြန်တောင်းပြန်မှပဲ၊
ကျွန်တော် ။ ။ ဒီလိုတော့ မလုပ်ကြနဲ့လေဗျာ။ ကျွန်တော်က ခင်များတို့နဲ့ ယှဉ်ပြိုင်ချင်လို့ လာခဲ့တာ။ ကစားပါနော်၊ ကစားပါနော်လို့…
ကျွန်တော်မှာ သူတို့ ပြန်ယှဉ်ပြိုင်အောင် မနည်း လိုက်တောင်းပြန်သော်လည်း ကျွန်တော်နဲ့ ပြိုင်ရင် ရှုံးမယ်မှန်းသိ၍ ဘယ်သူမှ လက်မခံကြပေ။ မတတ်နိုင်တဲ့ အဆုံး ကျွန်တော်ရဲ့ နောက်ဆုံး လက်နက်ကို အကျီင်္ထဲမှ ဆွဲထုတ်လိုက်ကာ၊
ကျွန်တော် ။ ။ ယာကူဇာမှန်ရင် ကြွက်ဖြူ ရှိရမယ်ကွ…
ဟုအော်ဟစ်၍ ကျွန်တော့်ရဲ့ မဟာကြွက်ဖြူလေးကို စားပွဲပေါ်သို့ တင်လိုက်သည်။ ကျွန်တော့် ကြွက်ဖြူ အစွမ်းကို သိသော ဂိုဏ်းသားအားလုံးက နောက်သို့ တချက်ဆုတ်သွားကြသည်။
ကျွန်တော် ။ ။ ငါ့ကြွက်ဖြူကို မင်းတို့ ကြောင်နဲ့ကြွက်ဂိုဏ်းက ကောင်တွေ ကြောက်ကြတယ် ဆိုတဲ့ သတင်းသာ အပြင်ကို ထွက်သွားရင် ဘယ်လောက် ရှက်ဖို့ ကောင်းမလဲ၊ မင်းတို့ မျက်နှာတွေကို အိုးမဲသုတ်ခံချင်လို့လား။ ဟမ်းဟမ်းဟမ်း…
ကျွန်တော်နဲ့ ယှဉ်ပြိုင်အောင် ကြွောင်နဲ့ကြွက် ဂိုဏ်းသားတွေကို တမင်ဆွပေးလိုက်သည်။ ဒါမှ ကျွန်တော် သူတို့ကိုနိုင်ပြီ ပိုက်ဆံရမှာကိုးဗျ။ ကြွက်ဖြူ ကစားနည်းကတော့ ဒီလိုဗျ၊ ယာကူဇာတွေ အလေ့အထအရ ကြွက်ဖြူတွေကို ၀န်ကမ္ဘာထဲထည့်လိုက်ပြီ ထွက်ပေါက်မှ ပထမဆုံး ထွက်နိုင်တဲ့ ကြွက်ဖြူက အနိုင်ရမှာ ဖြစ်ပါတယ်။ ဥာဏ်အကောင်းဆုံး ကြွက်ဖြူက ဒီဝန်ကမ္ဘာက အရင်ဆုံးထွက်နိုင်ဆိုတော့ ကျွန်တော့် ကြွက်ဖြူက နိုင်မှာ သေချာနေပြီ။ ကျွန်တော့် ကြွက်ဖြူရဲ့ မျိုးဆက်က ဘယ်လောက် ကြီးကျယ် ခမ်းနားလည်း ဆိုလျှင် ကျွန်တော့် အဘိုးက ပေးလို့ ကျွန်တော့် အဖေရတယ်၊ ကျွန်တော့် အဖေပေးလို့ ကျွန်တော်က ရတယ်။ ဒီလို မျိုးရိုးအဆင့်အဆင့် လက်ဆင့်ကမ်းလာတဲ့ ဥာဏ်ကြီးရှင် ကြွက်ဖြူလေးပါ။
ဂိုဏ်းချုပ် ။ ။ ဒီမှာ တိုမိုယာ၊ မင်းအစော်ကားတော့ ငါတို့ဂိုဏ်း မခံနိုင်ဘူးကွ။ ဟေ့ကောင်တွေ ဒီပြိုင်ပွဲမှာ ၀င်မလောင်းတဲ့ အကောင် ငါကိုယ်တိုင် သတ်ပစ်မယ်…
ကြောင်နဲ့ကြွက် ဂိုဏ်းသားတွေ တစ်ယောက်မှ မပါရဲအောင် ကြောက်လန့်၍ သူပါမယ်၊ ငါပါမယ် အလုအယှက် ပြောကြသည်။ ကြောင်နဲ့ကြွက်ဂိုဏ်းချုပ်က တိုက်ရည်ခိုက်ရည်မှာ တော်တော် ထူးချွန်သည်ဟု နံမည်ကြီးသော ယာကူဇာဂိုဏ်းချုပ် တစ်ဦးဖြစ်သည်။ ကျွန်တော်တို့ရဲ့ ယာကူဇာကြွက်ဖြူ ပြိုင်ပွဲ စကြ၊
ဂိုဏ်းသား ။ ။ ပြိုင်ပွဲ စပြီ၊ ၁၊ ၂၊ ၃၊ လွှတ်…
လွှတ်ဆိုသည်နှင့် အားလုံးရဲ့ ကြွက်ဖြူတွေကို အသီးသီးလွှတ်လိုက်ကြသည်။ ဂိုဏ်းသား အားလုံးကလည်း ရုတ်ရုတ်သဲသဲဖြင့်၊
ဂိုဏ်းသား ။ ။ ဟေ့ကောင် ဟိုမှာ အပေါက် မမြင်ဘူးလားကွ၊ ငတုံးရ…
နောက် ။ ။ တော်တယ် ငါ့ကောင်။ ဟေ့မင်း လမ်းမှားနေပြီ၊ ဒီဘက်မှာ…
တခြား ။ ။ စောင့်သုံးမကျတဲ့ ကောင်။ မင်းဝန်ကမ္ဘာထဲက ပြန်မထွက်နိုင်ရင် ကြွက်ဖြူကနေ ကြွက်ကင်ဖြစ်မယ်…
ကျွန်တော်ကတော့ သူတို့လို စိတ်မလှုပ်ရှားနေပဲ ခပ်ပြုံးပြုံးဖြင့် ပိုက်ဆံတွေ ထိုင်ကောက်ရန် ကြွက်ဖြူတွေ ထွက်ပေါက်တွင် ထိုင်စောင့်နေသည်။ နောက် ၅မိနစ်လောက် ကြာတော့ ကျွန်တော် ကြွက်ဖြူ အရင်ဦးဆုံး ပြေးးထွက်လာ၍၊
ကျွန်တော် ။ ။ တွေ့တယ် မလား၊ တွေ့တယ် မလား၊ ငါ့ကြွက်ဖြူ နိုင်ပြီ၊ ငါ့ကြွက်ဖြူ နိုင်ပြီ…
တပတ်လည်အောင် ကျွန်တော် ကလိုက်ပြီ လောင်းကြေးနိုင်တဲ့ ပိုက်ဆံတွေ အားလုံး လိုက်ကောက်တော့သည်။ ကြောင်နဲ့ ကြွက် ဂိုဏ်းသား အားလုံးက မပေးချင်၊ ပေးချင်ဖြင့် ပိုက်ဆံများကို စားပွဲပေါ်ပစ်တင်သွားကြသည်။ ကျွန်တော် အရမ်းပျော်ရွှင်စွာ ပိုက်ဆံတွေ အားလုံး ကျုံးရှုံးကောက်နေစဉ် ၀ီခနဲလျင်မြန်သောလေသံနှင့် အတူ လူအားလုံး ရှုတ်ရှုတ်သဲသဲ ဖြစ်သွားကြသည်။
ဂိုဏ်းသားများ ။ ။ ရန်သူလာပြီဟေ့၊ ရန်သူလာပြီဟေ့…
အားလုံး ရှုတ်ရင်းစံခတ် ဖြစ်ကုန်ကြသည်။ ကျွန်တော်လည်း သူတို့ကို ဂရုမစိုက်နိုင်ပဲ ကျွန်တော် လောင်းကြေးနိုင်၍ ရသော ငွေများကိုသာ စုပြုံ သိမ်းကျုံးတော့သည်။ သေနတ်ကျည်းဆံတွေ၊ တုတ်တွေ၊ ဓားတွေ ကျွန်တော်ဘေးက မထိရုံ တမယ်ဖြတ်၍ လေပေါ်မှာ ၀ဲနေကြသည်။ ကြာကြာနေရင်း အသက်အန္တာရာယ် ရှိတာမို့ စားပွဲအောက်သို့ ၀င်ပုန်းလိုက်သည်။ စားပွဲအောက်တွင် ကျွန်တော်နှင့် တူတူပုန်းနေသော ဂိုဏ်းသားအား၊
ကျွန်တော် ။ ။ မင်းတို့ ကြောင်နဲ့ကြွက်ဂိုဏ်း အစမ်းလေ့ကျင့်နေတာလား…
ဂိုဏ်းသား ။ ။ ဘယ်က ဟုတ်ရမှာလဲ။ ခင်များမသိဘူးလား၊ အဲဒါ ယာကူဇာတွေထဲမှာ ကြောက်စရာ အကောင်းဆုံးကောင် ယာကူဇာစလေရာ။ သူကို လူလို့တောင် ပြောလို့ မရဘူး၊ မကောင်းဆိုးဝါးလို့ ပြောရင် ပိုမှန်မယ်…
ကျွန်တော် အာမေဋိတ် အသံဖြင့်၊
ကျွန်တော် ။ ။ ဘာ ယာကူဇာစလေရာ…
ယာကူဇာစလေရာ နံမည်ကို ကြားလိုက်သည်နှင့် ကျွန်တော် မျက်ခုံး တစ်ချက် လှုပ်သွားမိသည်။ ယာကူဇာစလေရာ နံမည်ကို ကျွန်တော့်တို့ ယာကူဇာတွေ ထဲမှာ မကြားဖူးတဲ့သူ မရှိသလောက်ပေ။ ယာကူဇာစလေရာမှာ ယာကူဇာတွေ အသတ်ချွေသော ပုဂိုလ်လို့ ပြောလျှင်လည်း ပိုမှန်လိမ့်မည်။ ယာကူဇာစလေရာ အကျင့်အရ သူ့တစ်ယောက်ထဲပဲ လှုပ်ရှားတတ်သည်။ သူကို မြင်ဖူးတဲ့သူ မှန်သမျှ အသက်ရှင်ခွင့် မရတာမို့ သူဘယ်သူလဲ ဆိုတာကို မသိကြချေ၊ ယာကူဇာတွေထဲမှာ အတော်ဆုံး နှင့် ကြောက်စရာ အကောင်းဆုံး ပုဂိုလ်ဖြစ်သည်မို့ တင်စားပြီ အားလုံးက သူကို ယာကူဇာစလေရာဟု ခေါ်ကြသည်။
မနှစ်က မြွေနီးဂိုဏ်းတစ်ဂိုဏ်းလုံးကို သူတစ်ယောက်ထဲဖြင့် ၀င်ဖြိုပြီ ကတည်းက ယာကူဇာစလေရာဆိုလျှင် လူတိုင်း အရမ်းကို တုန်လှုပ်အောင် ကြောက်ကြသည်။ ကျွန်တော်လည်း ယာကူဇာစလေရာ ဆိုတာ သူများတွေ ပြောသလို မကောင်းဆိုးဝါးပဲလား သိချင်စိတ်ဖြင့် စားပွဲအောက် အပေါက်မှ ချောင်းကြည့်လိုက်သည်။ ယာကူဇာစလေရာက နင်ကြာဝတ်စုံပုံစံ မျက်နှာကို သေချာဖုန်းအုပ်ထားပြီ ဂိုဏ်းသား အယောက် ၂၀လောက်ကို သူတချက်ချရုံဖြင့် လှဲကျသွားကြသည်။ ကျွန်တော်စိတ်ထဲ ဒီလူက လူမဟုတ်တာတော့ သေချာနေပြီ ဆိုတာပင်၊
ဂိုဏ်းသားများ ။ ။ ဂိုဏ်းချုပ်ကို ကာကွယ်ကြ။ ယာကူဇာစလေရာကို လုံးဝမလွှတ်စေနဲ့။ ယားယားယား…
ဂိုဏ်းသားများနှင့် ယာကူဇာစလေရာတို့ တိုက်ခိုက်သံများ ပိုမိုပြင်းထန်လာသည်။ ကျွန်တော်ဘေးတွင် လာပုန်းနေသော ဂိုဏ်းသားကို သတိရသွား၍၊
ကျွန်တော် ။ ။ နေပါအုန်း၊ မင်း ဂိုဏ်းချုပ်ကို မကာကွယ်ပဲ ဘာလို့ စားပွဲအောက်မှာ လာပုန်းနေရတာလဲ…
ဂိုဏ်းသား ။ ။ အာ၊ ကျွန်တော်က ဒီကြောင်နဲ့ကြွက်ဂိုဏ်းဝင်တာ ၅ရက်တောင် မပြည့်သေးဘူး။ သူတို့အတွက်နဲ့ အသက်စမတေးနိုင်ပါဘူး။ ခင်များလည်း ဘာထူးလို့လဲ နဂါးနီဂိုဏ်းနဲ့ ကြောင်နဲ့ကြွက်ဂိုဏ်းက မဟာမိတ်ပြောပြီ ဘာလို့ ပုန်းနေသေးလဲ…
ကျွန်တော် ။ ။ မင်းလို ဂိုဏ်းသားတောင် ၀င်မပါရင်၊ ငါက ပိုလို့တောင် ဝေးသေးတယ်။ တော်ပြီ ငါ Cashier နားပဲ သွားတော့မယ်…
ဟီးဟီး ဘယ်သူမှ အာရုံမစိုက်နိုင်တုန်းလေ၊ Cashier ထဲမှငွေများကို ကျွန်တော် မျက်စောင်းကျသွားသည်နှင့် Cashier ရှိရာသို့ တိတ်တိတ်လေး ထွက်လာခဲ့သည်။ အရေးထဲ Cashier ကလဲသော့ခတ် ထားသေးသည်ဟု တွေး၍ ကျွန်တော် အကျီင်္ထဲမှ သော့ဖောက်စက် ထုတ်လိုက်စဉ် ကျွန်တော် ဆံပင်ထိပ်ဖျားလေး အေးခနဲ ဖြစ်သွား၍ မော့ကြည့်လိုက်မိသည်။ ယာကူဇာစလေရာ၏ဓား ကျွန်တော် ဆံပင်ပေါ်က ဖြတ်၍ ကြောင်နဲ့ကြွက်ဂိုဏ်းချုပ် လည်ပင်းကို တီခနဲမြည်အောင် ဖြတ်ချလိုက်သည်။ ကျွန်တော်လန့်၍ ကြမ်းပြင်ပေါ်သို့ ထိုင်ချရက်သား ဖြစ်သွားတော့သည်။ မိနစ်အနည်းငယ်ကြာ ကျွန်တော် ကြောင်၍ ကြည့်နေမိတော့သည်။
ဂိုဏ်းသားများ ။ ။ အား၊ ဂိုဏ်းချုပ်ကို သတ်သွားပြီ၊ ဒီကောင်ကို အသေသတ်…
ကြောင်နဲ့ကြွက် ဂိုဏ်းသားတွေ ဆူညံပွက်လောရိုက်သံ များကိုပင် မကြားနိုင်တော့ပေ။ ကျွန်တော် သတိတစ်ချက်ကပ်သွားပြီ အလကား အချောင်တော့ အသေမခံနိုင်ဘူး တွေးပြီ Emergency ထွက်ပေါက်ကို မြင်သွား၍ ဘယ်သူမှ သတိမထားမိခင် Emergency ထွက်ပေါက်မှ ထွက်၍ ပြေးတော့သည်။ ကံဆိုးချင်တော့ ဒီထွက်ပေါက်သည် အပိတ်ကြီး ဖြစ်နေ၍ ခုပဲဂိုဒေါင်ထဲ ပြန်ဝင်ရတော့မလိုလို ဖြစ်လာသည်။ ထွက်ပြေးလို့လဲ မရ၊ ပြန်ဝင်လို့လဲ မရတဲ့ အဆုံး ကျွန်တော် တံခါးကို အသာလေး လှပ်လျှက် ချောင်းမြောင်းကြည့်နေမိသည်။
ယာကူဇာစလေရာကို ဂိုဏ်းသား အယောက် ၁၀၀ကျော်လောက် ၀ိုင်းရံထားလိုက်ကြသည်။ အယောက် ၁၀၀နှင့် တစ်ယောက် တိုက်ခိုက်ဖို့ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဟု စဉ်းစားနေစဉ် ယာကူဇာစလေရာ လေတစ်ချက် ချွန်လိုက်သည်နှင့် အင်မတန်မှကြီးမားလှသော အင်ဆေးရှင်းခွေးကြီး အကောင် ၂၀ယောက် အားကုန်ဟစ်၍ ပြေးဝင်လာကြပြီ ဂိုဏ်းသားများကို တိုက်ခိုက်တော့သည်။ ယာကူဇာစလေရာ၏ အစွမ်းနောက်တစ်ခုမှာ တိရစ္ဆာန်များကို စေခိုင်းနိုင်သော မုဆိုးစေတမန်လက်နက် ဖြစ်သည်။ သူ့နားကပ်မိသည့်သူတိုင်း ကိုယ်သေတွင်း ကိုယ်ရှာမိကဲ့သို့ အစိတ်စိတ်အမွှာမွှာဖြစ် သွားလေတော့သည်။ ကျွန်တော် တံတွေးတစ်ချက်မြိုချလိုက်မိသည်။
သူများအပြောနဲ့သာ ကြားဖူးသော်လည်း ကိုယ်တိုင်ကြုံလိုက်ရမှ ယာကူဇာစလေရာကို အရမ်းကို အထင်ကြီးမိပြီ အနည်းငယ် ထိတ်လန့်သွားမိသည်။ ရန်သူတွေ အားလုံးတစ်ယောက် မကျန်ကြမ်းပြင်ပေါ်တွင် ထိခိုက်ကာ လှဲကျနေစဉ် ယာကူဇာစလေရာက သူလွယ်ထားသော သေတ္တာတစ်ခုကို ဖြေချလိုက်ပြီ ခလုတ်ကိုနှိပ်လိုက်သည်နှင့်၊
သေတ္တာမြည်သံ ။ ။ တီ၊ တီ၊ တီတီတီတီတီတီ…
ဂိုဏ်းသားများ ။ ။ ဗုံးဟေ့ ပြေး...
ဒါဗုံးမြည်သံပဲဟု သိသည်နှင့် ကျွန်တော်လည်း အမြန်ထွက်ပြေးသော်လည်း ဗုံးကဖောက်ခွဲထွက်သွားပြီ ဗုံးမှ လွင့်စဉ်သော အပိုင်းအစများ ကျွန်တော်အပေါ်သို့ ဖြုံးလွှမ်းသွားတော့သည်။ ဂိုဏ်းသားများ အသက်ရှင် ကျန်ဖို့ နေသာသာ၊ ဂိုဒေါင် တစ်ခုလုံး မီးလောင်နေပြီ ရစရာ မရှိတော့ပေ။ ဟီးဟီး၊ တော်သေးတာပေါ့ ငါ သူတို့ငွေတွေယူလာ ပေလို့၊ မဟုတ်ရင် ခုလိုများ မီးလောင်တဲ့ အထဲပါသွားရင် ဘယ်လောက်တောင် တမျှောဖို့ ကောင်းလိုက် မလဲနော်ဟု တွေးလိုက်မိသေးသည်။
ယာကူဇာစလေရာက ကျွန်တော် ၂ပေလောက် အနီးသို့ မီးလောင်ကြားမှ ထွက်လာသည်ကို မြင်လိုက်သည်နှင့် သိုးငယ်တစ်ကောင်လို အလွန် တိတ်ဆိတ်စွာ ငြိမ်သက် နေလိုက်သည်။ ယာကူဇာစလေရာ ဓားကိုင်သော လက်မောင်းဒဏ်ရာ ရထားပုံရပြီ သွေးတွေ တစ်လက်ဟော စီးကျနေသည်။ ကံကောင်းထောက်မစွာဖြင့် ယာကူဇာစလေရာက တံခါးနောက်က ကျွန်တော်ကို လုံးဝ သတိပြုမိပုံ မပေါ်ပဲ ဓားကိုပစ်ချ၍ အုပ်ထားသော သူ့မျက်နှာဖုံးကို ဆွဲချွတ်ကာ ဒဏ်ရာရသော လက်တွင်စီးလိုက်သည်။ ဒီလောက်နီးနေရဲ့နဲ့ ယာကူဇာစလေရာ မျက်နှာကို အနောက်ကမို့ မမြင်ရတာ နာလိုက်တာ တွေးနေစဉ်။ ယာကူဇာစလေရာက သူ့ဓားကို ပြန်လှည့်အယူ သူ၏မျက်နှာကို ထင်ထင်ရှားရှားကြီးကို မြင်လိုက်ရ၍ အရမ်းကို ကြောက်မခန်း ထိတ်လန့်သွားသည်။
ဘာကြောင့်ဆိုသော် ယာကူဇာစလေရာ ဆိုသူသည် မနက်က တက္ကသိုလ်မှာ ယူမီကိုနှင့် စကားပြောနေသော ရုပ်ဖြောင့်ဖြောင့် ဂင်ဆိုသောသူ ဖြစ်နေသောကြောင့်ပင်။ ဂင်သာ တကယ် ယာကူဇာစလေရာ ဆိုရင် ကျွန်တော် ဘာဆက်လုပ်ရမလဲ။ သူနဲ့ ပြိုင်ပြီ ငါယူမီကိုကို ပြိုင်မလုတော့ဘူးဟေ့၊ လိုချင်ရင် ယူပါစေတော့ဟု ဟစ်ကျွေးလိုက်တော့သည်။
----------------------------------------------
ဒီအခန်း ဂွတ်ထ.. ကောင်းတယ် ၊ ဆက်ရေး.. :)
ReplyDeleteနောက်တစ်ခန်း ဒီနေ့ တင်ပေးပါ့မယ်... ကောင်းခန်း ဆက်မျှော်...
ReplyDelete